What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 17 September 2020 14:36

ရန်ကုန်မြို့ရှိ Fever Clinic များတွင် COVID-19 ရောဂါပိုး ရှိမရှိစစ်ဆေးနိုင်ရန် ဆောင်ရွက်မည်

ရန်ကုန်မြို့ရှိ ဖျားနာကုဆေးခန်း (Fever Clinic) များတွင် COVID-19 ရောဂါပိုး ရှိ/မရှိစစ်ဆေးနိုင်ရန်အတွက် ဓာတ်ခွဲနမူနာ( Swab Test ) ရယူခြင်းများကို မကြာမီစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Community Fever Clinic Network မှ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ နေမင်းထက် က ပြောကြားသည်။

 

“လတ်တလောမှာ Fever Clinic က ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ် အခု ၂၀ မှာ ရှိပါတယ်။ အင်းစိန်က အရင်က Swab ယူပြီး အလုပ်လုပ်နေတာအောင်မြင်ပါတယ်။ Fever Clinic တွေမှာ လူတိုင်းကို တော့ Swab မယူဘူး။ သတ်မှတ်ချက်တွေ နဲ့ ကိုက်ညီတဲ့ လူနာတွေ ကို Swab ယူပေးမှာ ဖြစ်ပါတယ်။ အခမဲ့ဆောင်ရွက်ပေးမယ် လို့ဆုံးဖြတ်ထားပါတယ်” ဟု ၎င်းကရှင်းပြသည်။

 

လက်ရှိတွင် ရန်ကုန်မြို့ရှိ ဆေးရုံများတွင် ကိုဗစ်သံသယလူနာများကို ဓာတ်ခွဲနမူနာရယူပေးရာတွင် ဆေးရုံ၌ ၁ ရက်၊ ၂ရက်အကြာနေထိုင်ရသောကြောင့် နေရာအခက်များရှိနေသည့်အပြင် ဆေးရုံဝန်ထမ်းများမှာလည်း အလုပ်ပိုမို များလာသောကြောင့် Fever Clinic များတွင် သံသယလူနာများကို ဓာတ်ခွဲနမူနာရယူပေးနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ဆေးရုံတင်ရန်မလိုအပ်သော သံသယလူနာများ၏ နှာခေါင်း/အာခေါင်တို့ဖတ် Throat swab/Nasal swab ယူခြင်းများကို အင်းစိန် ဖျားနာကုဆေးခန်း Fever Clinic တွင် စက်တင်ဘာ ၁၁ ရက်၌ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင် လက်ရှိတွင် COVID-19 Positive လူနာများခပ်စိပ်စိပ် တွေ့လာရသောကြောင့် Fever Clinic များတွင် လူနာ များပြားလာသည့် အတွက် Fever Clinic ဆေးခန်း ဖွင့်သော အချိန်ကို ပြီးခဲ့သည့် တစ်ပတ် မှ စတင်၍ အချိန်တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း၊ဆေးခန်းတွင်ပြသသောလူနားများ သာမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော လူနာများလည်း များလာကြောင်း သိရသည်။ နေ့စဉ် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသောလူနာ အယောက် ၅၀ နှင့် ၆၀ ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။

 

“အရင်က COVID-19 ရောဂါသံသယ လူနာဆိုရင် ဆေးရုံ ကိုတန်းလွှဲတယ်။ အခု က အဲလို တန်းလွှဲလို့မရတော့ဘူး။ တတ်နိုင်သလောက် အိမ်မှာ စောင့်ကြည့် ပြီး နေခိုင်းရတာတွေ များလာတယ်။ COVID-19 ကြိမ်းသေဖြစ်ဖို့များတဲ့လူနာတွေကိုသာ ဆေးရုံတန်းလွှဲတယ်” ဟုဒေါက်တာနေမင်းထက်က ဆက်လက်ပြောကြားခဲ့သည်။လက်ရှိတွင် Fever Clinic များသည် ရန်ကုန်ဆေးရုံကြီး၊ ဂန္ဒီဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီး စသည့် ဆေးရုံကြီးများဖြင့် လက်တွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(Xinhua)

Read times
Rate this item
(0 votes)