What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 10 May 2020 23:11

ရန်ကုန်တွင် နေအိမ်ပြင်ပထွက်သူများ နှာခေါင်းစည်း မတပ်ပါက ဒဏ်ရိုက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေအိမ်ပြင်ပသို့ ထွက်သူတိုင်း နှာခေါင်းစည်း (Mask) တပ်ရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက ဒဏ်ကြေး ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

 

ယင်းအစီအစဉ်ကို ရက်ပိုင်းအတွင်း အကောင်အထည် ဖော်မည်ဖြစ်ပြီး အများပြည်သူသိရှိစေရန် တရားဝင် စာထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

"(ဒဏ်ရိုက်မည့် အစီအစဉ်) ဒါကတော့ ပြင်တော့ ပြင်ဆင်နေပြီဗျ။ ကျွန်တော်တို့ စာထွက်ပါမယ်" ဟု ဝန်ကြီးဦးနိုင်ငံလင်းက ဆိုသည်။

 

ရန်ကုန်တိုင်းဒေသကြီးသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အများဆုံးဖြစ်ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ယနေ့ (မေလ ၁၀ ရက်) ည ၈ နာရီအထိ စုစုပေါင်း ၁၀၁ ဦး၊ သေဆုံးသူ ငါးဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ရန်ကုန်တွင် နေအိမ်ပြင်ပထွက်သူ များနေပြီး ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များကို လိုက်နာရန်နှင့် နေအိမ်ပြင်ပသို့ထွက်ပါက နှာခေါင်းစည်း တပ်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် သတိပေးထားသည်။

 

ထို့ပြင် အိမ်တွင်းဖြစ် ပိတ်စ နှာခေါင်းစည်းချုပ်လုပ်မှု ပြိုင်ပွဲကျင်းပမည်ဖြစ်ကာ ဝင်ရောက်ယှဉ်ပြိုင်ရန်လည်း ၎င်းက ဖိတ်ခေါ်ထားသည်။

The Voice Journal

Read times
Rate this item
(0 votes)