What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 09 September 2021 19:09

MNA လေယာဉ်ဖြင့် စင်ကာပူသို့ လိုက်ပါမည့်သူများ ၄၈ နာရီအတွင်း စစ်ဆေးထားသော COVID-19 ကင်းရှင်းကြောင်း PCR test result ပြသရန်လိုအပ်

မြန်မာအမျိုးသားလေကြောင်းလိုင်း ကယ်ဆယ်ရေးခရီးစဉ်ဖြင့် စင်ကာပူနိုင်ငံသို့ လိုက်ပါမည့်သူများ ၄၈နာရီအတွင်း စစ်ဆေးထားသော COVID-19 ကင်းရှင်းကြောင်း PCR test result ပြသရန်

လိုအပ်မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ကြေညာချက်အရ သိရသည်။

Singaport Ministry of Health (MOH) မှ ထုတ်ပြန်ချက်အရ စင်ကာပူနိုင်ငံသို့ သွားရောက်မည့်ခရီးသည်များအားလုံး (Singapore Citizen နှင့် Permanent Resident များ အပါအဝင်) စင်ကာပူနိုင်ငံသို့ မထွက်ခွာမှီ ၄၈ နာရီအတွင်း စစ်ဆေးထားသော COVID-19 ကင်းရှင်းကြောင်း PCR test result ပါရှိရန် လိုအပ်မည်ဖြစ်သည်။

သို့ရာတွင်အသက် သုံးနှစ်အောက် ကလေးငယ်များ၊ စင်ကာပူနိုင်ငံသို့ မသွားရောက်မီ ၂၁ ရက်အတွင်း ဟောင်ကောင်၊ မကာအို၊ တရုတ်နှင့် ထိုင်ဝမ်သို့သာ ခရီးသွားထားသူများ၊ စင်ကာပူနိုင်ငံရှိ သက်ဆိုင်ရာ အစိုးရဌာနမှ PCR test စစ်ဆေးရန် မလိုကြောင်း Exemption Letter ရရှိထားသူများမှာ PCR test result ပြသရန်မလိုအပ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံသို့ တိုက်ရိုက်လေကြောင်း ခရီးစဉ်ဖြင့် သွားရောက်မည့် ခရီးသည်များအနေဖြင့် မိမိစီးနင်းလိုက်ပါမည့် လေယာဉ်၏ ထွက်ခွာချိန်မတိုင်မီ ၄၈ နာရီအတွင်း စစ်ဆေးထားသော COVID-19 ကင်းရှင်းကြောင်း PCR test result ဟုဆိုရာတွင် ဥပမာ-လေယာဉ်ထွက်ခွာမည့်ရက် စက်တင်ဘာ ၁၀ ရက်ဖြစ်ပါက စက်တင်ဘာ ၈ ရက်ထက်စော၍ စစ်ဆေးခြင်းမပြုလုပ်ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံသို့ သွားရောက်မည့် ခရီးသည်များအနေဖြင့် COVID-19 ကင်းရှင်းကြောင်း PCR test result အပြင် နိုင်ငံတွင်းသို့ ဝင်ရောက်ရန် အခြားလိုအပ်သော သက်ဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများ စုံလင်စွာပြသရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

 

news-eleven.com

 

 

Read times
Rate this item
(0 votes)