What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 02 April 2020 08:43

ဗီယက်နမ် လော့ဒေါင်းစတင်

ဗီယက်နမ် လော့ဒေါင်းစတင်

ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Nguyen Xuan Phuc က ဟနွိုင်နဲ့ ဟိုချီမင်း မြို့ကြီးတွေ မှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ကူးစက်မှုကို သုံးသပ်ပြီး လိုအပ်ရင် လော့ဒေါင်း ချမှာမို့ အသင့်ပြင်ဆင်ထားဖို့ ကြိုတင်အသိပေးခဲ့ပြီး ၂ ရက်အကြာ ဧပြီလ ၁ ရက် ၂၀၂၀ ခုနှစ်မှာ လော့ဒေါင်း စတင်လိုက်ပါတယ်။
ဧပြီလ ၁ ရက်မှ ၁၅ ရက်အထိ လဝက်ကြာမြင့်မယ်လို့ မတ်လ ၃၁ ရက်မှာ ကျန်းမာရေး ဝန်ကြီးဌာနမှ ကြေညာခဲ့ပါတယ်။ အခြေအနေတွေက မတည်ငြိမ်ဘူး။ အခုကစလို့ ဘာတွေ ဖြစ်လာမလဲဆိုတာ ပြောလို့ မရဘူးလို့ ငါးဈေးမှ ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါတယ်။

ဗီယက်နမ်မှာ ရှိတဲ့ မြို့တွေအားလုံး လူသူစုဝေးမှု ရပ်ဆိုင်းထားပြီး သုံးယောက်ထဲ ပိုမစုရလို့ အမိန့်ထုတ်ပြန်ထားပါတယ်။ မလိုအပ်တဲ့ အစိုးရလုပ်ငန်းတွေလည်း ပိတ်ထားလိုက်တာ ဧပြီလ ၁၅ ရက်အထိ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံသို့ ဆိုက်ရောက်မယ့် လေကြောင်းခရီးစဉ်များကိုလည်း ရပ်ဆိုင်းထားပါတယ်။ ပြည်တွင်းလေကြောင်း ခရီးစဉ်တွေ ဆက်လက် ပြေးဆွဲနေဆဲ ဖြစ်ပေမဲ့ အရေအတွက် လျှော့ချထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ယခုအထိ ကိုဗစ်ကြောင့် သေဆုံးသူ ဗီယက်နမ်မှာ မရှိသေးပါဘူး။ ကူးစက်ခံလူနာဦးရေ ၁၉၄ ဦး ရှိပြီ ဖြစ်ပါတယ်။ ကွာရင်တိုင်းအောက်မှာ နေထိုင်ရသူ ဦးရေ ခုနစ်သောင်းခွဲဝန်းကျင် ရှိပါတယ်။

Read times
Rate this item
(0 votes)