What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 29 October 2021 09:19

ရွှေလီတွင် ခရီးသွားလာရန် မူဝါဒ အသစ်ပြဋ္ဌာန်း

တရုတ်-မြန်မာ နယ်ခြားမြို့ ရွှေလီတွင် ရွှေလီမှ ထွက်ခွာခွင့် မူဝါဒအပေါ် ပြစ်တင်ဝေဖန်မှုများ ပေါ်ပေါက်နေပြီး (q) ဝင်သည့်နေရာများတွင်

စီမံမှု အမှားအယွင်း ဖြစ်ပေါ်နေသဖြင့် ဒေသအာဏာပိုင်တို့က မူဝါဒ ပြောင်းလဲကျင့်သုံးကြောင်း အသိပေးကြေညာသည်။ COVID-19 ကာကွယ်ရေးနှင့် နယ်ခြားထိန်းချုပ်မှုတွင် လတ်တလောဆောင်ရွက်ချက်များအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်း ဖြစ်သည်။

မြို့တစ်ခုလုံးကို ကိုဗစ်ဖြစ်ပွားနေသည့် အခြေအနေများအရ
အနီ (အန္တရာယ်မြင့်မား) ၊
အဝါ ( အန္တရာယ် အလယ်အလတ်) ၊
အစိမ်း ( အန္တရာယ် နည်းပါး)
ဟူ၍ ဧရိယာ သုံးမျိုး ပိုင်းခြားသတ်မှတ်သည်။

အနီဧရိယာသည် လော့ဒေါင်းချထားသဖြင့် ပြင်ပသို့ ထွက်ခွာခွင့်ပေးမည် မဟုတ်ပေ။

အစိမ်းနှင့် အဝါ ဧရိယာများသည် ဖျားနာနေခြင်း မရှိပါက နာရေးကိစ္စ၊ တရားဝင်အလုပ်ကိစ္စတို့အတွက် ဧရိယာပြင်ပသို့ ထွက်ခွာခွင့် ရှိသည်။ နာရေးကိစ္စဆိုပါက ကိုယ့်စရိတ်ကိုယ်ခံ ၇ ရက်
(q) ဝင်ပြီးမှ ထွက်ခွာရမည် ဖြစ်ပြီး အလုပ်ကိစ္စဆိုပါက ကိုယ့်စရိတ်ကိုယ်ခံ ၁၄ ရက် (q) ဝင်ပြီးမှ ထွက်ခွာရမည်

(q) ဝင်နေသူများ၊ ကူးစက်ခံရဖွယ် ရှိသည့် အန္တဟု သံသယ ရှိသူများ၊ ကူးစက်ခံထားရသူနှင့် အနီးကပ် ထိတွေ့မှု ရှိခဲ့သူများသည် ကိုယ့်စရိတ်ကိုယ်ခံ ၁၄ ရက် သို့မဟုတ် ၂၁ ရက် (q) ဝင်ပြီးမှ ထွက်ခွာခွင့်ကို လျှောက်ထားခွင့် ရှိသည်။


ယခင်မူဝါဒ မှားယွင်းနေသည်ကို ဒေသအာဏာပိုင် ဝဘ်ဆိုက်တွင် စက်တင်ဘာလ ၁၃ ရက်တွင် အင်တာနက်သုံးစွဲသူတစ်ဦးက အသိပေးစာ တင်ခဲ့ပြီးသည့်နောက်တွင် ယခုလို မူဝါဒအသစ် ချမှတ်ပေးလိုက်ခြင်း ဖြစ်သည်။
အသိပေးစာ တင်ပြသူက ၎င်းကိုယ်တိုင်အပါအဝင် ရွှေလီတွင် အလုပ်လက်မဲ့ အများအပြား ရှိနေသည်။ သူအလုပ်ဆုံးရှုံးခဲ့သည်မှာ ငါးလ ရှိနေပြီ။ သူ့မှာ ကျွေးမွေးရသည့် မိသားစုဘရှိနေသည်။ ကျင့်သုံးနေသော မူဝါဒကြောင့် ရွှေလီတွင် ပိတ်မိနေသည်။ ရွှေလီမှ ထွက်ခွာခွင့်မရ။ အစိုးရထံမှ အထောက်အပံ့လည်း မရနိုင် ဖြစ်နေသည်။ သို့ဖြစ်ရာ ဒေသအာဏာပိုင်အနေဖြင့် ထွက်ခွာခွင့် မူဝါဒများကို ချိန်ညှိစေလိုကြောင်း တင်ပြခဲ့သည်။

အဆင်ပြေအောင် ချိန်ညှိပေးသည့်အနေဖြင့် (q) ဝင်ဖို့ စရိတ် မပေးနိုင်သူများသည် အစိုးရမှ စီစဉ်ထားသည့် သီးြခားခွဲပြီးနေထိုင်နိုင်သည့် အိမ်များတွင် (q) ဝင်နိုင်သည်။ ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်ူချုပ်ရေးအဖွဲ့မှ စီစဉ်ပေးထားသော အိမ်များ ဖြစ်သည်။

(q) ဝင်ရသည့်နေရာများတွင် နေရေးထိုင်းရေး အဆင်မပြေခြင်း၊ အစားအစာတစ်နပ် ဝယ်စားရသည့် ဈေးနှုန်း ဈေးကြီးနေခြင်း စသည့်ပြဿနာများ ရှိပါက အသိပေးရန် အရေးပေါ်ဖုန်းလိုင်း ၆ ခု ထားရှိပေးထားသည်။ ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်ူချုပ်ရေးအဖွဲ့မှ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးမည် ဖြစ်သည်။

ရွှေလီသည် ကိုဗစ်ကူးစက်ပျံ့ပွားသည့် လှိုင်းကို ၄ ကြိမ် ကြုံခဲ့ပြီးပြီဖြစ်သည်။

Global Times

Read times
Rate this item
(0 votes)