ရောဂါကူးစက်မှုအန္တရာယ်နည်းပါးသည့် ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၄၆ ခုမှ ကာကွယ်ဆေးထိုးနှံထားပြီးသော
ခရီးသွားဧည့်သည်များကို နိုဝင်ဘာလမှ စတင်ကာ ကွာရန်တင်း(q) ဝင်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံက ကြာသပတေးနေ့နှောင်းပိုင်းတွင် ကြေညာခဲ့သည်။
တရုတ် ၊ အမေရိကန် ၊ ဗြိတိန် နှင့် မလေးရှား အပါအဝင် ဝင်ရောက်ခွင့်ပြုသော နိုင်ငံစာရင်းကို ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန(MFA)က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ဝင်ခွင့်ပြုထားသော နိုင်ငံများမှ ခရီးသွားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း မဝင်ရောက်မီ COVID-19 ရောဂါကင်းရှင်းကြောင်း ၎င်းတို့၏ ဆေးစစ်ချက်ကို ထုတ်ဖော်ပြသပြီးသည်နှင့်တစ်ပြိုင်နက် ထိုင်းနိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Tanee Sangrat က ပြောကြားခဲ့သည်။
ပြီးခဲ့သော ရက်သတ္တပတ်တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာမည့် ရောဂါကူးစက်မှုအန္တရာယ်နည်းပါးသည့် အနည်းဆုံးကမ္ဘာ့နိုင်ငံနှင့်ဒေသ ၁၀ ခုမှ ကာကွယ်ဆေးထိုးနှံထားပြီးသော ခရီးသွားများကို လာမည့်ရှေ့လမှ စတင်ကာ ကွာရန်တင်း(q) ဝင်ရောက်ခြင်း ကနဦး ကင်းလွတ်ခွင့်ပေးမည်ဟု ထုတ်ဖော်ကြေညာပြီးနောက် ယခုကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍဖြင့် ၎င်း၏ နိုင်ငံ့စီးပွားရေးကို ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းအားထုတ်နေသည်။ COVID-19 ရောဂါမစတင်မီ ထိုင်းနိုင်ငံ၏ စုစုပေါင်းအသားတင်ထုတ်ကုန်တန်ဖိုး(GDP)သည် ခရီးသွားကဏ္ဍမှ ၂၀ ရာခိုင်နှုန်းအထိ ဝင်ငွေရရှိနေခဲ့ရာ ကပ်ရောဂါရိုက်ခတ်မှုကြောင့် ပြင်းစွာ ထိခိုက်ခံစားခဲ့ရကြောင်း သိရသည်။
(Xinhua)