What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 22 April 2020 11:00

လေအေးပေးစက်ဖွင့်ထားသောအခန်းတွင်ကိုရိုနာရောဂါပို၍ပျံနှံ နိုင်

ဒီအချင်းအရာက ပြီးခဲ့တဲ့ ဇန်နဝါရီလ ဖြစ်ပွားခဲ့တာပါ။လေအေးပေးစက်ဖွင့်ထားတဲ့ စားသောက်ဆိုင်ထဲမှာကိုရိုနာရောဂါပိုးရှိသူ တစ်ဦးက ဝင်ထိုင်မိတဲ့ အခါမှာ ထိုစားသောက်ဆိုင်တွင် ထိုင်နေတဲ့ အခြား ရောဂါပိုးမရှိသူ ၉ ဦးကို ကူးစက်သွားတဲ့အဖြစ်မျိုးပါ။

 

ထိုစားသောက်ဆိုင်က တရုတ်ပြည် ဂေါင်ဇူးအရပ်မှ စားသောက်ဆိုင်ဖြစ်ပြီး ထိုဆိုင်မှာထိုင်ပြီးနောက် ရောဂါပိုးမရှိတဲ့ စားသောက်သူတွေက ဖျားနာလာတယ်သိရပါတယ်။ဒါပေမဲ့လည်း ထိုအဆောက်အအုံထဲမယ်ရှိတဲ့ အခြားစားသောက်သူ ၈၁ ယောက်ကတော့ ရောဂါပိုးမကူးပါဘူးတဲ့။

 

၎င်းတို့ အနေနဲ့ ကိုယ်ခံအားကောင်းတာ ဖြစ်ကောင်းဖြစ်နိုင်သလို လေအေးပေးစက်က လေ ရောက်ရှိပျံနှံမှု့နဲ့ လည်းဆိုင်ပါတယ်။ဗိုင်းရစ်က် က လေပို့အားကောင်းမှ အဆင်ပြေ မှာပါ။သို့ပေမဲ့ လေလာတွေ့ရှိချက်တွေအရတော့ သာမန်ထက်စာရင်လေအေးပေးစက်တက်ထားပါက ရောဂါပိုးပိုမိုလွယ်ကူစွာ အကွာဝေးတစ်ခုကို ရောက်နိုင်ပါသတဲ့။

 

ပြောရရင် ရောဂါပိုး ရှိသူက အစာစားတယ်ဆိုပါတော့ သူ့အနေနဲ့ နှာချေရင် ချေမယ် ပြီးလျှင် ချောင်းဆိုးရင် ဆိုးမယ်ရောဂါပိုးက အပြင်ကို ထွက်ပြီလေ ဒါကိုမှ အပြင်ကို ထွက် တဲ့ ရောဂါပိုးက အကွာအဝေးတစ်ခုကိုပဲ ခပ်တိုတိုကိုပဲ သွားနိုင်နေတယ်ဆိုပါတော့ လေအေးပေးစက်ဆိုတာက လေကို တစ်ခန်းလုံး လှည့်လည်နေတာပါ ဒါကြောင့် ရောဂါပိုးက ထိုလေနဲ့ အလိုက်သင့် လိုက်ပါသွားတယ်သိရပါတယ်။

 

ထိုရောဂါပိုးရှိလူကသူ့တဲ့ မိသားစုနဲ့ ဝူဟန်က နေ ဂေါင်ဇူး ကို လာတာဖြစ်ပြီး အဆိုပါစားသောက်ဆိုင်ရှိလေအေးပေးစက် အခန်းထဲတွင် ဝင်ထိုင်စားသောက်ခဲ့တာပါ ထိုအချိန်တွေက ကိုရိုနာရောဂါက ဖြစ်ကာစ ဖြစ်တဲ့ အချိန်တွေဖြစ်သလို ဆိုင်တွေမပိတ်ရသေးပါ Lockdown တွေမရှိပါ လူတွေ ရောဂါနဲ့ ပတ်သက် အကြောက်တရား နည်းပါးနေသေးချိန်ပေါ့။

 

ထိုစားသောက်ဆိုင်မှာ ၂ ပတ်ကြာပြီး တဲ့ အချိန်မှ ရောဂါ ပိုးရှိသူနဲ့ ထိုင်စားတဲ့ သူ့မိသားစု ဝင်ထဲက လူတစ်ချို့ရယ် ထို့အပြင် အခြား ထိုဆိုင်ထဲရှိ စားပွဲ နှစ်ခုမှ လူအများ အဖျားဝင်လာပါတော့တယ်။ထိုစားသောက်ဆိုင်မှာ ပြတင်းပေါက် မရှိပါဘူး အတော်လေးလည်း ခုံတွေက နီးကပ်တယ်။

 

အခုသိပ်မကြာခင်မှာ စားသောက်ဆိုင်များ ပြန်ဖွင့် ခွင့်ပြုပါက ထိုကဲ့သို့ ကိစ္စတွေမဖြစ်ရအောင် လေအေးပေးစက် အသုံးမပြုရင် ပိုလို့ကောင်းပါတယ် ဒါ့ထက် ခုံတွေကို အကွာအဝေး တစ်ခုကနေ ထား ထိုင်ခိုင်းတာ အကောင်းဆုံးပါ။

 

<<< Zawgyi >>> 

 


----------------------------

 


 


 


 


 


 


 


 

Ref ; Dailymail 

Read times
Rate this item
(0 votes)