What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 29 October 2021 17:20

တရုတ် ရွှေလီမြို့မှာ ကိုဗစ်ကပ်ဘေးကန့်သတ်မှုတင်းကျပ်

မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့ကနေ ထွက်ချင်သူတွေအနေနဲ့ မဖြစ်မနေ

အကြောင်းပြချက်တချို့နဲ့ ထွက်တာကလွဲလို့ အနည်းဆုံး ခုနစ်ရက်ကြာ သီးခြားခွဲနေပြီးတော့မှ ထွက်ခွင့်ရမယ်လို့ ရွှေလီအာဏာပိုင်တွေက ဒီကနေ့ ကြေညာပါတယ်။ မြို့မှာစီစဉ်ထားတဲ့ တစုတစည်းတည်း နေရာတွေမှာ သီးခြားခွဲနေကြရမှာပါ။

ရွှေလီမြို့တွင်းမှာကိုပဲ ကိုဗစ်ရောဂါကူးစက်မှုတွေ ရှိခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံမှာ ကိုဗစ်ဆိုင်ရာ ချမှတ်ခဲ့တဲ့ ကန့်သတ်မှုတွေထဲ အတင်းကျပ်ဆုံး ကန့်သတ်ချက်တွေကို ချမှတ်ထားတာပါ။

ယူနန်ပြည်နယ်ဟာ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး မိုင်ပေါင်း ၂,၄၀၀ ကျော်ရှိတဲ့ နယ်စပ်တလျှောက် တရားမဝင် ဝင်လာတာတွေကို တားဆီးဖို့ ကြိုးစားနေရပါတယ်။

တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ ရက်ကစပြီး ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန်ကူးစက်မှုတွေ ဖြစ်လာခဲ့ပြီးကတည်းကဆိုရင် ပြည်တွင်းမှာတင် ဗိုင်းရပ်စ်ကူးစက်သူအရေအတွက် ၂၅၀ နီးပါးရှိနေပါပြီ။

အောက်တိုဘာလ ၂၆ရက်နေ့က ပြည်တွင်းမှာတင် နောက်ထပ်ရောဂါကူးစက်သူ အယောက် ၅၀ ရှိတယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်တာကြောင့် စက်တင်ဘာလ ၁၆ ရက်နေ့ကတည်းကဆိုရင် တရက်အတွင်း ကူးစက်သူအရေအတွက် အများဆုံးဖြစ်ပါတယ်။

ရှေ့နှစ် ဖေဖော်ဝါရီလမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်အားကစားပွဲအတွက် COVID-19 ကပ်ရောဂါဟာ အကြီးမားဆုံး ရင်ဆိုင်ရတဲ့ကိစ္စဖြစ်တယ်လို့ တရုတ်အစိုးရက ပြောထားပါတယ်။

ဗီအိုအေ

Read times
Rate this item
(0 votes)