What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 19 April 2020 08:57

ဆွီဒင်တော်ဝင်မင်းသမီး ဆိုဖီယာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်

ဆွီဒင်တော်ဝင်မင်းသမီး ဆိုဖီယာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက် The Mirror Daily

ဆွီဒင်နိုင်ငံရဲ့ တော်ဝင်မင်းသမီးတစ်ဦးဖြစ်သူ ဆိုဖီယာဟာ လတ်တလောဖြစ်ပွား လျက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တိုက်ဖျက်ရာမှာ စေတနာ့ဝန်ထမ်းအဖြစ် ရှေ့တန်းကနေ ပါဝင်လုပ်ဆောင်လျက်ရှိကြောင်း ဟာပါဘဇာဒေါ့ကွန်းရဲ့ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။


မင်းသမီးဟာ အွန်လိုင်းကနေ လေ့ကျင့်ရေးသင်တန်းကို တက်ရောက်ခဲ့ပြီး ဆိုဖီယာဟမ်းမက်ဆေးရုံမှာ အခြားသော ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်လျက်ရှိတာဖြစ်တယ်လို့ သိရပါတယ်။

COVID.png

ဒီလိုလုပ်ဆောင်ရာမှာ မင်းသမီးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ကုသမှုခံယူနေရသူတွေနဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ လုပ်ဆောင်ခြင်းမျိုး မဟုတ်ပါဘူး။

 

သူဟာ ကိုရိုနာတိုက်ဖျက်ရေးလုပ်ငန်းလုပ်ဆောင်နေတဲ့ ဆရာဝန် တွေနဲ့ အခြားသော ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တာတွေကို ကူညီ လုပ်ဆောင်ပေးနေတဲ့ လက်ထောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာဖြစ်တယ် လို့လည်း သိရပါတယ်။

HPD.png

အေးပြည့်

Read times
Rate this item
(0 votes)