What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 August 2021 15:37

ဆေးမထိုးထားရင် အလုပ်ထွက် မူဝါဒ CNN တင်းကျပ်

CNN သတင်းမီဒီယာရဲ့ အကြီးအကဲ Jeff Zucker က သူ့ရဲ့ ဝန်ထမ်းတွေကို ဝန်ထမ်းသုံးဦးကို Covid-19 ကာကွယ်ဆေး မထိုးဘဲ အလုပ်ဆင်းလို့ အလုပ်ဖြုတ်လိုက်ကြောင်း အသိပေးပါတယ်။

ကုမ္ပဏီရဲ့ ရုံးတွေမှာ ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုတွေ မဖြစ်ပွားအောင် ကြိုးပမ်းအားထုတ်မှုတွေရဲ့ ခြေလှမ်းဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ထမ်းတွေထံ ပေးပို့တဲ့ အီးမေးလ်မှာ Mr. Zucker က အလုပ်ဖြုတ်ခံရတဲ့ ဝန်ထမ်းတွေဟာ ကုမ္ပဏီမှ ဂုဏ်ယူအလေးထားတဲ့စနစ်ကို ချိုးဖောက်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။ ဝန်ထမ်းတွေ ကာကွယ်ဆေး ထိုးထားကြရမှာဖြစ်ပြီး ထိုးထားကြောင့် အထောက်အထား စာရွက်စာမ်းကိုတော့ တင်ပြဖို့ မလိုဘူးလို့ သူက ဆိုပါတယ်။
“ကျွန်တော် ရှင်းအောင် ပြောခွင့်ပေးပါ။ ကျွန်တော်တို့မှာ ဒီကိစ္စအပေါ် လုံးဝသည်းမခံတဲ့ မူဝါဒ ရှိပါတယ်” လို့ သူက ပြောထားတယ်။ “ရုံးကို ခင်ဗျားတို့လာဖို့ ကာကွယ်ဆေး ထိုးထားရမယ်။ ကွင်းဆင်းလုပ်ကိုင်တဲ့အခါမှာလည်း ခင်ဗျားတို့ ကာကွယ်ဆေး ထိုးထားပြီးသား ဖြစ်ရမယ်။ တခြားဝန်ထမ်းတွေနဲ့အတူ လုပ်ကိုင်တာ ဖြစ်တယ်။ ရုံးထဲကို ဝင်လာသည် ဖြစ်စေ မဝင်လာသည်ဖြစ်စေ ဆေးထိုးပြီးသား ဖြစ်ရမယ်” လို့ သူက ဆိုပါတယ်။

CNN ရဲ့အဆောက်အဉီတွေထဲ ဝင်ဖို့အတွက်တော့ ဆေးထိုးပြီးကြောင်း အထောက်အထား ပြဖို့ ဝင်ခွင့်စိစစ်ရေး လုပ်ငန်းစဉ်မှာ အပိုင်းတစ်ခုအဖြစ် ထည့်သွင်းထားမယ်လို့ သူက အသိပေးပါတယ်။

Covid-19 ကာကွယ်ဆေးထိုးထားရင် ဆေးရုံတင်ရခြင်းနဲ့ သေဆုံးခြင်းကို ထိရောက်စွာ ကာကွယ်ပေးနိုင်စွမ်း မြင့်မားပါတယ်။ ပိုးမကူးပါဘူးလို့တော့ ရာနှုန်းပြည့် အာမခံချက် မရှိပါဘူး။

Source: theguardian.com

 

Read times
Rate this item
(0 votes)