What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 13 April 2020 14:15

အင်္ဂလန်ဝန်ကြီးချုပ် Boris Johnson ရဲ့ ရင်တွင်းစကား

COVID.png

 

အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ် Boris Johnson ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ဆေးရုံမှ ဆင်းလာခဲ့ပါပြီ။ဆေးရုံက ဆင်းလာတဲ့အချိန်မှာ Boris ဟာ ကျွန်တော့် ကိုရိုနာရောဂါ ကုသမှု့ခံယူတဲ့ အချိန်မှာ St Thomas' ဆေးရုံမှ ဆရာဝန်တွေ သူနာပြု တွေအား ကျေးဇူးတင်လို့ မဆုံးပါဘူး တကယ့်ကို ဘ၀ နဲ့ ရင်းပြီး ကျေးဇူးကြွေး အများကြီးတင်နေပါပြီ လို့ ပြောကြားခဲ့ပါပြီ။

 

အသက် ၅၅ နှစ်အရွယ် Boris Johnson က ဆေးစစ်မှုအဖြေတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါရှိနေ ပြီဟု သိရှိခဲ့ရပြီး ၁၀ ရက် အကြာ ကိုရိုနာရောဂါ လက္ခဏာများ ခံစားရကာ မသက်သာပဲ ကိုယ်အပူချိန်ပါမြင့်တက်နေသဖြင့် ပြီးခဲ့တဲ့ အပတ် ( တနင်္ဂနွေ နေ့) ညနေပိုင်း တွင် St Thomas' ဆေးရုံ ကိုတက်ခဲ့ရပါတယ်။တနင်းလာနေမှာတော့ သူဟာ အထူးကြပ်မတ်စောင့်ကြည့် ဌာနမှာဆေးကုသမှု့ ခံယူခဲ့ရပါတယ်။

 

ထိုအထူးကြပ်မတ်ကုသတဲ့ ၄၈ နာရီအတွင်း တကယ့်ကိုတော်တဲ့ သူနာပြု နှစ်ဦးဟာ သူ့ကုတင်ဘေးမှာ တစ်ချိန်လုံးနေလျက် သူ့အား ပြန်လည် ထူထောင်နိုင်လောက်တဲ့ အထိ ရောဂါ ကုသပေးခဲ့တဲ့ အပြင် စိတ်ခွန်အားပါပေးခဲ့တယ်လို့ သူက ပြောပါတယ်။  Boris ဟာ အဆိုပါ St Thomas' ဆေးရုံမှာ ခုနှစ်ည နေပြီး ပြီးခဲ့တဲ့ တနင်္ဂနွေ မှာ ရောဂါသက်သာ လာကာ အခု အချိန်မှာ တော့ သူ့ ရဲ့ ဝန်ကြီးချုပ် နေအိမ်ဖြစ်တဲ့ လန်ဒန်မြို့ မြှောက်ပိုင်းရှိ ဘက်ကင်ဟန်ရိုင်းယား နေအိမ်မှာ ပြန်လည် ကောင်းမွန်အောင် နလန်ထူမယ်သိရပါတယ်။

 

HPD.png

 

ဝန်ကြီးချုပ်ဟာ သူဆေးရုံ မှာ နေခဲ့ရစဉ် သူရဲ့ အိပ်ယာပေါ်ကနေ ဂိမ်းကစားတယ် , ရုပ်ရှင် ကြည့်တယ် လမ်းအနည်းငယ်လျှောက်တယ် ထို့အပြင် စာဖတ်တယ်သိရပါတယ်။ထို့အပြင် Boris ဟာ ဆေးရုံတက်နေစဉ် သူ့စေ့စပ်ထားသူ ကိုယ်ဝန်သည် အမျိုးသမီးနဲ့ ခွဲခွာနေရပေမဲ့ သူမထံမှ ပေးတဲ့ စာ များကိုရရှိတဲ့ အပြင် သန္ဓေသားလေးကို ရိုက်ပြတဲ့ ဓာတ်မှန်ပုံပါကြည့်ရခဲ့ပါတယ်တဲ့ ။

 

Boris ဟာ မကျန်းမာဆုံးအခြေအနေမှာ ထိုပျော်စရာလေးများကို တွေးတောတဲ့ စိတ်ဖြင့်သာ အသက်ဆက်ခဲ့တယ်သိရပါတယ်။Boris ဟာ အင်္ဂလန်တွင် ၉၁၇ ယောက် သေဆုံးပြီးချိန် မှာ ရောဂါရှိသူအဖြစ် အတည်ပြု ခဲ့တာပါ ( ထိုသေဆုံး သွား သူများ ထဲတွင် ၁၁ နှစ်အရွယ် ကလေးလည်း ပါဝင်ပါတယ် အခုတော့ အင်္ဂလန်နိုင်ခဲ့ရဲ့ ကိုဗစ်ကြောင့် သေဆုံး သူ ဦးရေ ၉၈၇၅ ယောက်ရှိပါပြီ။

 

ကျန်းမာ ရေး ဌာနရဲ့ အတွင်းဝင်ဖြစ်တဲ့ Matt Hancock ဟာ ယခုကာလ အတွင်းမှာတောင် အင်္ဂလန်နိုင်ငံ ရဲ့ ကျန်းမာရေး ဌာန ဖြစ်တဲ့ NHS မှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၁၉ ယောက် လောက်ရောဂါကုရင်း ကူးစက်ခံရကာသေဆုံးခဲ့ရပါပြီတဲ့။  အတွင်းဝန်တစ်ဦးဖြစ်တဲ့ Priti Patel ပြောကြားချက်အရ သူမ အနေနဲ့ အခုလိုတွေဖြစ်လာမယ်လို့ မတွေးထားပါပြီး ကျန်းမာရေး ပိုင်းဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ ပစ္စည်းကိရိယာ အစုံ ထားပေးပါလျက် အခုလို ဖြစ်ရတာ သူမယူကြုံးမရပါဘူးတဲ့။

 

မိုးတွေ သည်းကြီးမည်းကြီး ရွာ ပြီးခဲ့ ရင်တော့ ရောင်နီသာလာမှာပါ အခုလို ဒီအခြေဆိုးများ ပြီးသွားရင်တော့ ကမ္ဘာကြီးရဲ့ သာယာတဲ့ နေ့သစ်လေးတွေလာမှာပါ ထိုနေ့ သစ်လေးတွေမှာ လူသားအားလုံး ပြန်လည် ပျော်ရွှင်ရတော့ မှာပါ အားတင်းထားပါ။ 

Read times
Rate this item
(0 votes)