What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 August 2021 18:57

တရုတ်ကုန်သည်များ အသင်းက Sinophram ကိုဗစ်ကာကွယ်ဆေး ထိုးရန် အုပ်စု (A)၊ (B)၊ (C) အဖြစ် သတ်မှတ်လုပ်ဆောင်သွားမည်

တရုတ်ကုန်သည်များ အသင်းက Sinophram ကိုဗစ်ကာကွယ်ဆေး ထိုးရန် အုပ်စု (A)၊ (B)၊ (C) အဖြစ် သတ်မှတ်လုပ်ဆောင်သွားမည်။

လတ်တလောကာလ အရှိန်အဟုန်နဲ့မြန်ဆန်စွာကူးစက်ပျံ့ပွားလျက်ရှိနေတဲ့ ကိုဗစ်၁၉ ကပ်ရောဂါကို ခုခံကာကွယ်ထိန်းချုပ်ရန်အတွက် သက်ဆိုင်ရာက ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ စီစဉ်ဆောင်ရွက်နေပြီး အများပြည်သူ ကျန်းမာရေး နှင့် ရောဂါကူးစက်ခံရမှု တို့ကို အထောက်အလျောက် လျော့ကျစေရေး၊ အကူးစက်ခံခဲ့ရလျှင်သော် ကိုယ်တွင်းခုခံအားပိုမိုရရှိစေ၍ ရောဂါလက္ခဏာများပြင်းထန်စွာခံစားရခြင်း နှင့် အသက်ဆုံးရှုံးမှုများလျော့နည်းစေရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးတွင် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် (MCCOC)၏ အစီအစဉ်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကာကွယ်ဆေးထိုးနှံလိုသည့် အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ ကိုဗစ် ၁၉ ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံရန်အတွက် မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ် (Myanmar Chinese Chamber of Commerce-MCCOC)အဖွဲ့အစည်းက ကာကွယ်ဆေးထိုးနှံခြင်းကို အုပ်စု (A)၊ အုပ်စု(B)၊ အုပ်စု(C) အဖြစ် သတ်မှတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

အုပ်စု (A) အတွက် ကျပ် ငါးသောင်း

အုပ်စု(B) အတွက် ကျပ်လေးသောင်းနှင့် 

အုပ်စု(C) အတွက် ကျပ်သုံးသောင်း သတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ကြေညာချက် အစအဆုံး ၈ မျက်နှာကို အောက်တွင် ဖော်ပြပေးထားပါသည်။ 

ရန်ကုန်မြို့ လသာမြို့နယ် ရွှေတိဂုံဘုရားလမ်းရှိ တရုတ်ကုန်သည်များအသင်း၏ ထုတ်ပြန်ချက်အရ ကာကွယ်ဆေး ရောက်ရှိလာပါက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင် ဆေးရုံတွင် ထိုးနှံပေးရန် စီစဉ်ထားပြီး ကာကွယ်ဆေး ၂ ကြိမ်အတွက် ငွေကျပ် ၅ သောင်း ကျသင့်မည် ဖြစ်ကြောင်း ကြေညာထားသည်။

အဆိုပါ Sinophram ကိုဗစ်ကာကွယ်ဆေးသည် တရုတ်ဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာ ၃၀ ( မြန်မာငွေ ၅ သောင်း ဝန်းကျင်) ဈေးပေါက်လျက်ရှိသည်။

တရုတ်နိုင်ငံထုတ် Sinophram ကိုဗစ်ကာကွယ်ဆေးမှာ ကမာ္ဘ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က အရေးပေါ် အခြေ အနေများအတွက် အသုံးပြုနိုင်ကြောင်း ထောက်ခံချက်ပေးထားသော ကာကွယ်ဆေးဖြစ်သည်။

မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ် ဦးဆောင်မှုဖြင့် ကိုဗစ်ကာကွယ်ဆေးကို မိမိဆန္ဒဖြင့် ဝယ်ယူတင်သွင်း ထိုးနှံ ရေးကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရထံမှ ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာရင်းပေးသွင်းထားသူများအနက် ကျသင့်ငွေ ပေးသွင်းပြီးသူများကို ထိုးနှံပေးသွားမည်ဖြစ်သည်။
ထိုကိစ္စနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များအား ထုတ်ပြန်ကြေညာပါသည်။

 

1.jpg

 

2.jpg

 

3.jpg

 

4.jpg

5.jpg

 

6.jpg

 

7.jpg

 

8.jpg

 

Read times Last modified on Wednesday, 11 August 2021 19:09
Rate this item
(0 votes)