What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 05 November 2020 13:58

COVID-19 ပိုးစစ်တဲ့ Antibody Test သည် စိတ်မချရပါ

Antibody Test ပဋိပစ္စည်းဆေးစစ်ခြင်းကို Serology Test သွေးရည်ကြည်ဆေးစစ်ခြင်းလို့လည်း ခေါ်ကြတယ်။ 

 

လက်ထိပ်မှ သွေးရည်ယူပြီး စစ်ဆေးကြည့်တာ ဖြစ်ပြီး မိနစ်ပိုင်းသာ ကြာပြီးချိန်မှာ အဖြေထုတ်ပေးပါတယ်။ ပုံမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ အမျိုးသမီး လူနာတစ်ဉီးကို Antibody Test လုပ်ထားတာ ဖြစ်ပါတယ်။ စစချင်းမှာ မျဉ်းတစ်ကြောင်းပဲ ပြသလို့ negative လို့ အဖြေထွက်ပါတယ်။

 

ဆေးစစ်ပြီး နှစ်ရက်အကြာမှာ အနံ့ပျောက်ပါတယ်။ ၈ ရက် အနံ့ပျောက်နေတယ်။ နောက်တော့ အနံ့ပြန်ရတယ်။ Antibody Test လုပ်တော့ မျဉ်းနှစ်ကြောင်းပြတာမို့ Positive လို့ ဆိုရပါမယ်။ အခု နေပြန်ကောင်းသွားပါပြီ။ယခု စာရေးနေချိန်မှာ Antibody Test တစ်ကြိမ်လုပ်ခိုင်းပြီး ပုံ ပေးပို့ခိုင်းလို့ ပို့ပေးလိုက်တယ်။ Antibody Test ရလဒ်က မျဉ်းနှစ်ကြောင်းပြပါတယ်။ ဘာလို့လဲ။

 

No description available.

 

Antibody ပဋိပစ္စည်း ဆိုတာက ရောဂါကာကွယ်သော ပဋိပစ္စည်းဖြစ်ပြီး ခန္ဓာကိုယ်သွေးတွင်ဖြစ်ပေါ်တယ်။ လူမှာရှိတဲ့ ကိုယ်ခံအားစနစ်က ဖန်တီးပေးတာ ဖြစ်ပါတယ်။ လက်ဖျားထိပ်ကို အပ်ဆူးနဲ့ဖောက်ပြီး သွေးစက် ရယူပြီး ဆေးစစ်တဲ့ ကိရိယာမှာ တင်ပေးလိုက်ပြီး ဆေးစစ်တယ်။ ကိုဗစ်ကို စစ်တဲ့အခါ COVID-19 ဖြစ်ပွားစေတဲ့ SARS-CoV-2 ပိုးအတွက် antibodies ပဋိပစ္စည်းများ ဆေးစစ်ခံတဲ့သူမှာ ရှိမရှိ စစ်ဆေးပေးတာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး ရှိမရှိ ဆိုတာကို မစစ်ဆေးပေးပါဘူး။

 

ကိုဗစ်ပိုးဖြစ်စေ အခြားပိုးဖြစ်စေ ကိုယ်ခန္ဓာထဲ ရောက်လာလို့ ကိုယ်ခံအားစနစ်က ဆန့်ကျင်တိုက်ခိုက်ဖို့ ထုတ်လုပ်ပေးလိုက်တဲ့ antibodies ပဋိပစ္စည်းများ သွေးထဲ ရှိနေသလားဆိုတာ စစ်ပေးတာ ဖြစ်ပါတယ်။ ဒီတော့ ကိုဗစ်ပိုးက ကိုယ်ခန္ဓာထဲတော့ ရောက်နေပြီ။ ကိုယ်ခံအားက ပိုးကို ဆန့်ကျင်တိုက်ခိုက်ဖို့ antibodies ပဋိပစ္စည်းများ မထုတ်ရသေးရင် အဖြေရလဒ်က မျဉ်းတစ်ကြောင်းပြမှာဖြစ်ပြီး negative လို့ အဖြေထွက်ပါတယ်။ တကယ်တော့ သူ့မှာ ပိုးရှိနေပါပြီ။ သူကနေ တစ်ခြားသူတွေကို ကူးဖို့လည်း ဖြစ်နိုင်နေပါတယ်။

 

မျဉ်းနှစ်ကြောင်း ပြလို့ Positive လို့ သတ်မှတ်ခံရတဲ့သူဟာ SARS-CoV-2 ဗိုင်းရပ်စ်ပိုး ကူးခံထားပြီးတဲ့အပြင် ကိုယ်ခံအားစနစ်က antibodies ပဋိပစ္စည်းများ ထုတ်လုပ်ပြီးသား ဖြစ်နေတဲ့သူ ဖြစ်ပါတယ်။ နေပြန်မကောင်းသေးတဲ့သူ ဖြစ်နိုင်သလို COVID-19 ပျောက်ကင်းပြီးတဲ့သူလည်း ဖြစ်နိုင်ပါတယ်။ နေမကောင်းဖြစ်စဉ်တုန်းက ထုတ်ပေးထားတဲ့ antibodies ပဋိပစ္စည်းများ သွေးထဲမှာ နေကောင်းပြီးချိန်အထိ ဆက်ရှိနေလို့ antibodies ပဋိပစ္စည်းများ ရှိနေလို့ Positive သတ်မှတ်ခံနေရတာ ဖြစ်ပါတယ်။


သေသေချာချာ စဉ်းစားကြည့်ရင်

Negative လို့ အဖြေထွက်ရင်လည်း ပိုးမရှိသူ ဖြစ်နိုင်သလို ပိုးရှိသူလည်း ဖြစ်နိုင်ပါတယ်။ Positive လို့ အဖြေထွက်ရင် ပိုးကူးခံထားရပြီး နေပြန်မကောင်းသေးတဲ့သူ ဖြစ်နိုင်သလို နေပြန်ကောင်းပြီးသားဖြစ်သူလည် ဖြစ်နိုင်ပါတယ်။ ဒီတော့ Positive လို့ အဖြေထွက်ရင် တာဝန် နှစ်ခု ရှိပါတယ်။ တစ်ခုက ကိုယ့်ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပြီး နောက်ထပ် တန်းတူအရေးပါတဲ့ တာဝန်က မိမိထံမှ သူတစ်ပါးကို ပိုးမကူးအောင် တားဆီးကာကွယ်ဖို့ ဖြစ်ပါတယ်။

 

Negative လို့ အဖြေထွက်ရင်လည်း အလားတူ တာဝန် နှစ်ရပ် ရှိပါတယ်။ မိမိဟာ ပိုးကူးခံထားရသူ ဖြစ်နေနိုင်ပြီး antibodies ပဋိပစ္စည်း တွေ မထုတ်လုပ်ရသေးတဲ့အဆင့်ပဲ ရှိသေးတာမို့ ကိုယ့်ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန် ရှိပါတယ်။ နောက်ထပ် တန်းတူအရေးပါတဲ့ တာဝန်က တကယ်လို့ မိမိဟာ ပိုးကူးခံထားရသူ ဖြစ်နေခဲ့သော် ဆိုပြီး မိမိထံမှ သူတစ်ပါးကို ပိုးမကူးအောင် တားဆီးကာကွယ်ဖို့ ဖြစ်ပါတယ်။

 

ယခုအခါ ကိုဗစ်က အစိမ်းသက်သက် ဖြစ်နေဆဲဖြစ်လို့ ကိုဗစ်ကြောင့် ထွက်ပေါ်တဲ့ antibodies ပဋိပစ္စည်းများ ရှိနေတာကြောင့် coronavirus ကို ပိုးပြီးနေသူ ဖြစ်ပြီလားဆိုတာ တပ်အပ်သေချာ မသိရသေးပါ။ တကယ်လို့ ပိုးပြီးတယ်ဆိုရင်လည်း ဘယ်လောက် အချိန်ကြာကြာ ပိုးပြီးနေသလဲဆိုတာကိုလည်း မသိရသေးပါ။

 

SARS-CoV-2 ဗိုင်းရပ်စ်ပိုးအတွက် antibodies ပဋိပစ္စည်းများ သွေးထဲ ရှိမရှိဆိုတာကို သိနိုင်တဲ့ antibody test တွေ အများအပြား ပေါ်ထွက်နေပါတယ်။ သုံးစွဲနေကြပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံမှ FDA က အကဲဖြတ်ထားခြင်း မရှိတာတွေလည်း ရှိနေပါတယ်။ ဒီဟာကို သုံးနိုင်ပါတယ်လို့ FDA က ပြောမထားတာတွေလည်း အများအပြား ရှိနေပါတယ်။

 

antibodies ပဋိပစ္စည်းများဆိုတာ ဘာလဲ

antibodies ပဋိပစ္စည်းများဟာ ပရိုတင်းများ ဖြစ်ပြီး ကူးစက်ခံရတဲ့ပိုး (ဥပမာ ဗိုင်းရပ်စ်တစ်မျိုးမျိုး)ကို တိုက်ခိုက်ဖို့ ကိုယ်ခံအားစနစ် immune system က ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ ကိုယ်ခန္ဒာထဲမှာ antibodies ပဋိပစ္စည်းများ ထုတ်လုပ်ဖို့ ရက်ပိုင်း ကြာမြင့်တာရှိသလို သီတင်းပတ် အချို့ ကြာမြင့်တာလည်း ရှိပါတယ်။ antibodies ပဋိပစ္စည်းများက ရောက်ရှိနေတဲ့ ပိုးကို ဆန့်ကျင်တိုက်ခိုက်တယ်။ အဲဒီပိုး နောက်တစ်ကြိမ် ထပ်ဝင်လာရင်လည်း တိုက်ထုတ်ပစ်ဖို့် ကူညီပေးပါတယ်။


SARS-CoV-2 (COVID-19) ပိုးကူးထားရင် အဲဒီဗိုင်းရပ်စ်ပိုးအတွက် antibodies ပဋိပစ္စည်းများကို ကိုယ်ခံအားစနစ်က ပြုလုပ်တာ ရက်ပိုင်း သို့မဟုတ် သီတင်းပတ်အချို့ ကြာမြင့်ပါတယ်။ ထုတ်လုပ်ထားတဲ့ antibodies ပဋိပစ္စည်းများ သွေးထဲမှာ ဘယ်လောက်ကြာကြာ ရှိနေမလဲဆိုတာကို မသိရသေးပါဘူး။

 

antibody tests တွေက COVID-19 ပိုးတွေ သွေးထဲ ရှိမရှိ စစ်ပေးတာလား။

နိုးပါ။ မဟုတ်ပါ။ antibody test က ကိုဗစ်ဗိုင်းရပ်စ် ဖြစ်တဲ့ SARS-CoV-2 virus ကို စစ်တာ မဟုတ်ပါဘူး။

 

ပိုးရှိနေလို့ ကိုယ်ခံအားစနစ်မှ ထုတ်ပေးတဲ့ antibodies တွေ ရှိမရှိကိုသာ စစ်ပေးတာ ဖြစ်ပါတယ်။ အဲဒီ antibodies တွေ ရှိနေတယ်ဆိုရင်လည်း COVID-19 ပိုး SARS-CoV-2 virus အတွက် ကိုယ်ခံအားစနစ်က ထုတ်လုပ်ပေးလိုက်တဲ့ antibodies တွေလားဆိုတာကိုလည်း စစ်မပေးပါဘူး။ တခြား coronavirus အမျိုးအစားတွေအတွက် ထုတ်လုပ်တဲ့ antibodies တွေ ဖြစ်နေနိုင်ပါတယ်။ positive ဖြစ်ပေမဲ့ ကိုဗစ်ကြောင့် မဟုတ်ဘဲ အခြား ဗိိုင်းရပ်စ်ကို positive ပြနေတာလည်း ဖြစ်နိုင်ပါတယ်။

 

antibodies တွေ ရှိမရှိသာ စစ်ခြင်း ဖြစ်ပါတယ်။ ဝါးလုံးရှည်နဲ့ ရမ်းပြီး စစ်ပေးလိုက်တာ ဖြစ်ပါတယ်။ SARS-CoV-2 virus အတွက် antibodies ရှိမရှိ စစ်တာ မဟုတ်ပါဘူး။

 

Myanmar health Products Guide

Read times Last modified on Thursday, 05 November 2020 14:06
Rate this item
(0 votes)