What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 22 January 2021 14:55

အိန္ဒိယနိုင်ငံတွင် ပြုလုပ်သော covid - 19 ကာကွယ်ဆေးများ ၂၂ ရက်နေ့တွင် ရရှိမည်

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံတွင် ပြုလုပ်သော ကာကွယ်ဆေးများကို ဇန်နဝါရီလ ၂၂ ရက်တွင် ရရှိမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ Serum Institute 'Covishield' မှထုတ်လုပ်သော Oxford-AstraZeneca ကာကွယ်ဆေးကို ပို့ဆောင်နေပြီ ဖြစ်သည်။

အိန္ဒိယနိုင်ငံက COVID-19 ကာကွယ်ဆေးများကိုနိုင်ငံပေါင်း ၆ ခုသို့ လက်ဆောင်ပေးမည်ဟုကြေညာခဲ့သည်။ ၎င်းနိုင်ငံများမှ ဘူတန်၊ မော်လ်ဒိုက်၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါ နိုင်ငံတို့သည် ကာကွယ်ဆေးများကို လက်ခံရရှိပြီးဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းစုနိုင်ငံများတွင် တစ်ခုဖြစ်သော စီရှဲ (Seychelles) နိုင်ငံနှင့် မြန်မာနိုင်ငံသည် အိန္ဒိယတွင် ပြုလုပ်သော ကိုဗစ်ကာကွယ်ဆေးများ ရရှိကြမည်ဖြစ်ရာ၌ စီရှဲ နိုင်ငံကို ဒေသစံတော်ချိန် ညနေ ၁ နာရီဝန်းကျင်တွင် ကာကွယ်ဆေးပမာဏ ၅၀,၀၀၀ ရောက်ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံသည် ကာကွယ်ဆေး ၁.၅ သန်းကို ရရှိမည်ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းစုနိုင်ငံများတွင် တစ်ခုဖြစ်သော စီရှဲ နိုင်ငံတွင် လူ ဦး ရေမှာ ၉၇,၀၀၀ ရှိသည်ဖြစ်၍ ကာကွယ်ဆေးပမာဏ ၅၀,၀၀၀ သည် အရေးပါလှသည်။ စီရှဲ နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ကာကွယ်ဆေး လက်ဆောင်ကို အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းစုနိုင်ငံများတွင် မော်လဒိုက် ပြီးနောက် ဒုတိယအဖြစ် ရရှိလိမ့်မည်။

ဇန်နဝါရီလ ၂၁ ရက်က နီပေါနိုင်ငံမှ ကာကွယ်ဆေး ၁ သန်းနှင့် ဘင်္ဂလားဒေ့ရ်ှမှ ကာကွယ်ဆေးပမာဏသိန်း ၂၀ ခန့် အသီးသီးရရှိခဲ့သည်။

By Health Products Guide

Read times
Rate this item
(1 Vote)