What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 15 August 2021 08:38

ထိုင်းနိုင်ငံက COVID-19 နှာခေါင်းဖျန်း ကာကွယ်ဆေးများ လူဖြင့် စမ်းသပ်မည်

ကြွက်များတွင် စမ်းသပ်မှု အလားအလာကောင်းသော ရလဒ်များ ရရှိပြီးနောက် ထိုင်းနိုင်ငံက ယခုနှစ်ကုန်ပိုင်းတွင် နှာခေါင်းမှတစ်ဆင့်ဖျန်းရသော COVID-19 ကာကွယ်ဆေး နှစ်မျိုးကို လူသားဖြင့် စမ်းသပ်မှုများ စတင်ရန် စီစဉ်ထားကြောင်း ထိုင်းနိုင်ငံတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အက်ဒီနိုဗိုင်းရပ်စ်ဗစ်တာအခြေပြု နှင့် အင်ဖလူရမ်ဇာဗိုင်းရပ်ဗစ်တာ အခြေပြု COVID-19 ကာကွယ်ဆေးများအား ထိုင်းနိုင်ငံ မျိုးရိုးဗီဇပြုပြင်ဖန်တီးခြင်း နှင့် ဇီဝနည်းပညာဆိုင်ရာ အမျိုးသားစင်တာမှ ထုတ်လုပ်ခဲ့ကြောင်း စင်တာ လက်အောက်ရှိ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ဆန်းသစ်တီထွင်ခြင်း နှင့် စီမံခန့်ခွဲရေး သုတေသနအဖွဲ့၏ ညွှန် ကြားရေးမှူး Anan Jongkaewwattana က ပြောကြားခဲ့သည်။
ကြွက်များဖြင့် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် စင်တာက လူသားဖြင့် စမ်းသပ်မှုများ ပထမအဆင့်ကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ရန် စီစဉ်ခဲ့ကြောင်း ၊ ထိုင်းနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ထိန်းချုပ်ရေးဌာနမှ ခွင့်ပြုချက်ကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ စမ်းသပ်မှုများတွင် ကာကွယ်ဆေး၏ Delta မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုး တိုက်ဖျက်မှု ကာကွယ်ရေးကိုလည်း စမ်းသပ်သွားမည် ဖြစ်ကြောင်း ညွှန် ကြားရေးမှူး Anan Jongkaewwattana က ပြောကြားခဲ့ပြီး လူသားဖြင့် စမ်းသပ်မှုများ၏ ဒုတိယအဆင့်ကို ၂၀၂၂ ခုနှစ် မတ်လတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း နှင့် အကယ်၍ စမ်းသပ်မှုများ ကောင်းမွန်ပါက ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ဆေးပမာဏအမြောက်အမြား ထုတ်လုပ်မှုအတွက် ရည်မှန်းထားကြောင်း သိရသည်။

(Xinhua)

Read times Last modified on Sunday, 15 August 2021 08:43
Rate this item
(0 votes)