What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 21 December 2020 21:27

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန်

အထူးသတိပြုရမည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန်ထားပါသည်။

 

ပိုမိုလျင်မြန်စွာကူးစက်သည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ဖြစ်နေကြောင်း ဗြိတိန်နိုင်ငံတွင် တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း SARS-Cov-2 ဗိုင်းရပ်စ်ပိုး၏မျိုးဗီဇတစ်ခုလုံးကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည် ကြေညာချက် အပြည့်အစုံကို ဖော်ပြအပ်ပါသည်။

 

အထူးသတိပြုရမည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်

(၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့

 

COMID-19 ကိုဖြစ်ပွားစေသော SARS-Cov-2 ဗိုင်းရပ်စ်ပိုးသည် ဗိုင်းရပ်စ်ပိုးတို့၏ သဘောသဘာဝအရ ဗီဇပြောင်းလဲမှုသစ်ဖြစ်ကာ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုများ တွေ့ရှိနေကြောင်း (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၄) ရက်၌ အဆိုပါနိုင်ငံမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကို "val - 202012/01' ဟုခေါ်ဝေါ်ထားပြီး အခြား SARS-Cov-2 ဗိုင်းရပ်စ်ပိုးများထက် ပိုမိုကူးစက်ပျံ့နှံ့လွယ်သည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။

 

သို့ရာတွင် အဆိုပါ ဒီဇပြောင်းဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်မှုပိုမိုလာသည်ဆိုသော အထောက်အထား မတွေ့ရှိရသေးကြောင်း သိရှိရပါသည်။

 

အဆိုပါ SARS-Cov-2 ဗိုင်းရပ်စ်ပိုး၏ဗီဇပြောင်းလဲမှုအသစ်အား ပညာရှင်ပေါင်းစုံက ပူးပေါင်းကာ စုံစမ်းစစ်ဆေး စမ်းသပ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသည် မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ “မျိုးဗီဇတစ်ခုလုံး (whole enorme sequence) ကို လေ့လာသော သုတေသနပြုမှုများ ကို ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၌ လက်ရှိကူးစက်ဖြစ်ပွားနေသော SARS-Cov-2 ဗိုင်းရပ်စ်ပိုး၏မျိုးဗီဇတစ်ခုလုံးကိုလည်း ဆေးသုတေသဦးစီးဌာနမှ ဆက်လက်စစ်ဆေး လေ့လာသွားမည် ဖြစ်ပါသည်။

 

ကမ္ဘာပေါ်တွင် ထိုကဲ့သို့ ပိုမိုလျင်မြန်စွာကူးစက်သည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိနေရသဖြင့် ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းများကို ယခုထက်ပို၍ တိကျစွာ လိုက်နာကြရန် လိုအပ်ပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 

Read times Last modified on Monday, 21 December 2020 21:30
Rate this item
(0 votes)