What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 22 June 2022 13:06

စင်ကာပူမှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူတစ်ဦး ပထမဆုံးအကြိမ်တွေ့ရှိ

စင်ကာပူနိုင်ငံမှာ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းက နိုင်ငံသို့လာရောက်ခဲ့တဲ့ ဗြိတိန်လေကြောင်းလိုင်းတခုမှ လေယာဉ်အမှုထမ်းတဦးမှာ မျောက်ကျောက်ရောဂါကူးစက်မှုကို ပထမဆုံးတွေ့ရှိခဲ့တယ်လို့ စင်ကာပူ ကျန်းမာရေး၀န်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။

ရောဂါတွေ့ရှိမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ဇွန် ၂၁ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး အသက် ၄၂ နှစ်အရွယ် အဲဒီအမျိုးသားဟာ ဇွန်လမှာ စင်ကာပူနိုင်ငံသို့ ၀င်ထွက်သွားလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ အရှေ့တောင်အာရှဒေသမှာ မျောက်ကျောက်ရောဂါ ကူးစက်မှု ပထမဆုံးအကြိမ်တွေ့ရှိခြင်းလည်းဖြစ်ပါတယ်။

မျောက်ကျောက်ရောဂါဟာ မေလမှစပြီး နိုင်ငံပေါင်း ၄၂ နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေပြီး အတည်ပြုလူနာ ၂၁၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်။

အဲဒီရောဂါသည် ဥရောပမှာ ရောဂါဖြစ်ပွားမှု ၈၀ ရာခိုင်နှုန်းကျော်ကို တွေ့ရှိထားပေမယ့်လည်း မြောက်အမေရိက ၊ တောင်အမေရိကနဲ့ သြစတြေးလျတို့ထိပါ ပျံ့နှံ့နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မျောက်ကျောက်ရောဂါဟာ အာဖရိကအလယ်ပိုင်းနဲ့ အနောက်ပိုင်းရှိ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိပေမယ့်လည်း ယခုနှစ်အတွင်းမှာတော့ အာဖရိကဒေသပြင်ပမှာ ကူးစက်မှုတွေ ဖြစ်ပွားနေပြီး အဲဒီဒေသသို့ ခရီးသွားလာခြင်းတွေနဲ့ ဆက်နွယ်မှုမရှိဘဲ ကူးစက်ခံရသူအရေအတွက် ပုံမှန်ထက်များပြားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ဖော်ပြောဆိုထားပါတယ်။

မျိုးဆက်(VOM)

Ref: BBC/CNA

Read times
Rate this item
(0 votes)