What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 14 December 2021 11:31

Omicron ကူးစက်ခံရပြီး သေဆုံးသူတဦး ဗြိတိန်မှာ စတင်တွေ့ရှိ

Omicron ကူးစက်ခံရပြီး သေဆုံးသူတဦး ဗြိတိန်မှာ စတင်တွေ့ရှိ

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကူးစက်ခံရသူ တဦး ပထမဆုံး သေဆုံးခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှာ အိုမီခရွန် ကူးစက်ခံရမှု အသစ်တွေ တိုးလာနေမှုနဲ့ ရင်ဆိုင်နေရကြောင်း ဝန်ကြီးချုပ် Boris Johnson က နိုင်ငံကိုပြောတဲ့ ရုပ်သံ မိန့်ခွန်းမှာ သတိပေးခဲ့ပြီး နောက် တနလာၤနေ့မှာဘဲ သေဆုံးမှုကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
အိုမီခရွန် ကူးစက်မှုနဲ့ အနည်းဆုံး လူနာ တဦး သေဆုံးခဲ့ရပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် Johnson က လန်ဒန်က ကာကွယ်ဆေးထိုး စင်တာ တခုမှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
နှစ်သစ်ကူးည ဒီဇင်ဘာ ၃၁ ရက် အရောက်မှာ ဗြိတိန်က လူတိုင်း Covid-19 ကာကွယ်ဆေး တတိယ တလုံး ထပ်ပြီး ထိုးနှံရေး လှုပ်ရှားမှုကိုလည်း အစိုးရက စတင်လိုက်ပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် Johnson က ကြေညာပါတယ်။ နိုင်ငံတဝန်းမှာ ကာကွယ်ဆေး ထိုးနှံရေး စင်တာတွေ ထူထောင်ရေး အတွက် စစ်တပ် စီမံရေး အဖွဲ့ ၄၀ ကျော်ကို နိုင်ငံတဝန်းမှာ ချထားမယ့်အကြောင်းနဲ့ တရက်ကို လူ ၁ သန်း ကာကွယ်ဆေး ထိုးနှံရေး ရည်မှန်းချက် ပြည့်မီရေး ကူညီဆောင်ရွက်ဖို့ အတွက် အထွေထွေ ရောဂါကု ဆရာဝန်တွေ အနေနဲ့ ပုံမှန် ဆေးစစ်ဖို့ ရက်ချိန်းပေးတာတွေကို ရပ်ဆိုင်းထားဖို့လည်း ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ အစိုးရကလည်း Covid-19 သတိပေး အဆင့်ကို အဆင့် ၃ ကနေ အဆင့် ၄ အဖြစ် တနင်္ဂနွေနေ့မှာ ပြောင်းလဲလိုက်ပါတယ်။ ဒါဟာဆိုရင် ဒုတိယ အမြင့်ဆုံး တပ်လှန့် သတိပေးချက် ဖြစ်ပြီး ဒယ်လ်တာ မျိုးကွဲထက် အိုမီခရွန် ပျံ့နှံ့မှုက ပိုပြီး မြန်ဆန်နေကြောင်း သတိပေးထားတာ ဖြစ်ပါတယ်။

Read times Last modified on Tuesday, 14 December 2021 11:36
Rate this item
(0 votes)