What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 23 April 2020 19:08

ညမထွက်ရအမိန့်ကို ဇွန်လ ၁၈ ရက်နေ့အထိ သတ်မှတ်အတည်ပြု

ဒီအမိန့်ကို ဧပြီလ ၁၈ ရက်ကစတင်ပြီး နှစ်လကြာ သတ်မှတ်အတည်ပြုလိုက်ပါတယ်။

 

ရန်ကုန်တိုင်းမှာ ဧပြီလ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယင်းအမိန့်မှာ နှစ်လကြာ အတည်ဖြစ်မယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးက  အတည်ပြုပြောကြားပါတယ်။

 

" ဧပြီလ ၁၈ ရက်နေ့တုန်းက ထုတ်ထားတဲ့ ညမထွက်ရ အမိန့်ဟာ နောက်ထပ် ၂ လအထိ အတည်ဖြစ်တယ်။ ဇွန်လ ၁၈ ရက်နေ့အထိ ဖြစ်သွားမှာပေါ့။ ကျွန်တော်တို့ကို ထွေအုပ်ဦးစီးဌာနက မတ်လ ၂၂ ရက်က ညွှန်ကြားထားပြီးဖြစ်ပါတယ်" လို့ ဗိုလ်တစ်ထောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက ပြောပါတယ်။

 

ရန်ကုန်တိုင်းအတွင်း ကိုကိုးကျွန်းကလွဲပြီး မြို့နယ်တိုင်းကို ဧပြီလ ၁၈ ရက်နေ့ညက စတင်ကာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

ဒီကနေ့မှာပဲ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး ဗဟို ကော်မတီကထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ ညွှန်ကြားချက် တွေကို ဧပြီလ(၃၀)ရက်နေ့မှ မေလ (၁၅)ရက်နေ့ အထိ တိုးမြှင့် သတ်မှတ်ဖို့ဆုံးဖြတ်ကြောင်းနိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ Facebook ကနေတစ်ဆင့် အသိပေးပြောကြားထားပါတယ်။

 

Duwun

Read times
Rate this item
(0 votes)