What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 20 October 2020 10:24

၂၀၂၁ ခုနှစ်အတွက် COVID-19 ကာကွယ်ဆေးများကို စုဆောင်နေတယ်လို့ WHO ကဆို

၂၀၂၁ ခုနှစ်အတွင်းမှာ coronavirus ကာကွယ်ဆေးထိုးနှံတဲ့အချိန် လိုအပ်လာမယ့် ဆေးထိုးအပ်ဘီလီယံနဲ့ချီကာ စုဆောင်းနေကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

 

၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ ဆေးထိုးအပ် သန်း(၅၂၀)လောက် သိုလှောင်ထားနိုင်ဖို့ ရည်ရွယ်ထားကြောင်း (ယူနီဆက်ဖ်)က ပြောပါတယ်။ အသုံးပြုပြီး ဆေးထိုးအပ်တွေကို စနစ်တကျ စွန့်ပစ်နိုင်ဖို့ သေတ္တာ (၅)သန်းကိုလည်း ဝယ်ယူသွားမယ်လို့ ပြောပါတယ်။ တနင်္လာနေ့အထိ စာရင်းတွေအရ တစ်ကမ္ဘာလုံး coronavirus ကူးစက်ခံရသူ သန်း (၄၀)ကျော်နေပြီး သေဆုံးသူပေါင်း (၁ ဒသမ ၁)သန်းကျော်ရှိနေပါပြီ။

 

Covid-19 ကာကွယ်ဆေးထိုးနှံတာက လူ့သမိုင်းမှာ အရေအတွက်အများဆုံး ကာကွယ်ဆေးထိုးပေးတဲ့ ဖြစ်စဉ်ကြီးတွေထဲက တစ်ခုဖြစ်တာကြောင့် ကာကွယ် ဆေးထုတ်လုပ်ဖို့ လိုအပ်သမျှ အမြန်ဆုံးလုပ်ဖို့လိုအပ်တယ်လို့လည်း ယူနီဆက်ဖ် အမှုဆောင်ဒါရိုက်တာ Henrietta H. Foreက ပြောပါတယ်။

 

ဒီနှစ်ကုန်မှာ ဆေးထိုးအပ် သန်း (၅၀၀)လောက်ကို အဆင်သင့် ရှိအောင်လုပ်ထားပြီး ငွေကြေးအလေအလွင့်မရှိ အလျင်အမြန် အသုံးပြုနိုင်အောင် ပြင်ဆင်ထားတယ်လို့လည်း သူကပြောပါတယ်။ ဒီသိုလှောင်ထားတဲ့ ဆေးထိုးအပ်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဦးဆောင်လုပ်ကိုင်နေတဲ့ လူတိုင်းအတွက် ကာကွယ်ဆေးရဖို့ COVAX အစီအစဉ်မှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

 

အခုလက်ရှိ တစ်ကမ္ဘာလုံး အလားအလာရှိတဲ့ ကာကွယ်ဆေးစမ်းသပ်မှုပေါင်း (၄၂)ခုလောက်က လူတွေနဲ့စမ်းသပ်နေပြီး ဒီအထဲက (၁၀)ခုလောက်ကတော့ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကိုပြုလုပ်နေပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။

Source - AFP

MRTV

Read times
Rate this item
(0 votes)