What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 16 August 2021 08:53

ကိုယ်ခံအားနည်းသူများ COVID-19 ကာကွယ်ဆေး သုံးကြိမ်ထိုးရန် အမေရိကန် FDA ခွင့်ပြု

အမေရိကန်နိုင်ငံ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ကိုယ်ခံအားစနစ်များ အားနည်းသည့် ပြည်သူများတွက်

COVID-19 ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံရန် ဩဂုတ် ၁၂ ရက်တွင် ခွင့်ပြုခဲ့ကြောင်း သိရသည်။

“အမေရိကန်နိုင်ငံက COVID-19 ကပ်ရောဂါ နောက်ထပ်လှိုင်း ဝင်လာခဲ့ပါပြီ။FDA က အထူးသဖြင့် ပြင်းထန်တဲ့ ရောဂါကြောင့် အထူးအန္တရာယ်ရှိတဲ့ ကိုယ်ခံအားနည်းတဲ့သူတွေအတွက် ထည့်စဉ်းစားပါတယ်။”ဟု FDA ယာယီကော်မရှင်နာ Janet Woodcock က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ရရှိသည့်အချက်အလက်များအား ပြန်လည်သုံးသပ်ပြီးနောက် FDA က Pfizer-BioNTech သို့မဟုတ် Moderna ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံမှုကို အုပ်စုငယ်များ ၊ ထိခိုက်လွယ်အုပ်စုတို့တွင် အကျိုးရှိနိုင်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ယာယီကော်မရှင်နာ Woodcock က ဖြည့်စွက်ပြောကြားခဲ့သည်။

အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)သည် အနာဂတ်တွင် ဖြည့်စွက် ကာကွယ်ဆေးထိုးရန် လိုအပ်သလား ဆိုသည်ကို ဆုံးဖြတ်ရန် “ ကျွန်တော်တို့၏ မိတ်ဖက်များနှင့် အတူ သိပ္ပံအခြေပြု အသေးစိတ်လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရောဂါထိန်းချုပ်ရေး နှင့် ကြိုတင်ကာကွယ်ရေးစင်တာများ၏ အဆိုအရ အမေရိကန်နိုင်ငံ၌ အရွယ်ရောက်သူများအနက် ခန့်မှန်းခြေ ၂ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုယ်ခံအားနည်းပါးကြောင်း ၊ ၎င်းတို့တွင် ကိုယ်အင်္ဂါအစားထိုးကုသမှု ခံယူထားသူများ ၊ ကင်ဆာဝေဒနာခံစားရသည့် လူနာတစ်ချို့ နှင့် HIV ရောဂါပိုးရှိသူများ ပါဝင်ကြောင်း သိရသည်။

(Xinhua)

Read times
Rate this item
(0 votes)