What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 08 September 2021 12:18

လာအိုမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

လာအိုနိုင်ငံမှာ ကိုဗစ်ကူးစက်မှု စံချိန်တင် မြင့်မားနေတာပါ။ တနင်္ဂနွေ တရက်ထဲ စာရင်းအရ ကိုဗစ်အတည်ပြု လူနာသစ် (၁၇၂)ဦး ရှိလာတဲ့အတွက်

လာအိုမှာ အခုချိန်ထိ ကိုဗစ်ကူးစက်ခဲ့သူ စုစုပေါင်း (၁၅,၉၉၃) ရှိပြီး ၊ ကိုဗစ်ကြောင့် သေဆုံးသူ (၁၆)ဦး ရှိသွားပြီလို့ လာအို ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ(၅)ရက်နေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။
ဗီဇပြောင်း ကိုဗစ်ပိုးတွေ ကူးစက် ပျံ့ပွားနေတာနဲ့အမျှ လူမှုအသိုင်းအဝိုင်းကြား ကူးစက်မှုတွေ ထပ်တိုးလာနေတယ်လို့ ကျန်းမာရေးဌာနက ဆိုပါတယ်။
ပိုးကူးစက်ထားသူတွေထဲက အများစုကို လာအိုနိုင်ငံ Savannakhet ခရိုင်မှာ တွေ့ရပြီး ၊ လူ(၂၁)ဆီမှာ ကူးစက်ထားပါတယ်။ ဒုတိယ အများဆုံးက Champasak ခရိုင်မှာ (၁၃)ယောက် တွေ့ရတာပါ။
အခုလို ကိုဗစ်ကူးစက်မှု တိုးလာနေတာကြောင့် ၊ မြို့တော် ဗီယမ်ကျန်းအပါအဝင်၊ အခြားမြို့ကြီးတွေမှာပါ စက်တင်ဘာ(၆)ရက်နေ့ ကျင်းပဖို့ ရှိတဲ့ အစားအသောက်လိုက်လံ လှူဒါန်းတဲ့ ရိုးရာပွဲကို မလုပ်ကြဖို့ တားမြစ်ထားပါတယ်။

VOA Burmese News

 

Screenshot_2021-09-08_121908.jpg

Read times
Rate this item
(0 votes)