What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 April 2020 12:42

အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ် Boris Johnson ဆေးစစ်မှု့ ထပ်မံခံယူ

90251442_832926683874316_4730726126572273664_n.png

 

အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ် အသက် ၅၅ နှစ်အရွယ် Boris Johnson က ဆေးစစ်မှုအဖြေတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါရှိနေ ပြီဟု သိရှိရပြီး ၁၀ ရက် အကြာ ကိုရိုနာရောဂါ လက္ခဏာများ ခံစားရကာ ကိုယ်အပူချိန်ပါမြင့်တက်လျက် မနေ့က ( တနင်္ဂနွေ နေ့) ညနေပိုင်း တွင် ဆေးထပ်မံစစ်ဆေးခဲ့တယ်လို့သိရပါတယ်။

 

ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးရဲ့ပြောစကားအရ ‘ ကာကွယ်တဲ့ အဆင့်မှာတင် ဗြိတိန်ဝင်ကြီးချုပ်ဟာ ကိုရိုနာရောဂါ လက္ခဏာတွေထက်တလဲလဲ ခံစားရတယ် ‘ သိရပါတယ်။ဝန်ကြီး ရဲ့ ဆရာဝန်ဖြစ်သူ ပြောကြားချက်အရတော့ Boris ဟာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အနေအထား ( အရေးပေါ်အခြေအနေ ) အထိတော့မရှိပါဘူး သို့ပေမဲ့ သူ့ ရောဂါ ဝေဿနာက ကြာရှည်နေတယ်လို့ သိရပါတယ်။

 

မတ်လ ၂၆ ရက်နေ့မှာ Boris ဟာ အပျော့စား ကိုရိုနာ ဗိုင်းရစ်ရဲ့ လက္ခဏာ တစ်ခုကို ခံစားရတယ် ချောင်းချောက် ဆိုးတယ် ကိုယ်အပူရှိန်မြင့်တက်လာတယ် ဆိုကာ သူ့ရဲ့ Twitter မှာ တင်ထားခဲ့ပါတယ် နေမကောင်းရက်နဲ့ Boris က အင်္ဂလန်န်ုင်ငံ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု့ ဌာနကို Support နေစဲပါ။ ပြီးနောက်စမ်းသပ်ကြည့်ရာမှ သူရောဂါရှိနေခဲ့တာပါ။

 

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ ကတည်းက ထို ရောဂါ ဖြစ်နေကြောင်း သိရှိရပြီး ၇ ရက် တစ်ဦးတည်းသီးသန့် ခွဲနေခြင်း ဖြင့် ထိုအခြေအနေကို ဗြိတိန် အစိုးရက ထိမ်းသိမ်းခဲ့ပါတယ်။ပြောရေးရှိခွင့် ရှိသူတစ်ဦး ပြောဆိုချက် အရ Boris က အစိုးရဌာနရဲ့ ညွှန်ကြားမှု့ အတိုင်းပဲ နေထိုင်ခဲ့တယ်သိရပါတယ်။Boris ဟာ သူ့ ကိုယ်ဝန်သည်အမျိုးသမီးနဲ့ ခွဲခွာနေတယ်သိရပါတယ်။

 

ဝန်ကြီးချုပ်ဟာ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှု့ အဖွဲ့ အစည်း ရဲ့ ကြိုးပမ်းဆောင်ရွက် မှု့ တွေ ကို ကျေးဇူးတင်နေကြောင်း အိမ်မှာနေထိုင်ဖို့ ညွှန်ကြားတာကို ဝမ်းမြှောက် မိကြောင်း ,အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှု့ အဖွဲ့ အစည်း ကို ပိုပြီး ထောက်ပံ့ပြီး အသက်များများကယ်သင့်ကြောင်း ပြောကြားတယ်လို့ ပြောဆိုခွင့် ရှိသူတစ်ဦးက ပြောကြားထားပါတယ်။

 

Boris ဟာ သူရဲ့ အင်္ဂလန်နိုင်ငံ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ် စံအိမ်တွင် သီးသန့် နေနေတယ်သိရပါတယ်။ Boris ဟာ အင်္ဂလိပ်အစိုးရရဲ့ အဖွဲ့ ဝင်တွေထဲမှာ ပထမဆုံးဈေးဦးပေါက်သူတော့ မဟုတ်ပါဘူး ကျန်းမာရေး ဝန်ကြီး Nadine Dorries နဲ့ အတွင်းရေးမှုး Matt Hancock တို့လည်း အဖျားဝင်ခဲ့တယ်သိရပါတယ် ဒါပေမဲ့ ကိုယ်ခံအားကြောင့် ထင်ပါတယ် သူတို့နှစ်ဦးက တစ်ဦးတည်းသီးသန့် ခွဲနေခြင်း ကာလ ကနေထွက် လာကြပါပြီ။

 

တနင်္ဂနွေနေ့ရဲ့ ဗြိတိန်နိုင်ငံ ကိုရိုနာ ဗိုင်းရစ် ရောဂါရှိသူ ဦးရေမှာ ၄၈၄၀၇ ယောက်ရှိပြီး သေဆုံးသူ ၄၉၄၃ ယောက်ရှိတယ်လို့ အတည်ပြု ထားတယ်သိရပါတယ်စိစစ်ရှာဖွေရေးတက္ကသိုလ် Johns Hopkins ကိုရိုနာ ဗိုင်းရစ် ရောဂါရှိသူဦးရေမှာကမ္ဘာ နဲ့ တစ်လွား မှာဆို ၁.၂၆ မီလီယံ ကျော် ရှိပြီး ၆၈၄၀၀ ကျော်သေဆုံးထားတယ်သိရပါတယ်။

 

90165828_212716063139335_1462378197545910272_n.png

Ref: BBC UK

Read times Last modified on Monday, 06 April 2020 13:02
Rate this item
(1 Vote)