What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 July 2022 15:48

မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေမှာ မျောက်ကျောက်ရောဂါ ကူးစက်နေပြီ

မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေမှာ မျောက်ကျောက်ရောဂါ ကူးစက်နေပြီ Reuters

မျောက်ကျောက်ရောဂါအား ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဇူလိုင်၂၃ရက် ညပိုင်းက ကြေညာလိုက်ပြီး "မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုဟာ တစ်ကမ္ဘာလုံးက အာရုံစိုက်ရမည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ တစ်ရပ်အဖြစ် ဆုံးဖြတ်လိုက်တယ်လို့လည်း WHO၏ အကြီးအကဲ ပြောကြားထားပါတယ်။

WHO၏ အကြီးအကဲ မစ္စတာတက်ဒ်ရော့စ် (Tedros Adhanom Ghebreyesus) က"မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု(၃၀၄၀)ခုရှိပြီး၊ နိုင်ငံပေါင်း ၄၇နိုင်ငံမှာ ဖြစ်ပွားနေကတည်းက WHOကို သတင်းပို့တိုင်ကြား ခဲ့ကြပါတယ်။

အဲဒီကနေစပြီး ကူးစက်ပြန့်ပွားမှုဟာ ဆက်လက်များပြား လာခဲ့ရာမှာ အခုအချိန်မှာတော့ နိုင်ငံဒေသ၇၅ခုမှာ ကူးစက်ခံရသူ ၁၆၀၀၀ကျော်ရှိလာပြီး၊ သေဆုံးသူ၅ဦးရှိလာပြီ ဖြစ်ပါတယ်" ဟုလည်း သူကဆိုသည်။

ထို့သို့ ပြောကြားပြီးနောက် နောက်တစ်နေ့မှာပဲ စင်ကာပူနိုင်ငံတွင် လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသူ အမျိုးသား၆ဦးကို စစ်ဆေးတွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ဇူလိုင်၂၄တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

သို့ရာတွင် ယင်းမျောက်ကျောက် ရောဂါကိုကာကွယ် ဟန့်တားရန်အတွက် လက်ရှိအခြေအနေတွင် ကျယ်ကျယ်ပြန့်ပြန့် (သို့) ကြီးကြီးမားမား ကန့်သတ်ချက်များပြဌာန်းရန် မလိုအပ်သေးကြောင်း စင်ကာပူရှိ ကျန်းမာရေး ကျွမ်းကျင်သူများက ပြောသည်။

BI1.jpg

ထိုင်းနိုင်ငံတွင် ပထမဆုံးမျောက်ကျောက်ရောဂါ ဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးလာသည့် အသက်၂၇နှစ်အရွယ်ရှိ နိုင်ဂျီးရီးယား အမျိုးသားကို စနေနေ့ဇူလိုင်၂၃ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ပြန်လည်တွေ့ရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ခဲ့ပါတယ်။

နောက်ထပ်မြန်မာ့ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌လည်း မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ဇူလိုင်ဒုတိယအပတ် ကပထမဆုံးတွေ့ရှိခဲ့ပြီးနောက်လက်ရှိတွင်နိုင်ငံအတွင်းကူးစက်ခံရသူ၄ဦးရှိနေပြီလို့အိန္ဒိယကျန်းမာရေးအာဏာပိုင်များကထုတ်ပြန်ထားပါတယ်။

ပထမဆုံး တွေ့ရှိသူ၃ဦးဟာ နိုင်ငံရပ်ခြားသို့ ခရီးသွားရောက်ခဲ့ပြီး ပြန်လည်ဝင်ရောက် လာသူများဖြစ်ပြီး စစ်ဆေးတွေ့ရှိခဲ့တဲ့ နေ့မှစ၍ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတယ်လို့လည်း အိန္ဒိယအာဏာပိုင်တွေက ဆိုထားပါတယ်။

ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှာလည်း လမ်းလျှောက်စ ကလေးငယ်တစ်ဦးနှင့် အမေရိကန်နိုင်ငံသား မဟုတ်သည့် လသားကလေးငယ် တစ်ဦးတို့ မျောက်ကျောက်ရောဂါ ကူးစက်နေကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဇူလိုင်လ၂၂ရက် ထုတ်ပြန်ထားပါတယ်။

အဆိုပါ ရောဂါဖြစ်ပွားမှု နှစ်ခုသည် ဆက်စပ်မှုမရှိသဖြင့် မိသားစုအတွင်း ကူးစက်ခြင်းဖြစ်နိုင်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဗဟိုဌာန (CDC)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး၊ ကလေးငယ်များသည် ကျန်းမာရေးကောင်းမွန်ပြီး ဆေးကုသမှုခံယူနေကြောင်းလည်း သိရှိရပါတယ်။

မျောက်ကျောက်ရောဂါဟာ တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများရှိပြီး အရေပြားဒဏ်ရာများကိုလည်း ဖြစ်စေတတ်ပြီး၊ အာဖရိက အနောက်ပိုင်းနှင့် အလယ်ပိုင်းတွင် အဓိကဖြစ်ပွားခဲ့သလို အနီးကပ်ထိတွေ့မှု ရှိမှသာ ကူးစက်တတ်သည့် ရောဂါမျိုးဖြစ်ကာ ယခုနှစ်အထိ နိုင်ငံပေါင်း၇၅ခုတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုပေါင်း (၁၆,၀၀၀)ကျော်ရှိပြီး အာဖရိကတွင် ငါးဦးသေဆုံးခဲ့ပြီလည်း ဖြစ်တယ်လို့ WHOရဲ့ အချက်အလက်များအရ သိရှိရပါတယ်။

မြန်မာနိုင်ငံဟာလည်း လက်ရှိမှာ ပြည်ပခရီးသွားများကို ပြန်လည်လက်ခံနေပြီဖြစ်ပြီး၊ ကိုဗစ်၁၉ နောက်ထပ်လှိုင်း မဖြစ်အောင်လည်း တစ်ချိန်တည်းမှာ ကာကွယ်နေရသည်ဖြစ်ရာ မျောက်ကျောက်ကဲ့သို့ အန္တရာယ်ရှိ နောက်ထပ်ရောဂါတစ်ခု ထပ်မံမဖြစ်ပွားဖို့ ပိုမိုအရေးကြီးလာပြီ ဖြစ်ပါတယ်။

mmgpmedia

BI.jpg

Read times
Rate this item
(0 votes)