ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Covid အရေးပေါ်ကာလ ပြီးဆုံးကြောင်း ကြေညာ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Covid-19 သည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ မဟုတ်တော့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သောကြာနေ့တွင် ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်သည် ကမ္ဘာတစ်ဝှမ်းတွင် ပျံ့နှံ့သွားသဖြင့် သန်းနှင့်ချီ၍ သေဆုံးခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကသတိပေးချက်အဆင့်ကို လျှော့ချလိုက်သည်။
ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် အနည်းဆုံး လူသန်း ၂၀ သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ပြောကြားခဲ့သည်။
ကိုဗစ်သည် ယခုအထိ သုံးမိနစ်တိုင်း လူတစ်ဦး သေဆုံးစေဆဲ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကိုဗစ်ကို ကမ္ဘာ့ကပ်ရောဂါ "pandemic" ဟူသော စကားလုံးကို အသုံးပြုနေဆဲဖြစ်သည်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U