What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 25 January 2021 15:14

ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် အသက်(၁၈)နှစ် အထက် လူဦးရေစာရင်း ကောက်ယူမည်

ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် ရပ်ကွက်နှင့် ကျေးရွာများရှိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်း ကြိုတင်ကောက်ယူထားကြရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူးများသို့ ယမန်နေ့ညနေက ပုံစံများထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပုံစံတွင် အမည်၊ အဖအမည်၊ မွေးသက္ကရဇ်၊ ပြည့်ပြီးအသက်၊ ကျား/မ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ ဖုန်းနံပါတ်၊ မှတ်ချက်တို့ပါဝင်ပြီး မှတ်ချက်တွင် ဝန်ထမ်းများဖြစ်ပါက ဝန်ထမ်းဌာနအမည် ဦးစားပေးဖော်ပြကြရမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ရောဂါ ကာကွယ်ဆေးကို အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ထိုးနှံပေးသွားမည်ဖြစ်ရာ ရပ်ကွက် ရာအိမ်မှူးများက မိမိတို့နယ်မြေအတွင်း လူကျန်မရှိစေရေးအတွက် စနစ်တကျကောက်ယူ ပေးကြရန် နှိုးဆော်ထားကြောင်း သိရသည်။

Read times Last modified on Monday, 25 January 2021 15:17
Rate this item
(0 votes)