What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 21 October 2020 11:03

မြန်မာနိုင်ငံ COVID-19 ရောဂါခုခံတိုက်ဖျက်မှုအတွက် ဒေါ်လာ(၂)သန်းတန်ဖိုးရှိ ဆေးဝါးနှင့်ကုသရေး အထောက်အကူပစ္စည်းများကို ဧရာဝတီဖောင်ဒေးရှင်းမှ ပြည်ပမှမှာယူ

Max Myanmar Group ၏ ပရဟိတလုပ်ငန်းတစ်ရပ်ဖြစ်သော ဧရာဝတီဖောင်ဒေးရှင်းသည် ဒေါ်လာ (၂) သန်းတန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများနှင့်တကွ ရောဂါကူးစက်မှုတားမြစ်ရေးအတွက် လိုအပ်သောပစ္စည်းကိရိယာများကို ပြည်ပမှထပ်မံဝယ်ယူကာ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများရှိ ကိုဗစ်ကုသရေးစင်တာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းယနေ့ထုတ်ပြန်ခဲ့သည်။

 

COVID-19 ကပ်ရောဂါကာလအတွင်းတွင် ဧရာဝတီဖောင်ဒေးရှင်းသည် ဒေါ်လာ (၇) သန်းကျော် တန်ဖိုးရှိသည့် ပစ္စည်းကိရိယာများနှင့် အခြေခံအဆောက်အဦများဖြင့် မြန်မာပြည်သူလူထုအတွက် လှူဒါန်းငွေနှင့် ပရဟိတလုပ်အားများအား ထောက်ပံ့ပေးနေသည့် အဖွဲ့တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

 

ထပ်မံလှူဒါန်းသည့် ဒေါ်လာ (၂) သန်းအား COVID-19 ကပ်ရောဂါ ကာကွယ်ကုသရေးအတွက် လိုအပ်သော ဆေးရုံသုံးကုတင် (၁,၂၅၀)၊ Intensive care units/ high dependency units (ICU/HDU) ဌာနအတွက် ကုတင်(၂၀၀)၊ ICU/HDU မော်နီတာ နှင့် ကြိုးမဲ့ထိန်းချုပ်စနစ် စက်ပစ္စည်းများ၊ ဆေးရုံအဆောက်အဦအဖြစ်အသုံးပြုနိုင်မည့် ရွက်ဖျင်တဲများ၊ အောက်စီဂျင်ငွေ့ရည်အိုး တန် (၂၀)၊ PPE နှင့် N95 Mask များကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းရာတွင် အသုံးပြုမည်ဖြစ်သည်။ ယခုကဲ့သို့ လိုအပ်သော ဆေးပစ္စည်းကိရိယာများနှင့် အထောက်အပံ့များကို ဝယ်ယူနိုင်ရန် ဧရာဝတီဘဏ်နှင့်တကွ Max Myanmar အုပ်စုမှ အမေရိကန်ဒေါ်လာ (၂)သန်းကို ဧရာဝတီဖောင်ဒေးရှင်းသို့ ထပ်မံလှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ၏ ဒုတိယလူဦးရေအထူထပ်ဆုံးမြို့ဖြစ်သည့် မန္တလေးမြို့တွင်လည်း နိုင်ငံ၏ ကျန်းမာရေးအထောက်အပံ့ပစ္စည်း လိုအပ်ချက်များရှိနေသောကြောင့် ဧရာဝတီဖောင်ဒေးရှင်းမှ မန္တလေးဘောလုံးအကယ်ဒမီအား Quarantine Center အဖြစ်ပြောင်းလဲစီမံခဲ့ပြီး ယင်းယာယီကုသရေးစင်တာတွင် လူနာရေ (၁၀၀) ဆန့်သော ကုတင်များနှင့် စေတနာ့ဝန်ထမ်း (၂၅) ဦးတို့ အဆင်သင့်နေထိုင်နိုင်ရန် ပြင်ဆင်ထားရှိကာ တစ်နေ့လျှင် (၄)ကြိမ်အထိ အစားအသောက်ကျွေးမွေးနိုင်ရန်နှင့် လိုအပ်သောပစ္စည်းများ ထောက်ပံ့ပေးရန် ပြင်ဆင်ဆောက်ရွက်ထားရှိပါသည်။

 

“ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန နှင့် ဒေသဆိုင်ရာအစိုးရအဖွဲ့အစည်းများရဲ့ လမ်းညွှန်မှုနှင့် ထောက်ပံ့မှုတွေကြောင့် ဧရာဝတီဖောင်ဒေးရှင်းရဲ့ အားထုတ်မှုကို နှစ်ဆတိုးမြှင့်ပြီး နိုင်ငံတစ်ဝှမ်းမှာ COVID-19 ကပ်ရောဂါရဲ့ ဒုတိယလှိုင်းကို ပြင်းထန်စွာခံစားနေရတဲ့ ဒီလိုအချိန်မှာ မြန်မာနိုင်ငံတစ်ဝှမ်းက လူနာထောင်ပေါင်းများစွာကို အချိန်မီကုသနိုင်ပြီး ပြန်လည်ကောင်းမွန် လာစေဖို့ ကူညီပေးနိုင်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ပုဂ္ဂလိကကုမ္ပဏီအုပ်စု အနေနဲ့ ယခုလို နိုင်ငံရဲ့ COVID-19 တိုက်ဖျက်ရေးလုပ်ဆောင်မှုမှာ ရှေ့တန်းက ပါဝင်ခွင့်ရတဲ့အတွက် အထူးဂုဏ်ယူမိပါတယ်။” ဟု ဧရာဝတီဖောင်ဒေးရှင်း၏ ဥက္ကဌ ဦးဇော်ဇော်မှ ပြောကြားသည်။

 

ဧရာဝတီဖောင်ဒေးရှင်းသည် COVID-19 ဒုတိယလှိုင်းကိုတိုက်ဖျက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး COVID-19 ရောဂါ ကူးစက်ခံနေရသည့် လူနာများအား ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်၊ သူနာပြုနှင့် လုပ်အားပေး အဖွဲ့ဝင် (၇၀၀) ကျော်ဖြင့် အားဖြည့်ထားသည့် ယာယီကုသရေး ‘ဧရာဝတီစင်တာ’ကို တည်ဆောက်လှူဒါန်းခဲ့ပါသည်။ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် (၄၂၅)ကုတင်ဆန့်ဖြင့် ကနဦးစတင်ခဲ့သော ဧရာဝတီစင်တာအား ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့တွင် (၅၇၅) ကုတင်ဆန့်စင်တာ အဖြစ်လည်းကောင်း၊ အောက်တိုဘာလ အလယ်ပိုင်းတွင် ကုတင် (၁,၀၀၀) ဆန့်စင်တာ အဖြစ်လည်းကောင်း အဆင့်ဆင့် ထပ်မံတိုးချဲ့ပေးခဲ့ပါသည်။

 

ထို့အပြင် ဧရာဝတီစင်တာတွင် အောက်တိုဘာလ (၇)ရက်နေ့မှစတင်ပြီး (၇၅)ကုတင်ဆန့် ‌ ICU/HDU Critical Care Unit အရေးပေါ်လူနာ စောင့်ကြည့်ကုသရေးအဆောင်တစ်ခုကိုပါ ထည့်သွင်းဖွင့်လှစ်ပေးခဲ့ပါသည်။ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ အဆိုပါ ဧရာဝတီစင်တာသည် ယနေ့တွင် လူနာဦးရေ (၁,၀၀၀) အထိ ကုသပေးနိုင်ရန်ပြင်ဆင်ထားသည့်အပြင် နယ်နိမိတ်ကန့်သတ်ထားသည့် သီးခြားလူနာဆောင်များ၊ (၂၄) နာရီ လုံခြုံရေးနှင့် လူနာတင်ယာဉ်များကိုပါ ထောက်ပံ့ပေးထားပါသည်။

 

မကြာသေးမီကလည်း နိုင်ငံခြားပညာရှင်အကူအညီများဖြင့် အောက်တိုဘာလကနေစပြီး တစ်နေ့လျှင် အခုရေ (၅၀,၀၀၀) အထိထွက်ရှိသည့် mask ထုတ်လုပ်သည့်စက်အား ဝယ်ယူတပ်ဆင်ထားရှိကာ mask အရေအတွက် စုစုပေါင်း(၅)သန်းအထိ ထုတ်လုပ်ရန်စီစဉ်ထားပြီး အမှန်တကယ်လိုအပ်နေသူများနှင့် ဝင်ငွေနည်းပါးသော အခြေခံလူတန်းစားပြည်သူများဆီ ငွေကြေးမကောက်ခံဘဲ အခမဲ့ဝေငှလှူဒါန်းရန် စီစဉ်ထားပါသည်။

 

လွန်ခဲ့သည့်လအနည်းငယ်မှစတင်ကာ လူထုအတွင်းဆင့်ပွားကူးစက်မှုကြောင့် COVID-19 ရောဂါပိုးကူး စက်ခံသူများ အလျင်အမြန် ထိုးတက်လာပြီး COVID-19 ဒုတိယလှိုင်းဖြစ်ပွားကာ မြန်မာနိုင်ငံရှိ ကျန်းမာရေးတာဝန်ခံများအတွက် စိုးရိမ်သတိပြုစရာ အခြေအနေထိရောက်ရှိခဲ့ပါသည်။ လတ်တလောရရှိသည့် မှတ်တမ်းများအရ COVID-19 ကူးစက်ခံရသူမှာ တစ်နေ့လျှင် လူဦးရေ (၁,၀၀၀) မှ (၂,၀၀၀) အထိရှိပြီး တစ်ဒါဇင်မှ လေးဒါဇင် အရေအတွက်ရှိ လူနာများမှာ နေ့စဉ် အသက်ဆုံးရှုံးနေရပါသည်။

 

စက်တင်ဘာလနောက်ဆုံးအပတ်တွင် ကိုဗစ်ရောဂါပိုးရှိမရှိ အမြန်စစ်နိုင်မည့် antigen rapid test kits ကိရိယာများစတင်အသုံးပြုချိန်မှစ၍ မြန်မာနိုင်ငံအတွင်း နေ့စဉ်ရောဂါကူးစက်ခံရသူပေါင်း (၅,၀၀၀) မှ (၁၆,၀၀၀)အထိ စစ်ဆေးတွေ့ရှိမှု ပိုမိုများပြားလာခဲ့ပါသည်။ သို့ဖြစ်သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းသည် ဧရာဝတီစင်တာတွင် ရောဂါစစ်ဆေးကုသဆောင်အား ထပ်မံတည်ဆောက် လှူဒါန်းခဲ့ပါသည်။

 

အာဆီယံဒေသတဝှမ်းတွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံတို့ပြီးလျှင် မြန်မာနိုင်ငံသည် (စုစုပေါင်းကူးစက်လူနာ ၃၇,၂၀၅ ဦးဖြင့်) စတုတ္ထမြောက် COVID-19 အဖြစ်အများဆုံးနိုင်ငံ ဖြစ်ပါသည်။နိုင်ငံ၏ ကျန်းမာရေးတာဝန်ခံများသည် ယခုအချိန်အထိ ရောဂါကူးစက်ခံရသူများကို ဆေးရုံများတွင် ကုသမှုခံယူစေခြင်း၊ Quarantine center များတွင်ထားရှိပေးခြင်းစသည့် ရောဂါကာကွယ်ကုသရေး နည်းလမ်းများဖြင့် ဆက်လက် ကုသပေးလျက်ရှိပါသည်။

 

Max Myanmar Group အကြောင်း

Max Myanmar Group သည်အရည်အသွေးမြင့်မားမှု၊ စီးပွားရေးလုပ်ငန်းရှင်၊ အရှိန်အဟုန်ဖြင့် ဆန်းသစ်တီထွင်မှုများနှင့် စွမ်းဆောင်မှုမြင့်မားသော ဦးဆောင်မှုများ နှင့် မြန်မာနိုင်ငံတွင် ထိပ်တန်းလုပ်ငန်းအဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ရှင်းလင်းပြတ်သားသော ခံယူချက်အမြင်၊ ခိုင်မာသည့် အဖွဲ့အစည်းနှင့် ထိရောက်မှုရှိသော ဆုံးဖြတ်ချက်များကို ပြုလုပ်ခြင်းသည် လျှင်မြန် ထိရောက်စွာ အဖွဲ့အစည်းကို တိုးတက်စေလျက်ရှိသည်။

 

ဦးဇော်ဇော်သည် အဖွဲ့အစည်း၏ ဥက္ကဌ ဖြစ်ပြီး စီးပွားရေးလုပ်ငန်း ကျွမ်းကျင်မှု နှင့် နိုင်ငံနှင့် လူမျိုး ဖွံဖြိုးတိုးတက်ရန် အတွက် စိတ်အားထက်သန်မှုတို့ကြောင့် လူသိများပါသည်။ မူလ Max Myanmar Co., Ltd. သည် ဂျပန်မှကားများကို တင်သွင်းသောလုပ်ငန်းဖြင့် ၁၉၉၃ ခုနှစ်တွင် စတင်ခဲ့သည်။ စွမ်းအင်၊ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ဘဏ္ဍာရေးကဏ္ဍ ဝန်ဆောင်မှု များကို လျှင်မြန်တိုးတက်သော မဟာဗျုဟာ တစ်ခုအနေဖြင့် အမျိုးမျိုးတိုးချဲ့ လုပ်ကိုင်ခဲ့ပါသည်။

 

ဧရာဝတီဖောင်ဒေးရှင်းအကြောင်း

ဥက္ကဌ ဦးဇော်ဇော်သည် နိုင်ငံတော်၏ ဖွံဖြိုးတိုးတက်မှုကို အလွန်စိတ်ဝင်ပြီး အဖွဲ့အစည်းတစ်ခုလုံးတွင် ကောင်းမွန်သော နိုင်ငံသားဖြစ်တည်မှုကိုတန်ဖိုးထားသည်။ ဧရာဝတီ ဖောင်ဒေးရှင်းကို အကျိုးအမြတ်မယူသော ပရဟိတလုပ်ငန်း အဖြစ် ၂၀၁၀ တွင် စတင်တည်ထောင်ခဲ့ပါသည်။

 

ဧရာဝတီဖောင်ဒေရှင်း၏ ပရဟိတလုပ်ငန်းများသည် ကော်ပိုရေးရှင်းရေရှည်တည်တံ့ခိုင်မြဲမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဖွဲ့အစည်းများနှင့် သက်ဆိုင်သူတို့ ဘဝအရည်အသွေးကို မြှင့်တင်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော ကော်ပိုရေးရှင်း နိုင်ငံသားများ နှင့် လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုရှိပြီး ဗဟိုပြုပါသည်။ ဧရာဝတီဖောင်ဒေးရှင်းသည် လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများအပေါ်တွင် လူမှုရေးကော်ပိုရေးရှင်း တာဝန်များသည် နှစ်ဦးနှစ်ဖက် သီးသန့်တန်ဖိုးများ မဟုတ်ဟု ကျွနုပ်တို့အဖွဲ့အစည်းမှ ယုံကြည်ထားပါသည်။

 

ဧရာဝတီဖောင်ဒေးရှင်း လုပ်ထုံးလုပ်နည်းများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ အခြေခံမှုများ၊ OECD လမ်းညွှန်ချက်များ၊ ISO စံသတ်မှတ်ချက်များ၊ GRI ရေရှည်တည်တံ့ခိုင်မြဲမှု အစီအစဉ်ခံခြင်းစံချိန်စံညွှန်းများနှင့်ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်များ ဖြစ်နှင့်အညီ ဖြစ်ပါသည်။

 

ဧရာဝတီဖောင်ဒေးရှင်းသည် COVID-19 စတင်ဖြစ်စဉ်ကတည်းက ပြည်သူလူထု လုံခြုံရေးနှင့် ပြည်သူကျန်းမာရေးအတွက် ၄ဘီလီယံကျပ်လှုဒါန်းခဲ့ပါသည်။ ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် လူဦးရေ ၃၅၀ အထိ ထိန်းသိမ်းထားနိုင်သည့် AYA ဘဏ်လေ့ကျင့်ရေးစင်တာ၊ မြန်မာနိုင်ငံဘောလုံးအသင်းရှိ ဘောလုံးအသင်း ၃ခုနှင့် အမျိုးသားဘော်လုံးအကယ်ဒမီ (ရန်ကုန်) တို့မှ quarantine စင်တာများကို တည်ထောင်ခဲ့ပါသည်။ မက်စ်ဟိုတယ်အုပ်စုနှင့် Novotel Yangon Max တို့မှ ရန်ကုန်မြို့ရှိ လူနာ ၆၀၀ ကျော် အတွက် နေ့စဉ် အစားအစာများအပြင် ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ကျန်းမာရေးဝန်ထမ်းများအတွက် နေရာထိုင်ခင်းနှင့် ကျန်းမာရေးအာမခံများပါ ထောက်ပံ့ပေးခဲ့ပါသည်။

Read times
Rate this item
(0 votes)