What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 27 September 2020 08:30

တပ်မတော် COVID-19 ကုသရေးဆေးရုံများတွင် အရပ်သားပိုးတွေ့လူနာများကို စတင်လက်ခံကုသ

တပ်မတော်မှ ဖွင့်လှစ်သည့် COVID-19 ဓာတ်ခွဲအတည်ပြုလူနာကုသရေးဆေးရုံများတွင် အရပ်သားပိုးတွေ့ လူနာများကို

စတင်လက်ခံကုသပေးလျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါပိုး တွေ့ရှိလူနာ တိုးပွားလျက်ရှိပြီး ကုသပေးရန်နေရာအခက်အခဲများ ရှိလာသည့်အတွက် တပ်မတော်အနေဖြင့် နေရာ ၄ နေရာကို COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာကုသရေး ဆေးရုံများအဖြစ် ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ၄ နေရာမှာ မှော်ဘီမြို့ရှိ တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း၊ ရဲမွန်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်း၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာ မဟာ သာသနာ့ဗိမာန်တော်တို့ ဖြစ်သည်။

ယင်းကုသရေးဆေးရုံများတွင် ဆေးရုံသုံးစက်ကိရိယာများ၊ ဆေးဝါးများ၊ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများကို ပြည့်စုံစွာထားရှိ၍ တပ်မတော်မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြုများဖြင့် လက်ခံကုသ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ယခုအခါ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြုလူနာသံဃာတော် ၁၈၈ ပါး၊ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်တန်းကျောင်းတွင် သံဃာတော် ၁၆၁ ပါးနှင့် အရပ်သားပိုးတွေ့လူနာ ၁၅၄ ဦး တို့ကို စတင်လက်ခံကုသပေးလျက်ရှိသည်။

အဆိုပါဓာတ်ခွဲအတည်ပြုလူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လည်း တပ်မတော်မှသာ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်အသိပေးထားသည်။
https://myotaw.news/

Read times
Rate this item
(0 votes)