What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 24 August 2020 21:48

လူနာအမှတ် ၄၄၀ နှင့် ၄၄၁ တို့ သွားလာခဲ့သောနေရာများ အသိပေးကြေညာ

Relief International ၏ ရခိုင်ပြည်နယ်၊ မြောက်ဦးရုံးခွဲမှ ဝန်ထမ်းအချို့ Covid-19 ကူးစက်မှုနှင့်ပတ်သက်၍ မိဘပြည်သူများအား လေးစားစွာဖြင့် အောက်ပါအတိုင်းအသိပေးပြန်ကြားအပ်ပါသည်။

 

- Relief International အနေဖြင့် ရခိုင်ပြည်နယ်ရှိ ရုံးခွဲများကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့မှစတင်ကာ ပိတ်ထားခဲ့ပြီး အဖွဲ့အစည်း၏ ဆောင်ရွက်ဆဲလုပ်ငန်းအားလုံးကိုလည်း ယာယီရပ်ဆိုင်းခဲ့ပါသည်။ ထို့အတူ ၎င်းအချိန်တွင် လတ်တလောဖြစ်ပေါ်လျက်ရှိခဲ့သော စစ်တွေမြို့ မှ COVID-19 positive case ( ၄ ) ခုအပါအ၀င် COVID-19 ကူးစက်မှုများကို ကာကွယ်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ Relief International ရုံးအသီးသီးတွင်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ခရီးသွားလာခြင်းကိုလည်း ၎င်းနေ့တွင်ပင် အမိန့်ထုတ်ပြန်ပြီးတားမြစ်ခဲ့ပါသည်

 

- ဩဂုတ်လ ၁၉ ရက်နေ့တွင် RI ၏ မြောက်ဦးရုံးခွဲတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်း တစ်ဦးဖြစ်သည့် case #408 မှာ COVID-19 လက္ခဏာတစ်ချို့ကိုခံစားခဲ့ရကာ ကိုယ်တိုင်သံသယဖြစ်လာသည့်အတွက် ချက်ချင်းပင် မြောက်ဦးမြို့နယ်၊ ပြည်သူ့ဆေးရုံတွင်သီးသန့်ကုသမှုခံယူခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် မြောက်ဦးရုံးခွဲ၊ RI တွင် တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းအားလုံးသည် သက်ဆိုင်ရာစီမံခန့်ခွဲမှုတာဝန်ရှိသူ၏ လမ်းညွှန်ချက်အရ မိမိတို့ နေထိုင်ရာနေအိမ်အသီးသီးတွင် Home Quarantine များအဖြစ် နေထိုင်ခဲ့ကြပါသည်။

 

- ဩဂုတ်လ ၂၁ ရက်နေ့တွင် case# 408 သည် စစ်တွေမြို့၊ ပြည်သူ့ဆေရုံကြီး၏ swab စစ်ဆေးချက်အရ COVID-19 positive အဖြစ်တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် မြောက်ဦးရုံးခွဲတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အားလုံးသည်လည်း သက်ဆိုင်ရာအစိုးရဌာနများ၏ ညွှန်ကြားချက်အတိုင်းလိုက်နာလျက် သတ်မှတ်ထားသော Quarantine နေရာအသီးသီးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါသည်။

 

- ယင်းသို့နေထိုင်စေခဲ့ပြီး ၎င်းတို့၏ swab အသီးသီးကို သက်ဆိုင်ရာကျန်းမာရေးဌာန၏ စစ်ဆေးမှုခံယူခဲ့ရာ ဩဂုတ်လ ၂၂ ရက်နေ့တွင် case# 440 နှင့် case# 441 တို့ကို positive အဖြစ်ထပ်မံသိရှိခဲ့သည့်အတွက် မြောက်ဦးမြို့နယ်ဆေးရုံသို့ ပြောင်းရွှေ့ကုသမှုခံယူလျက်ရှိကြပါသည်။ ကျန်ရှိသောဝန်ထမ်းများအားလုံးမှာ သက်ဆိုင်ရာအစိုးရနှင့် ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနတို့၏ လမ်းညွှန်ချက်များအတိုင်း စစ်ဆေးမှုအသီးသီးခံယူပြီးစီးသည်အထိ သတ်မှတ်ထားသော Quarantine နေရာများတွင် ဆက်လက်နေထိုင်သွားမည်ဖြစ်ပါသည်။

 

- ယခုကဲ့သို့ Relief International, မြောက်ဦးရုံးခွဲတွင် တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများထဲမှ COVID-19 ကူးစက်မှုဖြစ်ပေါ်ခဲ့သည့် case#408, case#440 နှင့် case#441 တို့သည် မြောက်ဦးမြို့ရှိ ရခိုင်စစ််ဘေးရှောင်စခန်းနှင့် မြောက်ဦးမြို့ပေါ်တွင် ကျန်းမာရေးအကူအညီများပေးလျက်ရှိသည့် ဝန်ထမ်းများဖြစ်ကြပါသည်။ ထိုကျန်းမာရေးဝန်ထမ်း သုံးဦးသည် လွန်ခဲ့သော (၂) ပတ်အတွင်းတွင် မြောက်ဦးမြို့နယ်ရှိ ရခိုင်စစ််ဘေးရှောင်စခန်း (၅) ခု ကိုသွားရောက်ကာကျန်းမာရေးစောင့်ရှောက်မူအကူအညီပေးခဲ့ပြီး မြောက်ဦးမြို့နယ်ရှိ မူဆလင် ကျေးရွာများသို့ ၂၀၁၉ ခုနှစ်မှစ၍ သွားရောက်ခဲ့ခြင်း မရှိခဲ့ပါ။

 

- ၎င်းတို့၏ လွန်ခဲ့သောတစ်လအတွင်း သွားရောက်ခဲ့သောခရီးသွားရာဇဝင်များမှာ မြောက်ဦးမြို့ပေါ်၊ မြို့ပေါ်ရခိုင် စစ််ဘေးရှောင်စခန်း (၄)ခု နှင့် စစ်တွေမြို့များဖြစ်ပါသည်။ ရခိုင်ပြည်နယ်ပြင်ပ နှင့် ပြည်ပသို့ ခရီးသွားခြင်းလည်း မရှိခဲ့ကြပါ။

 

- Case# 408 သည် ရခိုင်ပြည်နယ်သို့ ၂၀၂၀ ခုနှစ်၊ မေလ (၄) ရက်နေ့တွင် စတင်ရောက်ရှိခဲ့ပြီး စစ်တွေမြို့တွင် Quarantine တစ်ရက်နေထိုင်ကာ မြောက်ဦးမြို့တွင် သက်ဆိုင်ရာအစိုးရ၏ညွှန်ကြားချက်ကိုလိုက်နာလျက် Quarantine (၂၁) ရက် နေထိုင်ခဲ့သူဖြစ်ပါသည်။

 

- Case# 440 သည် မြောက်ဦးမြို့တွင်နေထိုင်သော ဒေသခံတစ်ဦးဖြစ်ပါသည်။


- Case# 441 သည် ရန်ကုန်မြို့မှ ဇွန်လ (၈) ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာကာ Hotel Quarantine (၂၁) ရက်နှင့်အတူ Home Quarantine (၇) ရက်တို့ကို စစ်တွေမြို့တွင် နေထိုင်ခဲ့သူတစ်ဦးဖြစ်ပါသည်။ ၎င်းကျန်းမာရေးဝန်ထမ်းသည် စစ်တွေမြို့မှ မြောက်ဦးမြို့သို့ ဇူလိုင်လ (၅) ရက်နေ့တွင် ခရီးထွက်ခွါခဲ့ပါသည်။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ပြာကို ထိပါ

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင် ကိုဗစ်လူနာများထားရန် ယာယီ အဆောက်အအုံ (၃၀)လုံး တည်ဆောက် 

 

- ယခုအခါတွင် Relief International အနေဖြင့် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့၏ ညွှန်ကြားချက်များအတိုင်း လိုအပ်သည်များကို အချိန်နှင့်တပြေးညီ လိုက်နာအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း မိဘပြည်သူများကို လေးစားစွာဖြင့် အသိပေးပြန်ကြားအပ်ပါသည်။

 

Relief International, Myanmar Country Office

Read times Last modified on Tuesday, 25 August 2020 10:02
Rate this item
(0 votes)