What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 25 December 2021 11:37

အာဖရိက ၈ နိုင်ငံက ခရီးသွားတွေအပေါ် ကန့်သတ်ချက်တွေ အမေရိကန်ပြန်ရုပ်သိမ်းမည်

အာဖရိက ၈ နိုင်ငံက ခရီးသွားတွေအပေါ် ကန့်သတ်ချက်တွေ အမေရိကန်ပြန်ရုပ်သိမ်းမည်

ကိုဗစ်ရောဂါ ကူးစက်မှုအန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အာဖရိကနိုင်ငံတောင်ပိုင်း ၈ နိုင်ငံက ခရီးသွားတွေကို ပြည်ဝင်ခွင့် ကန့်သတ်ထားတာကို လာမယ့် နှစ်သစ်ကူးအကြိုနေ့မှာ ရုပ်သိမ်းပေးမယ့်အကြောင်း သောကြာ နေ့မှာအမေရိကန်သမတအိမ်ဖြူတော်က ထုတ်ပြန်ကြေငြာပါတယ်။

အာဖရိကတိုက် တောင်ပိုင်း နိုင်ငံတချို့မှာ Omicron ရောဂါပိုးသစ် ကူးစက်မှုတွေ့ရှိကြောင်းအတည်ပြုချက် ထွက်ပေါ်ခဲ့ပြီးနောက် တောင်အာဖရိက၊ ဘော်စဝါနာ၊ ဇင်ဘာဘွေ၊ နမ်ဘီယာ၊ လီဆိုတို၊ အက်စဝါတီနီ၊ မိုဇမ်ဘစ် နဲ့ မာလဝီ နိုင်ငံတွေကနေအမေရိကန်ပြည်ထောင်စကို လာရောက်မယ့် အမေရိကန် နိုင်ငံသားမဟုတ်တဲ့ ခရီးသွားတွေအပေါ် ကန့်သတ်မှုတွေကို နိုဝင်ဘာလ ၂၉ ရက်နေ့ကချမှတ်ခဲ့တာပါ။

ခရီးသွားတွေအပေါ် ကန့်သတ်ချက်တွေ ပြန်ရုပ်သိမ်းဖို့ အမေရိကန်ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးဌာန CDC က ထောက်ခံချက် ပေးခဲ့ကြောင်းလည်း အမေရိကန်သမတအိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Kevin Munoz က တွစ်တာမှာဖေါ်ပြခဲ့ပါတယ်။

ခရီးသွားတွေအပေါ် ကန့်သတ်ချက်တွေကြောင့် Omicron ပိုးကိုနားလည်အောင် လေ့လာဖို့အချိန်ကာလတခုရရှိခဲ့ပြီး လက်ရှိသုံးနေတဲ့ ကာကွယ်ဆေးတွေဟာ Omicron ကိုဗစ်မျိုးကွဲကိုကာကွယ်ရာမှာ ထိရောက်မှုရှိတယ်လို့ ပညာရှင်တွေ ယူဆထားကြောင်းလည်း ပြောပါတယ်။

အခုအခါ Omicron မျိုးကွဲသစ်ဟာ ကာကွယ်ဆေးထိုးထားသူတွေအပါအဝင် အမေရိ ကန်ပြည်ထောင်စုအတွင်းအလျင်အမြန်ကူးစက်နေပြီး၊ ဆေးရုံတင်ရသူ အများစုကတော့ ကာကွယ်ဆေးထိုးမထားသူတွေဖြစ်တယ်လို့ သမတအိမ်ဖြူတော်ပြော ခွင့်ရပုဂ္ဂိုလ်ကတွစ်တာမှာရေးသားဖေါ်ပြခဲ့ပါတယ်။

 VOA

Read times Last modified on Saturday, 25 December 2021 11:41
Rate this item
(0 votes)