What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 12 September 2020 19:25

ကိုဗစ်အတည်ပြု လူနာအများအပြား တွေ့ရှိခြင်းနှင့်ပတ်သက်၍ Music Zone ပိုင်ရှင်ကို အရေးယူမည်

ကိုဗစ်အတည်ပြု လူနာအများအပြားတွေ့ရှိ ခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့ နယ်ရှိ KTV ၊ မာဆတ် နှင့် စားသောက်ဆိုင်တို့ တွဲဖွင့်ထားသည့် Music Zoneမှ ပိုင်ရှင်အား တရားစွဲသွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောသည်။

 

”ကျွန်တော်တို့ မနေ့က ကိုဗစ်ကော်မတီ အစည်းအဝေးလုပ်တယ်။ အစည်းအဝေးလုပ်တဲ့အခါကျတော့ Music Zone ပိုင်ရှင်ကို တရားစွဲဖို့ ဆုံးဖြတ်တယ် ။

 

ဆုံးဖြတ်တဲ့အခါမှာ တရားလို ဘယ်သူလုပ်မလဲ ဆို တော့ အဲ့ဒီ Music Zone ရှိတဲ့ ဇဝနရပ်ကွက် အုပ်ချုပ်ရေးမှူးက တရားလို လုပ်မယ်ပေါ့ ” ဟု ယင်းက ပြောသည်။


လက်ရှိတွင် Music Zone ပိုင်ရှင်အား တရားစွဲနိုင်ရန် မြို့နယ်တရားဥပဒေအကြံပေးထံတွင် အကြံတောင်း ခံထားပြီး ပြန်ကျလာသည့်နှင့် ချက်ချင်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်အတည်ပြု လူနာအများဆုံးတွေ့ရှိနေရသော သင်္ဃန်းကျွန်းမြို့နယ်တွင် Music Zone တစ်ခုတည်း မှ ကိုဗစ်အတည်ပြုလူနာ ၉၂ ဦးထိတွေ့ရှိထားပြီး ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 

ကိုဗစ်အတည်ပြုလူနာ အမှတ် ၇၄၁ နှင့် ထိတွေ့ဆက်စပ်မှုရှိကြ ရာမှ Music Zone ဝန်ထမ်းများ ဖြစ်သော ကိုဗစ်အတည်ပြု လူနာအမှတ် ၁၀၆၁ ( မ ၃၂ နှစ်) နှင့် ၁၀၆၂ (မ ၂၅ နှစ်) တို့တွင် ကိုဗစ်ရောဂါပိုးများ တွေ့ရှိခဲ့ရာ နောက်ထပ် အခြားဝန်ထမ်းအများအပြားကို ကူးစက်ခဲ့ကြောင်းသိရသည်။

 

Pyi Myanmar News

Read times
Rate this item
(0 votes)