What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 30 November 2021 20:22

Omicron ကိုဗစ်မျိုးကွဲကူးစက်သူတွေ့ရှိကြောင်း ဂျပန်နဲ့ပြင်သစ်အတည်ပြု

Omicron ကိုဗစ်မျိုးကွဲကူးစက်သူတွေ့ရှိကြောင်း ဂျပန်နဲ့ပြင်သစ်အတည်ပြု

ဂျပန်နဲ့ ပြင်သစ်နိုင်ငံတို့ဟာ သူတို့ရဲ့ပထမဆုံး အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ် ကူးစက်လူနာ တွေ့ရှိကြောင်း အင်္ဂါနေ့မှာ ကြေညာလိုက်ကြပါတယ်။

အစောပိုင်း တွေ့ရှိရတဲ့ အထောက်အထားတွေအရ အိုမီခရွန် မျိုးကွဲဗိုင်းရပ်ရဲ့ ကမ္ဘာ့ အန္တရာယ်ဟာ အလွန့်ကိုမြင့်မားပြီး အလေးထားလောက်တဲ့ အကျိုးဆက်တွေနဲ့ ကူးစက်မှုမြင့်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တနင်္လာနေ့က သတိပေးထားပါတယ်။

ဂျပန်နိုင်ငံမှာတွေ့ရှိရတဲ့လူနာကတော့ တနင်္ဂနွေနေ့က လေဆိပ်အရောက် စစ်ဆေးလိုက်ရာက တွေ့ရှိရတဲ့လူနာ ဖြစ်ပါတယ်။ သူ့အသက်က ၃၀ အတွင်းမှာရှိပြီး ဆေးရုံတရုံ မှာ သီးခြားခွဲထား ဆေးကုသပေးနေတယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် Hirokazu Matsuno က ပြောပါတယ်။ ဗိုင်းရပ်ရဲ့မျိုးဗီဇ စစ်ဆေးချက်က တောင်အာဖရိကမှာ ပထမဆုံး စတွေ့ခဲ့တဲ့ အိုမီခရွန် မျိုးကွဲကူးစက်ခံခဲ့ရတာကို အင်္ဂါနေ့မှာ အတည်ပြုပေးပါတယ်။

ပြင်သစ်နိုင်ငံကတော့ သူပိုင် အိန္ဒိယသမုဒ္ဒရာထဲက Reunion ကျွန်းမှာ မိုဇမ်ဘစ်နဲ့ တောင်အာဖရိကကို ခရီးသွားခဲ့တဲ့သူတဦးမှာ အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ကို တွေ့ရှိခဲ့တာပါ။ သူ့အသက်က ၅၃ နှစ် ဖြစ်ပါတယ်။ သူ့ကိုလည်း သီးခြားခွဲထားကုသပေးနေပါတယ်။

အိုမီခရွန်မျိုးကွဲကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် အရေးပေါ် ထိန်းချုပ် ကန့်သတ် ချက်အဖြစ် နိုင်ငံခြားခရီးသည်အားလုံး ဂျပန်နိုင်ငံ ဝင်ရောက်ခွင့်ကို အင်္ဂါနေ့မှာ စတင် ပိတ်ပင်မယ်လို့ ဂျပန်ဝန်ကြီးချုပ်က တနင်္လာနေ့ က ကြေညာခဲ့တာပါ။

VOA

Read times
Rate this item
(0 votes)