What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 11 December 2021 10:18

ထိုင်းနိုင်ငံမှာ Omicron ပိုးသစ်တွေ့သူ ၃ ဦးထက်မနည်းရှိ

ထိုင်းနိုင်ငံမှာ Omicron ပိုးသစ်တွေ့သူ ၃ ဦးထက်မနည်းရှိ

ထိုင်းနိုင်ငံမှာ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးအသစ် omicron ကူးစက်သူ ၂ဦးထပ်တိုးပြီး စုစုပေါင်းကူးစက်သူ ၃ဦးရှိသွားပေမယ့် စီးပွားရေးလုပ်ငန်းတွေပြန်လည်စတင်လည်ပတ်နေတဲ့ကာလမို့ ထိုင်းနိုင်ငံကို ပိတ်ဆိုကန့်သတ်မူ့တွေလုပ်ဖို့အစီစဉ်မရှိသေးဘူးလို့ ထိုင်းကျန်းမာရေးဒုဝန်ကြီ Mr. Anutin Charnvirakul ကဆိုပါတယ်။


ထိုင်းနိုင်ငံမှာ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးအသစ် omicron ကူးစက်သူ ၂ ဦး ထပ်မံတွေ့ရှိတယ်လို့ ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာ ထိုင်းကပ်ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ ၂ ဦးနဲ့ဆိုရင် လက်ရှိ ထိုင်းနိုင်ငံမှာ အိုမီခရွန် ကူးစက်ခံထားရသူ ၃ ဦးရှိနေပြီဖြစ်ပါတယ်။ဒါအပြင် သံသယရှိသူ လူနာတဦးကိုလည်း ထပ်မံတွေ့ရှိထားပါတယ် ။ အခုလို ဗီဇပြောင်း ကိုဗစ်ရောဂါပိုးအသစ် omicron ကူးစက်သူတွေတိုးလာနေပေမယ့် ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံမှာပိတ်ဆိုကန့်သတ်တဲ့ Lock down လုပ်တာမျိုးတွေ ထပ်လုပ်အုန်းမှာမဟုတ်ဘူးလို့ ကျန်းမာရေးဒုဝန်ကြီး Mr.Anutin Charnvirakul က ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ် ။

"ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် omicronနဲ့ ပတ်သက်လို့ လူနာတွေတိုးလာပေမယ့် lock Down လုပ်ဘို့ အစီစဉ်မရရှိသေးပါဘူး။ နိုင်ငံမှာစီးပွားရေး လုပ်ငန်းတွေပြန်လည်စတင်တာမကြာသေးတဲ့အတွက် ပြည်သူတွေရဲ့ စီပွားရေး လုပ်ငန်းတွေ ပြည်လည်ပတ်နေတဲ့အချိန်မှာ ကျနော်တို့အနေနဲ့ ရောဂါကို ထိမ်းချုပ်ကုသနိုင်ဖို့ကို သာ ဦးစားပေးလုပ်ဆောင်မယ်ဆိုတဲ့အကြောင်း ထိုင်းဘာသာနဲ့ပြောဆိုသွားတာပါ"

ဗီဇပြောင်း ကိုဗစ်ရောဂါပိုးအသစ် omicron ရှိတဲ့လူနာအသစ်တွေ့ရှိမူနဲ့ ပတ်သက်လို့ ကုသရေးသိပ္ပံ ညွန်ကြားရေးမှူးချုပ် Dr. Supakit Sirilak ကတော့ ထိုင်းဘာသာနဲ့အခုလိုပြောဆိုသွားပါတယ်။

လောလောဆည်စစ်ဆေးချက်အရ ၃ဦးတွေ့ပါတယ်။ ၂ဦးကိုတော့အတည်ပြုနိုင်ပါတယ်။ နောက်တဦးကတော့စီစစ်ဆဲဖြစ်ပါတယ်လို့ သူက ပြောသွားတာပါ

ပထမဆုံးအတည်ပြုလူနာကတော့ စပိန်ကနေရောက်ရှိလာတဲ့အသက် 35 နှစ်အရွယ် အမေရိကန်အမျိုးသားတစ်ဦးဖြစ်ကြောင်း နောက်ထပ်တွေ့ရှိတဲ့ ၂ဦးကတော့ နိုင်ဂျီးရီးယားနိုင်ငံကနေ ပြန်လာတဲ့ထိုင်းအမျိုးသမီး၂ဦးဖြစ်တယ်လို့ဆိုပါတယ်။

အသက် ၃၆ နှင့် ၄၆ နှစ်ရှိတဲ့ထိုင်းအမျိုးသမီး ၂ ဦးကတော့ Omicron ကူးစက်မှုရှိနေတာကိုအတည်ပြုနိုင်တယ်လို့လည်းသူကပြောပါတယ်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကနေ ပြန်လာခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကတော့ Omicron ဖြစ်နိုင်ချေကို တွေ့ရှိခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ပေမယ့် သူ့ကိုတော့စီစစ်ဆဲဆိုတာကိုပြောဆိုခဲ့ပါတယ် ။ သူတို့ကိုတော့ ဆေးရုံမှာ သီးသန့်ခွဲထားပြီး သူတို့နဲ့အနီးကပ်ထိတွေ့ခဲ့သူများကို ရှာဖွေနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Omicron ကူစက်မူ့တွေကပြည်ပကနေ လာတာဖြစ်ပြီး ပြည်တွင်းကနေ ကူးစက်တာတွေ မရှိသေးပါဘူးဆိုပြီးတော့ ဒေါက်တာ Supakit က ပြောပါတယ်။ ထိုင်းနိုင်ငံတွင်းOmicron ကူးစက်မူ့တွေရှိလာပြီးတဲ့နောက် အာဖရိကနိုင်ငံတွေထဲကတချို့ကိုပြည်ဝင်ခွင့်ပိတ်ခဲ့သလို့ ထိုင်းမြန်မာနယ်စပ်အပါအဝင် နယ်စပ်တွေကိုလည်း တင်းတင်းကြပ်ကြပ်စစ်ဆေးမူတွေ ပိုလုပ်လာပြီး ဖမ်းမိသူတွေကို ကိုဗစ်စစ်ဆေးတာတွေကိုမြန်မြန်ဆန်ဆန်ပိုလုပ်လာပါတယ်။

ကိုဗစ်ဒုတိယလှိုင်းနဲ့ တတိယလှိုင်းတွေမှာမြန်မာရွှေပြောင်းအလုပ်သမားတွေ အစုလိုက်အပြုံလိုက်ကူးစက်မူတွေဖြစ်ခဲ့တဲ့အတွက် ထိုင်းအစိုးရဟာ တရားဝင်ကော တရားမဝင်ကော အထောက်အထားမဲ့အားလုံးကို ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးနှံပေးနေပါတယ်။

မြန်မာအလုပ်သမားတွေကြားမှာလည်း ဗီဇပြောင်းကိုဗစ်ရောဂါအသစ် Omicron နဲ့ပတ်သက်ပြီးစိုးရိမ်မူတွေရှိပြီး အလုပ်ရုံစက်ရုံတွေပိတ်တာတွေ အလုပ်တွေရပ်နားတာမျိုးတွေ ထပ်ဖြစ်လာမှာကိုပဲ စိုးရိမ်မူတွေရှိနေတာပါ။ ဒီအတွက် ကာကွယ်ဆေးထိုးခွင့်မရသေးသူတွေဟာ ထိုင်းနိုင်ငံတွင်းက ပုဂလိက ဆေးရုံတွေမှာလည်း အခကြေးငွေပေးပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံတာတွေကို လုပ်နေကြပါတယ်။

ဗီအိုအေ

 
Read times Last modified on Saturday, 11 December 2021 10:24
Rate this item
(0 votes)