What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 30 July 2021 16:31

ကိုဗစ် Delta ကူးစက်မှု ဘီဂျင်းမြို့တော်သို့ ရောက်ရှိ

၂၀၂၀ အစောပိုင်းတွင်ကမ္ဘာ့ပထမဦးဆုံး ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှု ဝူဟံမြို့မှာ စတင်ဖြစ်ပွားပြီး တစ်ကမ္ဘာလုံး ပျံ့နှံ့ရောက်ရှိနေစဉ် တရုတ်နိုင်ငံသည် ကပ်ရောဂါကို ထိန်းချုပ်နှိမ်နင်းနိုင်ခဲ့သည့် အောင်မြင်မှုကို ဂုဏ်ယူခဲ့သည်။

ယခုရက်ပိုင်းတွင် coronavirus အစုလိုက်ကူးစက်မှုများ တရုတ်နိုင်ငံ နန်ဂျင်းမြို့တော်တွင် ဖြစ်ပွားခဲ့ရာမှ ပြည်နယ်ငါးခုသို့ ရောက်ရှိသွားခဲ့ပြီး နိုင်ငံမြို့တော် ဘီဂျင်းတွင်လည်း ရောက်ရှိနေပြီ ဖြစ်သည်။ အာဏာပိုင်တို့က ကူးစက်မှု ထိန်းချုပ်နိုင်ရန် ထောင်ချီသော မြို့နေသူများကို လော့ဒေါင်း ချထားလိုက်ပြီ ဖြစ်သည်။

ယခု ဖြစ်ပွားသော ကိုဗစ်ကူးစက်မှုသည် ကူးစက်မှု အင်မတန်မြန်ဆန်သည့် Delta ဗီဇမျိုးကွဲဖြစ်ပြီး ဂျင်းစုပြည်နယ် နန်းဂျင်းမြို့ လေဆိပ်မှ စတင်ပြန့်ပွားခဲ့ခြင်း ဖြစ်သည်။ Nanjing Lukou International Airport တွင် သန့်ရှင်းရေးဝန်ထမ်း ၉ ဦး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရာမှ ပိုက်စိပ်တိူက် ဆေးစစ်မှုများ ဆောင်ရွက်ခဲ့ရာ နန်ဂျင်းမြို့တော်တွင် ပြည်တွင်း ကူးစက်မှု စုစုပေါင်း ၁၈၄ ခု တွေ့ရှိထားပြီးပြီ ဖြစ်သည်။
တစ်နိုင်ငံလုံးအနေဖြင့် ကူးစက်ခံထားရသူ ၂၀၆ ဦး တွေ့ရှိထားပြီးပြီ ဖြစ်ပြီး နန်းဂျင်းမြို့တွင် ကူးစက်ခံထားရသည့် လူစုနှင့် ဆက်စပ်မှု ရှိသူများလည်း ပါဝင်သည်။ ထိုသူတို့တွင် ကိုဗစ်Delta ဗီဇမျိုးကွဲ ကူးစက်ခံထားရကြောင်း တာဝန်ရှိသူတို့က အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ သန့်ရှင်းရေးဝန်ထမ်းတို့သည် ရုရှားနိုင်ငံမှ ဆိုက်ရောက်လာသော လေကြောင်းခရီးစဉ် CA910 ကို ပျံသန်းခဲ့သည့် လေယာဉ်ကို သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသူများ ဖြစ်သည်။

ဂျန်းစုပြည်နယ်တွင် သောင်းချီသောလူဉီးရေကို လော့ဒေါင်းချထားလိုက်ပြီ ဖြစ်သည်။ မြို့နေလူဉီးရေ ၉.၂ သန်းကို ၂ ကြိမ်တိုင်တိုင် ပိုက်စိပ်တိုက် ဆေးစစ်ခဲ့ပြီးပြီ ဖြစ်သည်။

ဘီဂျင်းမြို့တော်တွင် ဖြစ်ပွားသည်မှာ ချန်ပင်းခရိုင်တွင် စတင်တွေ့ ရှိခဲ့သည်။ ပြည်တွင်းကူးစက်မှု နှစ်ခု တွေ့ရှိခဲ့သည်။ အိမ်ရာကိုးခုတို့တွင် နေထိုင်သော လူများ ၄၁,၀၀၀ ဦးကျော်ကို လော့ဒေါင်းချထားလိုက်ပြီ ဖြစ်သည်။

လေဆိပ်စီမံခန့်ခွဲမှုက လေယာဉ်သန့်ရှင်းရေး လုပ်ကိုင်ရာတွင် ပြည်တွင်းခရီးစဉ် ပျံသန်းသည့် လေယာဉ်များ သန့်ရှင်းရေးဆောင်ရွက်သည့် ဝန်ထမ်းများကို နိုင်ငံတကာခရီးစဉ် ပျံသန်းသည့် လေယာဉ်များတွင်လည်း လုပ်ကိုင်စေသည့်အတွက် ကူးစက်မှု ပိုဆိုးစေခဲ့သည်ဟု ဝေဖန်ထောက်ပြကြသည်။

နန်ဂျင်းမြို့တွင် အစောပိုင်း ကူးစက်ခံရသူများသည် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူများဖြစ်သည်။

Source: ndtv.com

Read times Last modified on Friday, 30 July 2021 16:35
Rate this item
(0 votes)