What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 23 April 2020 22:44

တရုတ်ပြည်တွင် Coronavirus ဖြစ်ပွားမှုအသစ်ကို တားဆီးရန် လူ ၁၀ သန်း နေထိုင်သော မြို့ကြီးတစ်မြို့ကို ပိတ်ဆို့

တရုတ်ပြည်အရှေ့မြောက်ပိုင်းရှိ Harbin မြို့ကြီးတွင် အမေရိကန်နိုင်ငံ နယူးယောက်မှ ပြန်လာသည့်

ကျောင်းသားထံမှ လူ ၇၀ ကျော်ကူးစက်ခံရပြီးနောက်တွင် ဆိုးဝါးပြင်းထန်သော quarantine အစီအမံများကို ပြဌာန်းကျင့်သုံးသည်။

ခရီးသည်များကို စစ်ဆေးရန်အတွက် လေဆိပ်နှင့် ရထားဘူတာများတွင် စစ်ဆေးရေးဂိတ်များ ထားရှိသည်။
cluster အစုအဖွဲ့လိုက် ကူးစက်မှုအတွဲများ တစ်ဆယ်ခုကျော် တွေ့ရှိထားပြီး ဖြစ်သည်။

နယူးယောက်မှ ပြန်လာသူကျောင်းသားတစ် ဦး သည် ဗိုင်းရပ်စ်ပိုးကို မြို့ထဲသို့တင်သွင်းသည်ဟု ယူဆရပြီးနောက် လူပေါင်း ၇၀ ကျော်မှာရောဂါကူးစက်ခံထားရပြီး ၄၀၀၀ ကျော်တို့အား ဆေးစစ်ခြင်း ဆောင်ရွက်နေသည်။

မူလ စတင်ဖြစ်ပွားရာ Wuhan တွင် ရောဂါပြင်းထန်သည့် ဝေဒနာသည် ၂ ဦး သာရှိသည်ဟု တရုတ်နိုင်ငံက ယနေ့ပြောကြားခဲ့သည်။

လူအများသွားလာသည့် နေရာများ၊ အိမ်ရာများသို့ ဝင်ရောက်လိုသူသည် အစိုးရမှ တရားဝင် သုံးစွဲသည့် ကျန်းမာရေး အက်ပ်မှာ အစိမ်းပြမှသာ ဝင်ခွင့် ရှိသည်။ ကိုယ်အပူချိန် တိုင်းခြင်းကိုလည်း ခံယူရသည်။ မတ်စ် မဖြစ်မနေ ဝတ်ဆင်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူအချင်းချင်း ခပ်ခွာခွာနေခြင်းကို လိုက်နာရမည်။ မင်္ဂလာပွဲ၊ အသုဘ၊ လူအများပါသည့်ပွဲ၊ အစည်းအဝေး၊ ကွန်ဖရင့် ကျင်းပခြင်းကို ပိတ်ပင်ထားသည်။

မြို့အုပ်ချုပ်ရေးက ယခုလတွင် ပြည်ပမှ ပြန်ရောက်သူတို့ကို ကွာရင်တိုင်း ၂၈ ရက် ထားသည့်အပြင် nucleic acid tests ၂ ကြိမ်နှင့် antibody test ၁ကြိမ် စစ်ဆေးသည်ဟု ပြောကြားသည်။

daily mail

 

တ႐ုတ္ျပည္တြင္ Coronavirus ျဖစ္ပြားမႈအသစ္ကိုတားဆီးရန္ လူ ၁၀ သန္း ေနထိုင္ေသာ ၿမိဳ႕တစ္ၿမိဳ႕ကို ပိတ္ဆို႔

တ႐ုတ္ျပည္အေရွ႕ေျမာက္ပိုင္းရွိ Harbin ၿမိဳ႕ႀကီးတြင္ အေမရိကန္ႏိုင္ငံ နယူးေယာက္မွ ျပန္လာသည့္ေက်ာင္းသားထံမွ လူ ၇၀ ေက်ာ္ကူးစက္ခံရၿပီးေနာက္တြင္ ဆိုးဝါးျပင္းထန္ေသာ quarantine အစီအမံမ်ားကို ျပဌာန္းက်င့္သုံးသည္။

ခရီးသည္မ်ားကို စစ္ေဆးရန္အတြက္ ေလဆိပ္ႏွင့္ ရထားဘူတာမ်ားတြင္ စစ္ေဆးေရးဂိတ္မ်ား ထားရွိသည္။
cluster အစုအဖြဲ႕လိုက္ ကူးစက္မႈအတြဲမ်ား တစ္ဆယ္ခုေက်ာ္ ေတြ႕ရွိထားၿပီး ျဖစ္သည္။

နယူးေယာက္မွ ျပန္လာသူေက်ာင္းသားတစ္ ဦး သည္ ဗိုင္းရပ္စ္ပိုးကို ၿမိဳ႕ထဲသို႔တင္သြင္းသည္ဟု ယူဆရၿပီးေနာက္ လူေပါင္း ၇၀ ေက်ာ္မွာေရာဂါကူးစက္ခံထားရၿပီး ၄၀၀၀ ေက်ာ္တို႔အား ေဆးစစ္ျခင္း ေဆာင္ရြက္ေနသည္။

မူလ စတင္ျဖစ္ပြားရာ Wuhan တြင္ ေရာဂါျပင္းထန္သည့္ ေဝဒနာသည္ ၂ ဦး သာရွိသည္ဟု တ႐ုတ္ႏိုင္ငံက ယေန႔ေျပာၾကားခဲ့သည္။

လူအမ်ားသြားလာသည့္ ေနရာမ်ား၊ အိမ္ရာမ်ားသို႔ ၀င္ေရာက္လိုသူသည္ အစိုးရမွ တရား၀င္ သုံးစြဲသည့္ က်န္းမာေရး အက္ပ္မွာ အစိမ္းျပမွသာ ၀င္ခြင့္ ရွိသည္။ ကိုယ္အပူခ်ိန္ တိုင္းျခင္းကိုလည္း ခံယူရသည္။ မတ္စ္ မျဖစ္မေန ၀တ္ဆင္ရမည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

လူအခ်င္းခ်င္း ခပ္ခြာခြာေနျခင္းကို လိုက္နာရမည္။ မဂၤလာပြဲ၊ အသုဘ၊ လူအမ်ားပါသည့္ပြဲ၊ အစည္းအေ၀း၊ ကြန္ဖရင့္ က်င္းပျခင္းကို ပိတ္ပင္ထားသည္။

ၿမိဳ႕အုပ္ခ်ဳပ္ေရးက ယခုလတြင္ ျပည္ပမွ ျပန္ေရာက္သူတို႔ကို ကြာရင္တိုင္း ၂၈ ရက္ ထားသည့္အျပင္ nucleic acid tests ၂ ႀကိမ္ႏွင့္ antibody test ၁ႀကိမ္ စစ္ေဆးသည္ဟု ေျပာၾကားသည္။

 

 

 

Read times
Rate this item
(0 votes)