What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 28 December 2021 16:54

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ် နေ့စဉ်ထပ်တိုးလူနာဦးရေ ပြန်လည် ကျဆင်းလာ

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ် နေ့စဉ်ထပ်တိုးလူနာဦးရေ ပြန်လည် ကျဆင်းလာ

တောင်ကိုရီးယားနိုင်ငံတွင် ကပ်ရောဂါအန္တရာယ်အမြင့်ဆုံးအဆင့် ရက်သတ္တပတ် ၅ ပတ်ကြာရှိခဲ့ပြီးနောက် နေ့စဉ်ထပ်တိုးလူနာဦးရေ ပြန်လည် ကျဆင်းလာသည်။
တောင်ကိုရီးယားနိုင်ငံတွင် ဒီဇင်ဘာ ၂၇ ရက်က ကိုဗစ်ထပ်တိုးအတည်ပြုလူနာ ၄,၂၀၇ ဦး ရှိပြီး ၎င်းမှာ ပြီးခဲ့သည့် ရက်ပေါင်း ၂၀ ကြာကာလ၌ ပထမဆုံးအကြိမ်အဖြစ် အတည်ပြုလူနာ ၅,၀၀၀အောက် ကျဆင်းလာခြင်းဖြစ်ရာ ရောဂါထိန်းချုပ်ရေးနည်းလမ်းများ အတိုင်းအတာတစ်ခုထိ ထိရောက်ကြောင်း သိရသည်။ သို့သော် တောင်ကိုရီးယား၏ ကိုဗစ်ကပ်‌ရောဂါအန္တရာယ်ကို အမြင့်ဆုံးအဆင့်အဖြစ် ရက်သတ္တပတ် ၅ ပတ်ကြာ ဆက်တိုက် သတ်မှတ်ခဲ့ရာ အခြေအနေ ဆိုးဝါးနေဆဲပင်ဖြစ်သည်။
တောင်ကိုရီးယား ဗဟိုကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန၏ စာရင်းအင်းများအရ ဒီဇင်ဘာ ၂၇ ရက် ၀၀ နာရီအထိ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာ ၄,၂၀၇ ဦး ရှိရာ ၎င်းမှာ ဒီဇင်ဘာ ၇ ရက်မှစ၍ ပထမဆုံးအကြိမ် ထပ်တိုးလူနာဦးရေ ၅,၀၀၀ အောက်ကျဆင်းလာခြင်း ဖြစ်သလို ဒီဇင်ဘာ ၁၅ ရက် ထပ်တိုးလူနာ အထွတ်အထိပ်အဖြစ် ၇,၈၄၉ ဦးထက် သိသာထင်ရှားစွာ လျော့နည်းလာခြင်းကြောင်း၊ ယင်းနေ့တွင် ထပ်တိုးသေဆုံးသည် လူနာ ၅၅ ဦး ရှိကြောင်း သိရသည်။
တောင်ကိုရီးယားတွင် ယနေ့အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၁၁,၆၇၀ ဦး နှင့် သေဆုံးသူ စုစုပေါင်း ၅,၃၀၀ ဦး ရှိသည်။
ဒီဇင်ဘာ ၂၇ ရက်တွင် အစီရင်ခံသည့် ထပ်တိုးအတည်ပြုလူနာများတွင် ၄,၁၂၅ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၎င်းတို့အနက် မြို့တော်တစ်ဝိုက်ဒေသများတွင် ၂,၈၅၃ ဦး၊ မြို့တော်တစ်ဝိုက်မဟုတ်သောနေရာများတွင် ၁၂၇၂ ဦး နှင့် ပြည်ပရောဂါကူးစက်မှု ၈၂ ဦး ရှိကြောင်း သိရသည်။
တောင်ကိုရီးယား၌ လက်ရှိ ကိုဗစ်ရောဂါပြင်းထန်လူနာ ၁,၀၇၈ ဦး ရှိရာ ၎င်းမှာ ဒီဇင်ဘာ ၂၅ ရက်က အများဆုံးအဖြစ် ၁,၁၀၅ ဦးထက် လျော့နည်းလာခြင်းဖြစ်သော်လည်း ၇ ရက်ဆက်တိုက် ရောဂါပြင်းထန်လူနာ တစ်ထောင်ကျော် ရှိနေခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၂၆ ရက် ၁၇ နာရီအထိ မြို့တော်တစ်ဝိုက်ရှိ အထူးကြပ်မတ်ကုသသည့် လူနာကုတင်အသုံးပြုမှုသည် ၇၈.၉ ရာခိုင်နှုန်းရှိပြီဖြစ်ရာ ပြီးခဲ့သည့်ရက် ၇၇.၇ ရာခိုင်နှုန်းထက် အနည်းငယ်မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၂၇ ရက် ၀၀ နာရီအထိတွင် မြို့တော်တစ်ဝိုက်ရှိ ကိုဗစ်လူနာ ၁၄၉ ဦးသည် ဆေးရုံတက်ကုသနိုင်ရန် တန်းစီစောင့်ဆိုင်းနေရပြီး လတ်တလောအနေဖြင့် အိမ်တွင်သာ ဆေးကုသမှုခံယူနေရသည်။
ဆေးရုံကုတင်အသုံးပြုမှုပြည့်နှက်လုနီးဖြစ်နေခြင်းကြောင့် ကိုဗစ်လူနာများအား နောက်ပိုင်းတွင် အခြေခံအားဖြင့် နေအိမ်၌သာ ဆေးကုသရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ရောဂါပြင်းထန်သူ၊ နေရေးထိုင်ရေးတွင် ရောဂါကူးစက်မှု ထပ်တိုးနိုင်သည့် အန္တရာယ်ရှိသူများကိုသာ ဆေးရုံတင်ကုသပေးမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ပြီးခဲ့သည့်လကုန်ပိုင်းတွင် ကြေညာခဲ့သည်။
တစ်နိုင်ငံလုံး ကပ်ရောဂါကူးစက်ပြန့်နှံ့နေသည့်အခြေအနေကို သိသိသာသာ တားဆီးနိုင်ခဲ့ကြောင်း၊ ကိုဗစ်လူနာကုတင်ထပ်တိုးခြင်းနည်းလမ်းအပါအဝင် လူနာကုတင်စောင့်ဆိုင်းမည့်အချိန်အား ခန့်မှန်းခြင်းစသည့် ပြဿနာများကို ယခုအပတ်အတွင်း ဖြေရှင်းသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ဗဟိုအရေးပေါ်တုန့်ပြန်ရေးဌာနချုပ် လူမှုရေးဗျူဟာအဖွဲ့ အဖွဲ့ခေါင်းဆောင Sun Young-rai,က ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။သို့သော် ရောဂါကာကွယ်ထိန်းချုပ်ရေးကို လစ်ဟင်း၍မရဟု ဆိုသည်။
တောင်ကိုရီးယား ဗဟို ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနချုပ်၏ ဒီဇင်ဘာ ၂၇ ရက် ထုတ်ပြန်ချက်တွင် ဒီဇင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်ကို တစ်နိုင်ငံလုံး ကိုဗစ်ကပ်ရောဂါအန္တရာယ်သုံးသပ်မှုကို အမြင်ဆုံးအဆင့် “အလွန်မြင့်”အဖြစ် သုံးသပ်ထားရာ ထိုအဆင့်သတ်မှတ်မှာ ရက်သတ္တပတ် ၅ ပတ် ဆက်တိုက် ရှိပြီဖြစ်သည်။
ဒီဇင်ဘာ ၂၇ ရက်အထိ တောင်ကိုရီးယားနိုင်ငံတွင် လူဦးရေ ၈၅.၇ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ်ထိုးနှံ့ထားပြီး၊ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံထားသူ ၈၂.၄ ရာခိုင်နှုန်း၊ သုံးကြိမ်ထိုးနှံထားသူ ၂၉.၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ယခုလဆန်းတွင် တောင်ကိုရီးယားအစိုးရက လုံးဝ လော့ခ်ဒေါင်းလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး ၁၈ ရက်နေ့မှစက ကပ်ရောဂါထိန်းချုပ်မှုနည်းလမ်းများကို တစ်ဆင့်တိုး တင်းကျပ်မှုများတွင် ပုဂ္ဂိုလ်ရေးမိတ်ဆုံစားပွဲများကို လူ ၄ ဦးအဖြစ်လည်းကောင်း၊ အများပြည်သူသွားလာသည့်နေရာဆိုင်ခင်းများဖွင့်လှစ်ချိန်ကို လျော့ချခြင်းစသည်တို့ ဆောင်ရွက်ခဲ့သည်။
လက်ရှိ ရောဂါတုန့်ပြန်ထိန်းချုပ်ရေးနည်းလမ်းများကို လာမည့်လ ၂ ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားအစိုးရသည် ယခုရက်သတ္တပတ် ကပ်ရောဂါအခြေအနေကို စောင့်ကြည့်ပြီး ပညာရှင်၊ ဒေသန္တရအစိုးရစသည့် ဘက်ပေါင်းစုံ၏အကြံပြုချက်ကို နားထောင်ကာ အထက်ပါရောဂါတုန့်ပြန်ထိန်းချုပ်မှုနည်းလမ်းများကို သက်တမ်းတိုးဖွယ်ရှိမရှိ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
Xinhua

Read times
Rate this item
(0 votes)