What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 September 2021 13:27

စင်ကာပူနိုင်ငံသို့သွာရောက်မည့် ခရီးသည်များ သိထားရမည့် အချက်များ

စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်သည့် ခရီးသည်များအားလုံး

(စင်ကာပူနိုင်ငံသားနှင့် အမြဲတမ်းနေထိုင်ခွင့် PR -Permanent Resident ရထားသူများအပါအဝင်) ကင်းလွတ်ခွင့် ရသူများမှအပ

စင်ကာပူနိုင်ငံသို့ မလာရောက်ခင် (၄၈) နာရီအတွင်း စစ်ဆေးထားသော COVID-19 ရောဂါကင်းရှင်းသည့် Polymerase Chain Reaction (PCR) test result ပါရှိရန် လိုအပ်ပါသည်။

COVID-19 PCR Negative Test Result ပြသရန် မလိုအပ်သူများမှာ
အသက် (၃)နှစ်အောက် ကလေးငယ်များ
စင်ကာပူနိုင်ငံသို့မသွားရောက်မီ (၂၁)ရက်အတွင်း ဟောင်ကောင်၊ မကာအို၊ တရုတ်နှင့် ထိုင်ဝမ် သို့သာ ခရီးသွားထားသောသူများ
စင်ကာပူနိုင်ငံရှိ သက်ဆိုင်ရာအစိုးရဌာနမှ PCR Test စစ်ဆေးရန်မလိုကြောင်း Exemption Letter ရရှိထားသူများ

စင်ကာပူနိုင်ငံသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ဖြင့် သွားရောက်မည့် ခရီးသည်များအနေဖြင့် မိမိ စီးနင်းလိုက်ပါမည့် လေယာဉ်၏ထွက်ခွာချိန် မတိုင်မှီ (၄၈)နာရီအတွင်းစစ်ဆေးထားသော COVID-19 PCR Test (Negative Result) ကိုပြသပေးရမည် ဟုဆိုရာမှာ ဥပမာ - လေယာဉ်ထွက်ခွာမည့်ရက် ၂၀ အောက်တိုဘာ ၂၀၂၁ ဖြစ်ခဲ့သော် COVID-19 PCR Test အား ၁၈ အောက်တိုဘာ ၂၀၂၁ ထက် စော၍စစ်ဆေးခြင်း မပြုလုပ်ရန် ဖြစ်ပါသည်။

သတိပြုရန်
စင်ကာပူနိုင်ငံသို့သွားရောက်မည့် ခရီးသည်များအနေဖြင့် COVID-19 PCR Test (Negative Test Result) အပြင် နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် အခြားလိုအပ်သော သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများ စုံလင်စွာပြသနိုင်ရန်လိုအပ်ပါသည်။

စင်ကာပူနိုင်ငံသို့သွားရောက်ရန်လိုအပ်သော အထောက်အထားများ၏ အသေးစိတ်ကို SafeTravel Website (https://safetravel.ica.gov.sg) နှင့် Frequently Asked Questions (FAQs) များအား (https://safetravel.ica.gov.sg/health/covid19-tests/pcrtest) website များတွင် ဖတ်ရှုလေ့လာ နိုင်ပါသည်။

 

 

 

Read times
Rate this item
(0 votes)