What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 05 April 2020 09:53

မြန်မာနိုင်ငံ ကိုဗစ်အတည်ပြုလူနာ ၂၁ ဦးတွင် ခရီးသွားမှတ်တမ်း မရှိသူနှစ်ဦး စိုးရိမ်းရ အခြေအနေရှိနေ

90251442_832926683874316_4730726126572273664_n.png

 

COVID-19 အတည်ပြုလူနာတွေဖြစ်တဲ့ C8 အသက် ၆၀ နှစ် အရွယ် အမျိုးသမီးတစ်ဦး(ခရီသွားမှတ်တမ်းမရှိသူ) နှင့် C16 အသက် ၆၃ နှစ် အရွယ်အမျိုးသမီး (ခရီသွားမှတ်တမ်းမရှိသူ) ယင်းတို့ နှစ်ဦး လက်ရှိမှာ စိုးရိမ်းရ အခြေအနေရှိနေကြောင်း ဒေါက်တာ သာထွန်းမှ ပြောကြားခဲ့ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန် ရောဂါဖြစ်ပွားနေတဲ့ လူနာ အယောက် ၂၁ ထဲက နံပါတ် ၈ နဲ့ နံပါတ် ၁၆ ဟာ အခုအချိန်မှာ ရောဂါပြင်းထန်နေပြီး စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဒေါက်တာ သာထွန်းကျော်က ပြောပါတယ်။

 

လက်ရှိအချိန်မှာ မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေသူဟာ အယောက် ၂၁ ရှိနေပါတယ်။ အဲဒီထဲကမှ ရန်ကုန် ဝေဘာဂီဆေးရုံမှာ လူနာ ၁၂ ယောက်ကို ကုသနေတာဖြစ်ပါတယ်။ ရန်ကုန် ဝေဘာဂီဆေးရုံက လူနာတွေထဲကမှ လူနာနှစ်ယောက်ဟာ ရောဂါပြင်းထန်နေပြီး စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

 

“ဟုတ်ပါတယ်။ အခုလောလောဆယ် ဝေဘာဂီဆေးရုံမှာ COVID-19 Positive လူနာ စုစုပေါင်း ၁၂ ယောက်ရှိပါတယ်။ ဒီ ၁၂ယောက်ထဲကမှ လူနာ နံပါတ် ၈ နဲ့ နံပါတ် ၁၆ က အထူးကြပ်မတ်ကုသဆောင်မှာ ထည့်ပြီး ကုသနေရပါတယ်။ ရောဂါပြင်းထန်နေတဲ့အခြေအနေရှိနေပါတယ်။ အခုလောလောဆယ် သူတို့နှစ်ဦးကို အသက်ရှုအကူကိရိယာ နဲ့ ကုသနေရတဲ့ အနေအထားရှိပါတယ်။ ရောဂါပြင်းထန်နေတဲ့ အနေအထားပါ” လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဒေါက်တာ သာထွန်းကျော်က ပြောပါတယ်။

 

နံပါတ် ၈ လူနာဟာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် ဧည့်လမ်းညွှန် အမျိုးသမီး ဖြစ်ပါတယ်။ မတ်လ ၂၅ ရက်နေ့မှာ ရောဂါလက္ခဏာ စတင်ပြသခဲ့ပြီး မတ်လ ၂၆ ရက်နေ့မှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သွားရောက်ပြသခဲ့ရာ မတ်လ ၂၇ရက်နေ့မှာတော့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

 

နံပါတ် ၁၆ လူနာကတော့ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။ မတ်လ ၁၅ရက်နေ့က ဒူဘိုင်းနိုင်ငံက ပြန်လာတဲ့ သားဖြစ်သူကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သွားကြိုပြီး နှစ်ပတ်အကြာ မတ်လ ၃၀ ရက်နေ့မှာတော့ ရောဂါလက္ခဏာ စတင်ခံစားလာခဲ့ရပြီး ဧပြီလ ၁ရက်နေ့မှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ လူနာအဖြစ် ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

လက်ရှိမှာ လူနာအယောက် ၂၁ ထဲက တစ်ယောက်က ရောဂါအခံကြောင့်သေဆုံးသွားခဲ့ ပြီး ကျန်တဲ့ ၁၉ယောက်ထဲက လူနာနှစ်ဦးကို ဝေဘာဂီဆေးရုံရဲ့ အထူးကြပ်မတ်ဆောင်မှာ အသက်ရှူအကူကိရိယာနဲ့ ကုသနေရပြီး ရောဂါပြင်းထန်ကာ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။

90165828_212716063139335_1462378197545910272_n.png

Duwun

Read times
Rate this item
(1 Vote)