What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 25 October 2021 10:27

ရုရှားမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ ရက်ဆက်တိုက်တိုး

ရုရှားနိုင်ငံမှာ လာမယ့်သီတင်းပတ်ထဲ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်မှုတွေ ပြန်လည်ထုတ်ပြန်ပြီး

လုပ်ငန်းခွင်တွေကို သီတင်းတပတ်ကြာ ပိတ်ထားဖို့ ပြင်ဆင်နေချိန်မှာပဲ ကူးစက်မှုတွေ စံချိန်တင် တိုးလာနေရာမှာ စနေနေ့မှာ ၅ ရက်မြောက် ရှိသွားပါပြီ။
ရုရှားနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအဖွဲ့ရဲ့ စနေနေ့ ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ကိုဗစ်ရောဂါနဲ့ သေဆုံးရသူ ၁,၀၇၅ ဦးအထိ ရှိခဲ့ပြီး ဒါဟာ ကပ်ရောဂါ စတင်ချိန်ကစပြီး တရက်အတွင်း သေဆုံးမှုအများဆုံး စံချိန်တင်သွားတာပါ။
တနိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးရသူပေါင်းက ၂၃၀,၀၀၀ လောက် ဖြစ်နေပြီး ဒါဟာ ဥရောပဒေသတွင်း အများဆုံး ဖြစ်ပါတယ်။
ရုရှားမှာ ကိုဗစ်ကြောင့် နေ့စဉ်သေဆုံးရမှုနှုန်း မြင့်တက်နေတာ သီတင်းပတ်နဲ့ချီ ရှိနေပြီဖြစ်ပြီး ဒါဟာ ကာကွယ်ဆေးထိုးနှုန်း နှေးကွေးတာ၊ ကိုဗစ်စည်းမျဉ်း ကောင်းကောင်းမလိုက်နာတာနဲ့ အစိုးရကိုယ်တိုင်က တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ဖို့ နှောင့်နှေးနေတာတွေကြောင့် ဖြစ်ပါတယ်။
အခုချိန်အထိ ရုရှားနိုင်ငံသား ၁၄၆ သန်းမှာ ဆေးထိုးပြီးသူက သုံးပုံတပုံလောက်ပဲ ရှိနေပြီး နိုင်ငံတွင်း ကျန်းမာရေးစနစ်လည်း ထိခိုက်နေတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ရုရှားထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း နမီးဘီးယားနိုင်ငံက စနေနေ့မှာ ကြေညာပါတယ်။ HIV ပိုး ကူးစက်မယ့်အန္တရာယ် ရှိသူတွေအတွက် ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေးဟာ စိတ်မချရဘူးဆိုပြီး အိမ်နီးချင်း တောင်အာဖရိကနိုင်ငံက ပြောဆိုလိုက်ပြီးနောက် နမီးဘီးယား ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးမယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်တာပါ။
ကာကွယ်ဆေးထုတ်လုပ်တဲ့ ရုရှား သုတေသနဌာန GRI ကတော့ နမီးဘီးယားဟာ သိပ္ပံနည်းကျ အထောက်အထားပေါ် မူတည်ဆုံးဖြတ်တာ မဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။

VOA

Read times Last modified on Monday, 25 October 2021 10:28
Rate this item
(0 votes)