What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 October 2021 17:00

လာအိုနယ်စပ်ပြန်ဖွင့်မည့်ရက်ကို မသတ်မှတ်ရသေး

လာအိုနိုင်ငံသည် ကာကွယ်ဆေးထိုးထားသည့် နိုင်ငံခြားခရီးသွားများအား ပြန်လည်လက်ခံမည့်ရက်ကို မသတ်မှတ်ရသေးကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။


လက်ရှိဦးစားပေးမှာ ၂၀၂၁ခုနှစ်၊ နှစ်ကုန်တွင် လာအိုလူဦးရေ၏ ၅၀ ရာခိုင်နှုန်းအား COVID-19 ကာကွယ်ဆေးထိုးနှံပေးရန်ဖြစ်ကြောင်း ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဒုတိယဝန်ကြီး Ounthuang Khaophan ၏ ပြောကြားချက်ကို ကိုးကား၍ နေ့စဉ်ထုတ် ဗီယင်ကျန်းတိုင်းမ် သတင်းစာက အောက်တိုဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။
“ကာကွယ်ဆေးထိုးခြင်းက လက်ရှိကျွန်တော်တို့နိုင်ငံအတွက် အရေးအကြီးဆုံးအလုပ်ဖြစ်ပါတယ်’’ ဟု Ounthuang က အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
"တကယ်လို့ကျွန်တော်တို့ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးထိုးနိုင်ပေးပြီး COVID-19 ရောဂါဖြစ်ပွားမှု လျော့နည်းသွားမယ်ဆိုရင် လာမယ့်လတွေမှာ COVID-19 အန္တရာယ်နည်းပါးတဲ့ နိုင်ငံတွေဆီက ကာကွယ်ဆေးထိုးထားပြီးတဲ့ ခရီးသွားဧည့်သည်တွေအတွက် နယ်စပ်တွေကို ပြန်ပြီးဖွင့်လှစ်ပေးမှာပါ’’ ဟုဆိုသည်။
အောက်တိုဘာ ၂၅ ရက်အထိ လာအိုလူဦးရေ၏ ၄၃.၆၆ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး ၁ကြိမ် ထိုးနှံပြီးဖြစ်ပြီး၊ ၃၇.၄၇ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၂၇ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၇၃၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး လာအိုနိုင်ငံ၌ အောက်တိုဘာ ၂၇ ရက်အထိ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၃၇,၇၅၁ ဦးနှင့် သေဆုံးသူ ၅၈ ဦးရှိကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

(Xinhua)

Read times
Rate this item
(0 votes)