What's New




Friday, 12 January 2024 10:41

စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲတွေ့ရှိ

စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲတွေ့ရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။

 


 

ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲတွေ့ရှိမှု သတင်းထုတ်ပြန်ခြင်း

 

ရက်စွဲ၊ ၁၀- ၁-၂ဝ၂၄

 

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးသုတေသနဦးစီးဌာနသည် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ပေးပို့သော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာ (၁၈)ခုကို ၂၈-၁၂-၂၀၂၃ ရက်နေ့မှစ၍ မျိုးဗီဇတစ်ခုလုံးစစ်ဆေးမှု (Whole Genome Sequencing) ကို ဆောင်ရွက်ခဲ့ရာ ဓာတ်ခွဲနမူနာ(၁၆)ခုတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများ တွေ့ရှိခဲ့ရပြီး စင်္ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိပြီးနောက် ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ(၃)ခုနှင့် ပြည် တွင်းကူးစက်မှုများမှ ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ(၁၃)ခုတို့ဖြစ်ပါသည်။ ၂။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများသည် SARS-CoV-2 Omicron Variant များ ဖြစ်ပြီး စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ(၃)ဦးတွင် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကိုလည်းကောင်း၊ ပြည်တွင်းကူးစက်ဖြစ်ပွားသူ(၁၃)ဦးတွင် Omicron JN.1 (၁၁)ဦးနှင့် XBB.1.16.17 (၂)ဦးတို့ကိုလည်းကောင်း အသီးသီးတွေ့ရှိရပြီး ၎င်းတို့အားလုံးသည် ကျန်းမာရေး အခြေအနေများ သက်သာကောင်းမွန်ပါသဖြင့် သက်ဆိုင်ရာ ဆေးရုံအသီးသီးမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ် ουδι ωρο, η SARS-CoV-2 Omicron Variant p:o2 HV.1 JN.1 & EG.5.1.8 တို့မှာ မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (Newly Detected Variants In Myanmar) Gol

 

သို့ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ အသစ်တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ JN.1 သည် EG.5 ကဲ့သို့ပင် ပြည်သူ့ကျန်းမာရေးထိခိုက်မှုအန္တရာယ်ဖြစ်နိုင် ခြေနည်းပါးကြောင်း၊ ၎င်းဗီဇပြောင်းမျိုးကွဲပိုးသည် ကူးစက်ပျံ့နှံ့မှုမြင့်တက်လာသော်လည်း ရောဂါ ပြင်းထန်မှုမရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါပြင်းထန်မှုမှ ကာ ကွယ်ရန် ထိရောက်မှုရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုကို ခံယူသင့်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 

ကျန်းမာရေးဝန်ကြီးဌာန


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 12 January 2024 10:42
Rate this item
(0 votes)