What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 April 2020 10:42

COVID-19 ကုဖို့ မြန်မာအပါအဝင် ယူနန်နယ်စပ်ဒေသတလျှောက် ဆေးရုံ ၂၅ ခု တရုတ်ဆောက်မည်

မြန်မာ၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတို့နဲ့ နယ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ယူနန်ပြည်နယ်မှာ ကိုရိုနာ ဗိုင်းရပ်စ် ထိန်းချုပ်ရေး လုပ်ငန်းတွေ အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ တရုတ် နိုင်ငံပိုင် Global Times သတင်းစာကဆိုပါတယ်။

 

တရုတ်နိုင်ငံ ပြင်ပကနေပြန်လာသူတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများနေတာကို တုံ့ပြန်ဖို့ တရုတ်အရှေ့မြောက်ပိုင်းက တာဝန်ရှိသူတွေ ယူနန် ပြည်နယ်ကို သွားရောက် ကူညီနေတယ်လို့လည်း ဆိုပါတယ်။ တရုတ်နိုင်ငံထဲမှာ ဗုဒ္ဓဟူးနေ့က ရောဂါ ကူးစက်သူ အသစ် ၄၆ ယောက်တွေ့ရှိပြီး ပြည်ပ က ပြန်လာသူ ၃၆ ယောက် ပါဝင်တယ်လို့ Global Times သတင်းမှာ ဖော်ပြထားပါတယ်။

COVID.png

ယူနန် ပြည်နယ် အစိုးရက နယ်စပ်က မြို့နယ် ၂၅ ခုမှာ ဆေးရုံတွေ ဆောက်ဖို့အပြင် ရောဂါ ရှာဖွေ စမ်းသပ်တဲ့ နေရာတွေနဲ့ စောင့်ကြည့်လူနာ သီးခြား ခွဲထားနေရာတွေကိုပါ ထားရှိဖို့ စီစဉ်နေပါတယ်။ ရောဂါ တားဆီးထိန်းချုပ်ရေး ဌာန ၂၅ ခုကို လည်း မြန်မာ၊ ဗီယက်နမ်နဲ့ လာအိုနယ်စပ်က မြို့နယ် ၂၀ မှာ ဒီလမကုန်ခင် အပြီးဆောက်မှာ ဖြစ်ပါတယ်။

 

ယူနန်ပြည်နယ်မှာ အခုရက်ပိုင်း ပြည်ပက ရောဂါ ကူးစက်လာသူ ဦးရေ မြင့်တက်လာတာမရှိဘဲ ၁၀ ဦးမှာသာ ရောဂါ ကူးစက်နေတာကို တွေ့ရှိတာကြောင့် အခုလို လုပ်ဆောင်တာဟာ ကြိုတင် ပြင်ဆင်တဲ့ သဘောလို့ဆိုပါတယ်။

 

မြန်မာ၊ ဗီယက်နမ်နဲ့ လာအို နိုင်ငံတွေမှာလည်း လက်ရှိ ရောဂါ ကူးစက်မှုနှုန်း မြင့်မားတာမျိုး မရှိသေးပါဘူး။ မြန်မာအစိုးရက ဗုဒ္ဓဟူးနေ့ညပိုင်း နောက်ဆုံး ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID -19 ကူးစက်ခံရသူ ၇၄ ဦး ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အင်္ဂါနေ့က ထုတ်ပြန် ချက်အရ ဗီယက်နမ်မှာ ၂၆၅ ဦးနဲ့ လာအိုမှာ ၁၉ ဦး ရှိပါတယ်။

VOA Burmese

 

HPD.png

(Zawgyi)

=======

COVID-19 ကုဖုိ႔ ျမန္မာအပါအ၀င္ ယူနန္နယ္စပ္ေဒသတေလွ်ာက္ ေဆးရုံ ၂၅ ခု တရုတ္ေဆာက္မည္

 

ျမန္မာ၊ ဗီယက္နမ္နဲ႔ လာအိုနိုင္ငံတို႔နဲ႔ နယ္ခ်င္းထိစပ္ေနတဲ့ တ႐ုတ္နိုင္ငံ အေနာက္ေတာင္ပိုင္းက ယူနန္ျပည္နယ္မွာ ကိုရိုနာ ဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရး လုပ္ငန္းေတြ အရွိန္ျမႇင့္ ေဆာင္ရြက္ေနတယ္လို႔ တ႐ုတ္ နိုင္ငံပိုင္ Global Times သတင္းစာကဆိုပါတယ္။

 

တ႐ုတ္နိုင္ငံ ျပင္ပကေနျပန္လာသူေတြမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ားေနတာကို တုံ႔ျပန္ဖို႔ တ႐ုတ္အေရွ႕ေျမာက္ပိုင္းက တာဝန္ရွိသူေတြ ယူနန္ ျပည္နယ္ကို သြားေရာက္ ကူညီေနတယ္လို႔လည္း ဆိုပါတယ္။ တ႐ုတ္နိုင္ငံထဲမွာ ဗုဒၶဟူးေန႔က ေရာဂါ ကူးစက္သူ အသစ္ ၄၆ ေယာက္ေတြ႕ရွိၿပီး ျပည္ပ က ျပန္လာသူ ၃၆ ေယာက္ ပါဝင္တယ္လို႔ Global Times သတင္းမွာ ေဖာ္ျပထားပါတယ္။

 

ယူနန္ ျပည္နယ္ အစိုးရက နယ္စပ္က ၿမိဳ႕နယ္ ၂၅ ခုမွာ ေဆး႐ုံေတြ ေဆာက္ဖို႔အျပင္ ေရာဂါ ရွာေဖြ စမ္းသပ္တဲ့ ေနရာေတြနဲ႔ ေစာင့္ၾကည့္လူနာ သီးျခား ခြဲထားေနရာေတြကိုပါ ထားရွိဖို႔ စီစဥ္ေနပါတယ္။ ေရာဂါ တားဆီးထိန္းခ်ဳပ္ေရး ဌာန ၂၅ ခုကို လည္း ျမန္မာ၊ ဗီယက္နမ္နဲ႔ လာအိုနယ္စပ္က ၿမိဳ႕နယ္ ၂၀ မွာ ဒီလမကုန္ခင္ အၿပီးေဆာက္မွာ ျဖစ္ပါတယ္။

 

ယူနန္ျပည္နယ္မွာ အခုရက္ပိုင္း ျပည္ပက ေရာဂါ ကူးစက္လာသူ ဦးေရ ျမင့္တက္လာတာမရွိဘဲ ၁၀ ဦးမွာသာ ေရာဂါ ကူးစက္ေနတာကို ေတြ႕ရွိတာေၾကာင့္ အခုလို လုပ္ေဆာင္တာဟာ ႀကိဳတင္ ျပင္ဆင္တဲ့ သေဘာလို႔ဆိုပါတယ္။

 

ျမန္မာ၊ ဗီယက္နမ္နဲ႔ လာအို နိုင္ငံေတြမွာလည္း လက္ရွိ ေရာဂါ ကူးစက္မႈႏႈန္း ျမင့္မားတာမ်ိဳး မရွိေသးပါဘူး။ ျမန္မာအစိုးရက ဗုဒၶဟူးေန႔ညပိုင္း ေနာက္ဆုံး ထုတ္ျပန္ခ်က္အရ ျမန္မာနိုင္ငံမွာ COVID -19 ကူးစက္ခံရသူ ၇၄ ဦး ရွိၿပီး ကမၻာ့က်န္းမာေရးအဖြဲ႕ WHO က အဂၤါေန႔က ထုတ္ျပန္ ခ်က္အရ ဗီယက္နမ္မွာ ၂၆၅ ဦးနဲ႔ လာအိုမွာ ၁၉ ဦး ရွိပါတယ္။

Read times Last modified on Thursday, 16 April 2020 12:48
Rate this item
(0 votes)