What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 23 September 2021 19:00

ထိုင်းက Quarantine ထက်ဝက်လျော့ရန် စီစဉ်

ထိုင်းနိုင်ငံသို့ ဆိုက်ရောက်လာသူတွေကို Quarantine ဝင်ခိုင်းတာမှာ ၇ ရက်သာ သတ်မှတ်ဖို့ စီစဉ်နေပါတယ်။

ခရီးသွားလုပ်ငန်း မှီခိုတဲ့ ထိုင်းနိုင်ငံက Quarantine မဝင်မနေရ သတ်မှတ်ကြာရက်ကို ဆေးထိုးပြီးသား ပြည်ပခရီးသည်တွေအတွက် ခုနစ်ရက်သာ သတ်မှတ်ပေးပြီး စီးပွားရေးကို မြှင့်တင်ဖို့ စီစဉ်နေပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်ကာကွယ်ရေး ထိုးဆေး ထိုးနှံတာမှာ နှေးနေတဲ့အတွက် ပြည်ပဆိုက်ရောက် ခရီးသွားတွေကို တံခါးဖွင့်ပေးဖို့အရေး နှောင့်နှေးနေတာကို ထေမိစေဖို့ အခုလို ၇ ရက် ပြောင်းလဲသတ်မှတ်ပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

လက်ရှိသတ်မှတ်ချက် ၁၄ ရက် အစား ထက်ဝက်လျှော့ချပြီး ၇ ရက် သတ်မှတ်ပေးခြင်းဖြင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းတို့ကို မြှင့်တင်ပေးဖို့ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်လို့ Department of Disease Control ရဲ့ ညွှန်ကြားရေးမှူးချုပ် Opas Karnkawinpong က ပြောကြားပါတယ်။ ထိုင်းနိုင်ငံရဲ့ Covid-19 task force က အတည်ပြု ခွင့်ပြုပေးခဲ့ရင် အောက်တိုဘာလ တစ်ရက်မှစလို့ Quarantine ၇ ရက်သာ ဝင်ခိုင်းတော့မှာ ဖြစ်ပါတယ်။ လေကြောင်းမှ ဆိုက်ရောက်လာသူများသာ အကျုံးဝင်မှာ ဖြစ်ပြီး နယ်ခြားမှ ဝင်ရောက်လာသူတွေကတော့ ယခုအတိုင်း ၁၄ ရက် Quarantine ဝင်ရမှာ ဖြစ်ပါတယ်။

ကိုဗစ်ဆေး အပြည့်ထိုးနှံထားကြောင်း လက်မှတ် ပါရှိပေမဲ့ ထိုင်းနိုင်ငံကို ဆိုက်ရောက်တဲ့အခါ Covid-19 ဆေးစစ်မှု ခံယူဖို့ လိုအပ်ဆဲ ဖြစ်ပါတယ်။ Quarantine မှ မထွက်ခွာခင်မှာလည်း တစ်ကြိမ် ထပ်မံစစ်ဆေးမှု ခံယူရမှာ ဖြစ်ပါတယ်။

ယခင်ကြေညာခဲ့တဲ့ အစီအစဉ်မှာ အောက်တိုဘာလ ၁ ရက်မှ စ၍ ဧည့်ခရီးသွားတွေအတွက် Quarantine ကို ဘန်ကောက်နဲ့ ချင်းမိုင်း အပါအဝင် ပြည်နယ်အချို့တို့မှာ မဝင်ခိုင်းတော့ဘူးလို့ ကြေညာခဲ့ပေမဲ့ ပြည်တွင်းနေထိုင်သူ လူဦးရေရဲ့ ၇၀% ဆေးထိုးနှံပြီးရမယ်ဆိုတဲ့ လျာထားချက် မဖြစ်မြောက်ခဲ့လို့ ယင်းအစီအစဉ်ကို ရုပ်သိမ်းခဲ့ရပါတယ်။

ဒါပေမဲ့ ဖူးကက်အပါအဝင် အချို့ ခရီးသွားလုပ်ငန်းနယ်မြေတွေမှာ ကာကွယ်ဆေးထိုးနှံပြီးတဲ့ ဧည့်သည်တွေကို quarantine မဝင်ခိုင်းတော့တဲ့ အစီအစဉ်ကို စတင်ကျင့်သုံးနေပြီ ဖြစ်ပြီး နိုင်ငံပေါင်း ၇၈ နိုင်ငံ အကျုံးဝင်တဲ့စာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။

 

242332998_4411378212233737_8229863734345049497_n.jpg

Read times Last modified on Thursday, 23 September 2021 19:03
Rate this item
(0 votes)