What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 September 2020 21:11

မရမ်းကုန်းမြို့နယ် ဖျားနာ ၊ အနံ့မရသူများ အိမ်ပြန်လွှတ်ခံရ

ကျနော်တို့ မရမ်းကုန်း အဖျား​ဆေးခန်းမှာ အဂ်ါနေ့က လူနာ ၆၀ လာပြ ပြီး ဒီနေ့ ကြာသပတေးနေ့မှာ ၅၈ ယောက်လာပြပါတယ်။

 

ပေါင်း ၁၁၈ ယောက်မှာ ၁၀၀ ဝန်းကျင်လောက်က ဖျားပြီး အနံ့မရတဲ့ လူနာတွေပါ။ လတ်တလော ဆေးရုံတွေကလည်း လူနာအကုန်လုံး ပို့ဆောင် စစ်ပေးဖို့ နေရာမရှိလို့ လက်မခံပါဖူး။

 

လူနာ ၄ ယောက်ကတော့ အရေးပေါ်မို့ အင်းစိန်ဆေးရုံပို့ခဲ့ပါတယ်။ ဒါကြောင့် လူနာတွေကို ပိုးရှိမှန်းသိလျှက်နဲ့ပဲ အိမ်မှာ ပဲနေဖို့ ဆေးပေးပြီးပြန်ပြန်လွှတ်နေရပါတယ်။ အယောက် ၄၀ ဝန်းကျင်ကိုတော့ ပိုးရှိမရှိစစ်ဖို့ စာရင်းလုပ်ထားပြီး တချို့ကတော့ အထက(၁) Q Center မှာ ထားထားပါတယ်။ အများစုက အိမ်တွေမှာပါ။

 

ဆေးရုံတွေမှာ လူနာလက်ခံလို့ရပြီဆိုမှပို့စစ်ရမှာပါ။ အထက(၁)မှာ နေရတဲ့ လူနာတချို့လဲ စစ်ရပါတယ်။

 

ပိုးရှိဖို့သေချာတဲ့ ဖျားပြီး အနံ့မရတဲ့လူတွေကို ကျနော်တို့ အိမ်ကို ပြန်မလွှတ်ချင်ပါဖူး။ ဒါပေမယ့် အခြေအနေအရ အိမ်ကိုပဲပြန်လွှတ်နေရပါတယ်။ ဒါကြောင့် မိဘပြည်သူတို့ ရပ်ကွက်တွေထဲမှာ ကျနော်တို့ပြန်လွှတ်လိုက်တဲ့ လူနာများရှိပါတယ်။ အိမ်မှာ နေဖို့ အထူးမှာကြားထားပေမယ့် လိုက်နာမလားဆိုတာတော့ ပြောရခက်ပါတယ်။

 

ဒီကိစ္စကို လူကြီးများလဲသိဖို့ ရည်ရွယ်ပါတယ်။ (၁) ရပ်ကွက် (၂) ရပ်ကွက်ဆို အိမ်လုံးကျွတ်တွေဖျားနေတာပါ။ ကျနော်တို့ကတော့ အသံထုတ်ရုံကလွဲလို့မတတ်နိုင်ပါဖူး။ အားလုံး အစဉ်ဂရုစိုက်ကြဖို့ပါ။ ကျန်းမာကြပါစေခင်ဗျား။

 

ဒေါက်တာမြတ်မင်းဦး
ဖျားနာကုဆေးခန်း စေတနာ့ဝန်ထမ်း
မရမ်းကုန်း

Read times
Rate this item
(0 votes)