What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 23 September 2022 14:38

၂ ရက်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ လေးရာကျော််ရှိလာတဲ့ မြန်မာနိုင်ငံ

ပြီးခဲ့တဲ့ ၂ ရက်အတွင်း ကိုဗစ် အတည်ပြုလူနာ ၄၀၉ ဦးအထိ တွေ့ခဲ့တဲ့အကြောင်း စက်တင်ဘာ ၂၂ ရက် ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ စက်တင်ဘာလအတွင်းမှာ လူနာတွေ့ရှိသူ လေးရာ ကျော်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့သူ နှစ်ရာကနေ သုံးရာကြားသာ ရှိခဲ့ရာကနေ စက်တင်ဘာ ၂၁ ရက် ည ၈ နာရီကနေ ကနေ ၂၂ ရက် ည ၈နာရီအထိ ၂ရက် အတွင်း လူ ၆၂၀၄၄၄ ကျော် ကို စစ်ဆေးခဲ့တဲ့အထဲ လေးရာကျော် ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

Min-Han-Terrazzo.jpg

ကိုဗစ်ကြောင့် သေဆုံးသူ ၁ ဦး အထိ ရှိခဲ့ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၈ ရက်ကနေ စက်တင်ဘာ ၁၉ ရက်အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၁၃၈ ဦးရှိခဲ့ပြီး အဲဒီထဲက ၉၇ ဦးက ရောဂါအခံတစ်ခုခုရှိနေသူတွေဖြစ်တဲ့အကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်ကာကွယ်ရေးစည်းမျဉ်းတွေလိုက်နာဖို့၊ ကိုဗစ် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံဖို့နဲ့ ထပ်ဆောင်းထိုးနှံဖို့ ဆက်တိုက်သတိပေးမှုတွေ ပြုလုပ်နေပါတယ်။

Myanmar Health Products Guide

Read times Last modified on Friday, 23 September 2022 15:03
Rate this item
(0 votes)