What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 05 February 2020 15:04

ကိုရိုနာဗိုင်းရက်စ် (Coronavirus) အကြောင်း သင်ဘယ်လောက်သိပြီပြီးလဲ

အားလုံးသိချင်နေကြတဲ့ တရုတ်နိုင်ငံ ၊ ဝူဟန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗိုင်းရက်စ်ရဲ့ လက္ခဏာတွေက ဘယ်လိုမျိုးလဲ ၊ ဘယ်လိုပြန့်နှံ့သလဲ ၊ ဘယ်လို အချိန်တွေမှာဆရာဝန် နဲ့ သွားရောက်ပြသင့်သလဲ ဆိုတာကို အကြောင်းစုံ ဖော်ပြပေးလိုက်ပါတယ်။

 

ကိုရိုနာဗိုင်းရက်စ် (Coronavirus) ဆိုတာကတော့ လူတွေနဲ့ တိရိစ္ဆာန်တွေကိုပါ ကူးစက်ပြန့်နှံ့နိုင်တဲ့ ဗိုင်းရက်စ်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရက်စ် (Coronavirus) မဖြစ်ပေါ်မှီ အရင် ကိုရိုနာဗိုင်းရက်စ် (Coronavirus) နဲ့ အလားတူ ဗိုင်းရက်စ်ကို တွေ့ရှိပါသေးတယ်။ ထိုဗိုင်းရက်စ်ကို တရုတ်နိုင်ငံ အလယ်ပိုင်းရဲ့ ဈေးတွေမှာ တိရိစ္ဆာန်အရှင်လတ်လတ်ရောင်းချသူတွေ နဲ့ ရေလုပ်သားတွေမှာ အများဆုံးတွေ့ခဲ့ရပါတယ်။

 

ထိုဗိုင်းရက်စ် မပြန့်ပွားမှီအလျှင် ကိုရိုနာဗိုင်းရက်စ် တိရိစ္ဆာန်အရှင် လတ်လတ်များ စားသုံးခြင်းကနေ စတင်ခဲ့ပါတယ်။ ဖြစ်နိုင်ချေအများဆုံးကတော့ လင်းနို့အသား စားသုံးခြင်းကနေ လာတယ်ဆိုပြီး ဆိုကြပါတယ်။ များမကြာမှီမှာပဲ ကိုရိုနာဗိုင်းရက်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ အရေးပေါ်သတင်းထုတ်ပြန်ချက်များ ပြုလုပ်ခဲ့ရပါတယ်။

 

လက်ရှိမှာတော့ တရုတ်နိုင်ငံ အပါအဝင် တခြားနိုင်ငံတော်တော်များများ ကို ပြန့်နှံ့နေပြီး ကူးစက်ခံသူ သုံးသောင်း နီးနီးကို နီးကပ်လာနေပြီး သေဆုံးပေါင်း ငါးရာ နီးနီးကို ရောက်ရှိနေပါတယ်။ နေ့စဉ်နဲ့အမျှ ကူးစက်တဲ့သူတွေ နဲ့ သေဆုံးသူတွေက တိုးလာနေတာပဲ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရက်စ် (ဝါ) ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရက်စ် နဲ့ ပတ်သက်ပြီး ကုသနိုင်တဲ့ ဆေးဝါး မတွေ့ရှိသေးပေမယ့် HIV ပိုး နဲ့ ပတ်သက်ပြီး သောက်သုံးတဲ့ ဆေးဝါးတွေက ကိုရိုနာဗိုင်းရက်စ် ကို ကုသဖို့အတွက် အထောက်အကူ ဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ရှိခဲ့ပါတယ်။

 

ကိုရိုနာဗိုင်းရက်စ်က အသက်ရှုလမ်းကြောင်းကနေ တစ်ဆင့် တိုက်ရိုက် ကူးစက်ပျံနှံ့တာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရက်စ် က တခြားသော ရောဂါတွေနဲ့ လက္ခဏာတွေ တူနေတာကြောင့် ကူးစက်ခံရသူအနေနဲ့ အလွယ်တကူတော့ မသိရှိနိုင်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ 

လွန်ခဲ့သည့် (၁၄) ရက်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ခရီးသွားခဲ့ခြင်း (သို့မဟုတ်) အဆိုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရက်စ် ဖြစ်ပွားသူနဲ့ အတူနေထိုင်ခြင်း ၊ ဖျားခြင်း (အပူချိန် ၃၈ 'C ၊ ၁၀၀.၄ 'F နှင့် အထက်) ရှိခြင်း ၊ ချောင်းဆိုခြင်း ၊ အသက်ရှုရခက်ခဲခြင်း နှင့် အားအင်ကုန်ခမ်းခြင်း စတာတွေ ဖြစ်ခဲ့မယ်ဆိုရင်တော့ သံသယဖြစ်ဖွယ် ကောင်းတဲ့ ရောဂါလက္ခဏာတွေဘဲ ဖြစ်ပါတယ်။

 

ကိုရိုနာဗိုင်းရက်စ်နဲ့ ပတ်သက်ပြီး ကာကွယ်နိုင်မယ့် နည်းလမ်းများကတော့

အဆုတ်ရောင်ရောဂါ လက္ခဏာ ခံစားနရသူများ နဲ အနီးကပ် ထိတွေ့ခြင်းမှာ ရှောင်ကြဉ်ခြင်း ၊

လက်ကို စင်ကြယ်အောင် မကြာခဏ စနစ်တကျ ဆေးကြောခြင်း ၊

နှာချေ ၊ ချောင်းဆိုးသည့်အခါ နှာခေါင်း နှင့် ပါးစပ်ကို လုံခြုံအောင်ဖုံးအုပ်ပါ။ (အထူးသဖြင့် ဘတ်(စ်) ကားစီတဲ့အခါ)

တစ်ရှူးအသုံးပြုပါက အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။ လက်ကို စနစ်တကျ ပြန်လည်ဆေးကြောပါ ၊

တစ်ကိုယ်ရေ သန့်ရှင်းမှု ဂရုပြုဆောင်ရွက်ပါ။ အာဟာရပြည့်ဝစွာ စားသုံးပါ။ ကောင်းစွာ အိပ်စက် အနားယူပါ ၊

လူထူထပ်သည့်နေရာများသို့ သွားလာခြင်း မှ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ ၊

တိရစ္ဆာန်များနှင့် အကာအကွယ် မပါဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ စတဲ့ အချက်များကို ပြုလုပ်ခြင်းဖြင့် ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

-----------

ကို႐ိုနာဗိုင္းရက္စ္ (Coronavirus) အေၾကာင္း သင္ဘယ္ေလာက္သိၿပီၿပီးလဲ

 

အားလုံးသိခ်င္ေနၾကတဲ့ တ႐ုတ္ႏိုင္ငံ ၊ ဝူဟန္ၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ ဗိုင္းရက္စ္ရဲ႕ လကၡဏာေတြက ဘယ္လိုမ်ိဳးလဲ ၊ ဘယ္လိုျပန႔္ႏွံ႔သလဲ ၊ ဘယ္လို အခ်ိန္ေတြမွာဆရာဝန္ နဲ႔ သြားေရာက္ျပသင့္သလဲ ဆိုတာကို အေၾကာင္းစုံ ေဖာ္ျပေပးလိုက္ပါတယ္။  ကို႐ိုနာဗိုင္းရက္စ္ (Coronavirus) ဆိုတာကေတာ့ လူေတြနဲ႔ တိရိစာၦန္ေတြကိုပါ ကူးစက္ျပန႔္ႏွံ႔ႏိုင္တဲ့ ဗိုင္းရက္စ္ေရာဂါ တစ္မ်ိဳးျဖစ္ပါတယ္။

 

ကို႐ိုနာဗိုင္းရက္စ္ (Coronavirus) မျဖစ္ေပၚမွီ အရင္ ကို႐ိုနာဗိုင္းရက္စ္ (Coronavirus) နဲ႔ အလားတူ ဗိုင္းရက္စ္ကို ေတြ႕ရွိပါေသးတယ္။ ထိုဗိုင္းရက္စ္ကို တ႐ုတ္ႏိုင္ငံ အလယ္ပိုင္းရဲ႕ ေဈးေတြမွာ တိရိစာၦန္အရွင္လတ္လတ္ေရာင္းခ်သူေတြ နဲ႔ ေရလုပ္သားေတြမွာ အမ်ားဆုံးေတြ႕ခဲ့ရပါတယ္။

 

ထိုဗိုင္းရက္စ္ မျပန႔္ပြားမွီအလွ်င္ ကို႐ိုနာဗိုင္းရက္စ္ တိရိစာၦန္အရွင္ လတ္လတ္မ်ား စားသုံးျခင္းကေန စတင္ခဲ့ပါတယ္။ ျဖစ္ႏိုင္ေခ်အမ်ားဆုံးကေတာ့ လင္းႏို႔အသား စားသုံးျခင္းကေန လာတယ္ဆိုၿပီး ဆိုၾကပါတယ္။ မ်ားမၾကာမွီမွာပဲ ကို႐ိုနာဗိုင္းရက္စ္နဲ႔ ပတ္သက္ၿပီး က်န္းမာေရးဝန္ႀကီးဌာနမွ အေရးေပၚသတင္းထုတ္ျပန္ခ်က္မ်ား ျပဳလုပ္ခဲ့ရပါတယ္။

 

လက္ရွိမွာေတာ့ တ႐ုတ္ႏိုင္ငံ အပါအဝင္ တျခားႏိုင္ငံေတာ္ေတာ္မ်ားမ်ား ကို ျပန႔္ႏွံ႔ေနၿပီး ကူးစက္ခံသူ သံုးေသာင္း နီးနီးကို နီးကပ္လာေနၿပီး ေသဆုံးေပါင္း ငါးရာ နီးနီးကို ေရာက္ရွိေနပါတယ္။ ေန႔စဥ္နဲ႔အမွ် ကူးစက္တဲ့သူေတြ နဲ႔ ေသဆုံးသူေတြက တိုးလာေနတာပဲ ျဖစ္ပါတယ္။

 

ကို႐ိုနာဗိုင္းရက္စ္ (ဝါ) ျပင္းထန္အဆုတ္ေရာင္ေရာဂါ ကို႐ိုနာဗိုင္းရက္စ္ နဲ႔ ပတ္သက္ၿပီး ကုသႏိုင္တဲ့ ေဆးဝါး မေတြ႕ရွိေသးေပမယ့္ HIV ပိုး နဲ႔ ပတ္သက္ၿပီး ေသာက္သုံးတဲ့ ေဆးဝါးေတြက ကို႐ိုနာဗိုင္းရက္စ္ ကို ကုသဖို႔အတြက္ အေထာက္အကူ ျဖစ္ႏိုင္တယ္လို႔ သတင္းေတြ ထြက္ရွိခဲ့ပါတယ္။ ကို႐ိုနာဗိုင္းရက္စ္က အသက္ရႈလမ္းေၾကာင္းကေန တစ္ဆင့္ တိုက္႐ိုက္ ကူးစက္ပ်ံႏွံ႔တာ ျဖစ္ပါတယ္။

 

ကို႐ိုနာဗိုင္းရက္စ္ က တျခားေသာ ေရာဂါေတြနဲ႔ လကၡဏာေတြ တူေနတာေၾကာင့္ ကူးစက္ခံရသူအေနနဲ႔ အလြယ္တကူေတာ့ မသိရွိႏိုင္ပါဘူး။ ဒါေပမယ့္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ  လြန္ခဲ့သည့္ (၁၄) ရက္အတြင္း တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသို႔ ခရီးသြားခဲ့ျခင္း (သို႔မဟုတ္) အဆိုတ္ေရာင္ေရာဂါ ကို႐ိုနာဗိုင္းရက္စ္ ျဖစ္ပြားသူနဲ႔ အတူေနထိုင္ျခင္း ၊ ဖ်ားျခင္း (အပူခ်ိန္ ၃၈ 'C ၊ ၁၀၀.၄ 'F ႏွင့္ အထက္) ရွိျခင္း ၊ ေခ်ာင္းဆိုျခင္း ၊ အသက္ရႈရခက္ခဲျခင္း ႏွင့္ အားအင္ကုန္ခမ္းျခင္း စတာေတြ ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ သံသယျဖစ္ဖြယ္ ေကာင္းတဲ့ ေရာဂါလကၡဏာေတြဘဲ ျဖစ္ပါတယ္။

 

ကို႐ိုနာဗိုင္းရက္စ္နဲ႔ ပတ္သက္ၿပီး ကာကြယ္ႏိုင္မယ့္ နည္းလမ္းမ်ားကေတာ့

အဆုတ္ေရာင္ေရာဂါ လကၡဏာ ခံစားနရသူမ်ား နဲ အနီးကပ္ ထိေတြ႕ျခင္းမွာ ေရွာင္ၾကဥ္ျခင္း ၊

လက္ကို စင္ၾကယ္ေအာင္ မၾကာခဏ စနစ္တက် ေဆးေၾကာျခင္း ၊

ႏွာေခ် ၊ ေခ်ာင္းဆိုးသည့္အခါ ႏွာေခါင္း ႏွင့္ ပါးစပ္ကို လုံၿခဳံေအာင္ဖုံးအုပ္ပါ။ (အထူးသျဖင့္ ဘတ္(စ္) ကားစီတဲ့အခါ)

တစ္ရႉးအသုံးျပဳပါက အမႈိက္ပုံးထဲသို႔ စနစ္တက် စြန႔္ပစ္ပါ။ လက္ကို စနစ္တက် ျပန္လည္ေဆးေၾကာပါ ၊

တစ္ကိုယ္ေရ သန႔္ရွင္းမႈ ဂ႐ုျပဳေဆာင္႐ြက္ပါ။ အာဟာရျပည့္ဝစြာ စားသုံးပါ။ ေကာင္းစြာ အိပ္စက္ အနားယူပါ ၊

လူထူထပ္သည့္ေနရာမ်ားသို႔ သြားလာျခင္း မွ တတ္ႏိုင္သမွ် ေရွာင္ၾကဥ္ပါ ၊

တိရစာၦန္မ်ားႏွင့္ အကာအကြယ္ မပါဘဲ တိုက္႐ိုက္ထိေတြ႕ျခင္းမွ ေရွာင္ၾကဥ္ပါ စတဲ့ အခ်က္မ်ားကို ျပဳလုပ္ျခင္းျဖင့္ ႀကိဳတင္ကာကြယ္ျခင္းမ်ား ျပဳလုပ္ႏိုင္ပါတယ္။

Written By Health Products Directory

Read times Last modified on Wednesday, 05 February 2020 15:21
Rate this item
(1 Vote)