What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 26 December 2021 09:08

Omicron ကိုဗစ်မျိုးကွဲ အာရှ-ပစိဖိတ်မှာ အလျင်အမြန် ကူးစက်နေ

Omicron ကိုဗစ်မျိုးကွဲ အာရှ-ပစိဖိတ်မှာ အလျင်အမြန် ကူးစက်နေ

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ဟာ အာရှ-ပစိဖိတ် တိုင်းပြည်တွေမှာ အလျင်အမြန် ကူးစက်နေပါတယ်။
သောကြာနေ့ ညနေအထိ အိန္ဒိယနိုင်ငံမှာ အိုမီခရွန်ကူးစက်တာ ၄၀၃ ယောက် ရှိတယ်လို့ Time of India သတင်းစာက ပြောပါတယ်။ တိုင်းပြည်ရဲ့ နေရာတော်တော်များများမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး အများပြည်သူ သွားလာတဲ့ နေရာတွေကို သွားသူတွေဟာ ကာကွယ်ဆေး အပြည့်ထိုးပြီးသူ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
နယူးဒေလီ မြူနီစီပယ် အစိုးရက အားကစားရုံ ၂ ရုံကို စုစုပေါင်း ကုတင် ၁,၅၀၀ ဆန့် ယာယီဆေးရုံတွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။
စင်ကာပူနိုင်ငံမှာတော့ COVID-19 ပိုးအသစ်တွေ့သူ သောကြာနေ့မှာ ၂၆၅ ယောက် ရှိခဲ့ပြီး ၈၂ ယောက်က အိုမီခရွန်မျိုးကွဲ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်းနိုင်ငံမှာတော့ အိုမီခရွန် ပိုးတွေ့သူ စုစုပေါင်း ၂၀၅ ဦး ရှိသွားပြီလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ အိုမီခရွန်မျိုးကွဲ ကူးစက်ရာမှာ ၂၅ ယောက်က ပြည်တွင်းထိတွေ့မှုအရ ကူးစက်တာပါ။
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို နိုဝင်ဘာ ၁ ရက်နေ့က စဖွင့်ခဲ့ရာမှာ တိုင်းပြည် ၆၃ ပြည်က ခရီးသည် ၃ သိန်းကျော် ဝင်ရောက်လာခဲ့ကြပါတယ်။ COVID-19 ပိုး စစ်ဆေးတွေ့ရှိခဲ့တဲ့သူက ၅၀၀ ကျော် ရှိခဲ့ပါတယ်။
အိုမီခရွန် ကူးစက်မှုက မြန်ဆန်လာတဲ့အတွက် ခရစ္စမတ်အကြိုည ပွဲတွေကို ဖျက်ခဲ့သလို ပိုးစစ်၊ မတွေ့ရင် သွား ဆိုတဲ့ ကွာရန်တင်းဝင်ဖို့ မလိုတဲ့ မူဝါဒကိုလည်း ထိုင်းအစိုးရက ရပ်ပစ်လိုက်ပါတယ်။
တရုတ်ပြည် အနောက်မြောက်က လူဦးရေ ၁၃ သန်းရှိတဲ့ Xian မြို့မှာတော့ COVID-19 ပြည်တွင်းကူးစက်မှု ၇၅ ယောက် ရှိတယ်လို့ စနေနေ့မှာ အစိုးရက ပြောပါတယ်။
အစ္စရေးနိုင်ငံမှာတော့ အိုမီခရွန်မျိုးကွဲ ပိုးအသစ်တွေ့ရှိမှု ၁၈၆ မှုရှိပြီး စုစုပေါင်း ၅၂၇ မှု ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

VOA

Read times
Rate this item
(0 votes)