What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Covid -19 ရဲ့ မျိုးစိတ်တစ်ခုဖြစ်တဲ့ Omicron က အခုဆိုရင် ကမ္ဘာ့နိုင်ငံ အနှံ့အပြားကို တဖြည်းဖြည်း ပျံ့နှံ့နေတာကြောင့် မိမိကိုယ်ကို ကြိုတင်ကာကွယ်ခြင်းဟာ ပိုပြီးကောင်းပါတယ်။

ဖျားနာခြင်း(ချမ်းတုန်ခြင်း)
ချောင်းခြောက်ဆိုးခြင်း၊ လည်းချောင်းခြောက်/နာခြင်း
ခေါင်းကိုက်ခြင်း
မောပန်းနွမ်းနယ်ခြင်း
နှာစေး၊နှာပိတ်၊နှာရည်ယိုခြင်း
ကိုယ်ခန္ဓာကြွက်သားများ ကိုက်ခဲခြင်းတို့ ဖြစ်နေပါက Omicron ဖြစ်နိုင်ဖွယ်ရှိတဲ့ လက္ခဏာတွေပါ။

ကိုဗစ်ဗိုင်းရပ်စ်ဟာ တုပ်ကွေးလက္ခဏာနှင့် ဆင်တူတတ်တာကြောင့် ပေါ့ပေါ့ဆဆ မနေကြဖို့ လိုသလို ဗိုင်းရပ်စ်ကိုရင်ဆိုင်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကိုလည်း သေချာလိုက်နာဖို့ မှာချင်ပါတယ်။

တတ်နိုင်သလောက် အပြင်မထွက်ပါနဲ့။
ချောင်းဆိုး၊ နှာချေရင် လက်နဲ့အုပ်ပါ ။
နှာခေါင်းစည်း (Mask) တပ်ပါ ။
ကာကွယ်ဆေးထိုးပါ ။
Covid -19 ကာကွယ်ဆေး ထိုးလို့ရနိင်မည့် ဆေးရုံ (၁၀)ခု နှင့် အချက်အလက်အချို့ကို တင်ပြပေးလိုက်ပါတယ်။

၁။ Myat Taw Win Hospital
မလေးရှားနိုင်ငံ Pharmaniaga ကာကွယ်ဆေးစက်ရုံမှ ထုတ်လုပ်တဲ့ FDA အသိအမှတ်ပြု Sinovac ကာကွယ်ဆေးဟာ စင်္ကာပူ၊ မလေးရှားနှင့် သြစတေးလျနိုင်ငံတို့တွင် အသိအမှတ်ပြုထားပြီး အသက် (၁၂ )နှစ်အထက်ကလေးများ ထိုးနှံဖို့အတွက် မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ ကာကွယ်ဆေး အမျိုးအစားပဲ ဖြစ်ပါတယ်။

ကာကွယ်ဆေးအတွက် တစ်ယောက်လျှင် ( နှစ်ကြိမ်စာ) ကို ၉၀ဝဝဝ ကျပ် ဖြစ်ပြီး Booster ထိုးမည့်သူများ တစ်ကြိမ်စာ ၄၅၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ကြိုတင်ငွေလွဲ Booking စနစ်ဖြင့်သာ လက်ခံပြီးဖုန်းနံပါတ် - 09969897770, 09969897771 ကို ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့်နေ့မှာ မှတ်ပုံတင်မူရင်း (သို့မဟုတ်) Passport မူရင်း ယူဆောင်လာရပါမယ်။ COVID-19 ကာကွယ်ဆေးထိုးနှံပြီး တရားဝင် QR Code ပါရှိသော ဆေးထိုးပြီးကြောင်း လက်မှတ် ကိုလည်း ရယူနိုင်မှာပါ။

၂။ Ar Yu -International Hospital
ကာကွယ်ဆေးအမျိုးအစားမှာ "Corona Vac" Vaccine ဖြစ်ပါတယ်။ Corona Vac ဟာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ SINOVAC Biotech ဆေးဝါးကုမ္မဏီမှ ထုတ်လုပ်တဲ့ Covid-19 ကာကွယ်ဆေးဖြစ်ပြီး၊ ဆေးထိုးပြီးနောက် ဖြစ်ပွားသော နောက်ဆက်တွဲဆိုးကျိုးများကိုလည်း နည်းပါးစေတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အသက် (၁၂)နှစ်မှစတင်၍ အာယုအင်တာနေရှင်နယ်ဆေးရုံကြီးမှာ ထိုးနှံနိုင်ပါပြီ။ ကာကွယ်ဆေး တစ်ကြိမ်စာအတွက် ဈေးနှုန်းမှာ - ၄၂,၀၀၀ ကျပ် ကျသင့်မှာပဲဖြစ်ပါတယ်။ ကာကွယ်​ဆေးထိုးနှံ​ပေးမည့်ရက် - ဗုဒ္ဓဟူး​နေ့ မှ တနင်္ဂ​နွေ​နေ့အထိ နံနက် (၉)နာရီမှ ည​နေ (၃)နာရီအတွင်း ထိုးနိုင်ပါတယ်။အသေးစိတ် စုံစမ်းရန် နှင့် ကြိုတင် Booking ယူရန် ​အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။

(01) 9376 200၊ (01) 9376 201၊ (01) 9376 202၊ (01) 9376 206၊ (01) 9376 207၊ (01) 9376 208၊ (01) 9376 209
အမှတ် ၄၀၀၊ ကျိုက္ကဆံလမ်း(တာမွေဈေးဟောင်းမှတ်တိုင်)၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

၃ ။ Victoria Hospital (ဝိတိုရိယ)
Sinopharm COVID-19 Vaccine အတွက် တစ်ယောက်လျှင် ( တစ်ကြိမ်စာ) ကို ၄၀,ဝဝဝ ကျပ်နှင့် Sinopharm အတွက် အသက် 18 နှစ်မှ စတင်၍ ဘိုကင်တင်နိုင်ပါတယ်။ Sinovac COVID-19 Vaccine အတွက်ကတော့ တစ်ယောက်လျှင် ( တစ်ကြိမ်စာ) ကို ၄၂,၅ဝဝ ကျပ်ဖြင့် အသက် 12 နှစ်မှ စတင်၍ ဘိုကင်တင်နိုင်ပါတယ်။ Booking တင်ရန်အတွက် 09750358906 ၊ 09750358901 သို့ ဆက်သွယ်နိုင်ပါတယ်။


၄။ Sakura Hospital
ဆာကူရာဆေးရုံကြီး ထိုးပေးတာကတော့မလေးရှားနိုင်ငံမှ ထုတ်လုပ်သော Sinovac Covid-19 Vaccine (Vero Cell) အမျိုးအစားဖြစ်ပါတယ်။ ကာကွယ်ဆေးအား အကြိမ်ရေပြည့် (Full Dose) ထိုးနှံမည်ဆိုပါက (၇၉,၀၀၀) ကျပ် ကျသင့်မှာဖြစ်ပြီး ထပ်တိုးအကြိမ်ရေ (Booster Dose) ထိုးနှံမည်ဆိုပါက (၄၅,၀၀၀) ကျပ် ကျသင့်မှာပဲ ဖြစ်ပါတယ်။ ထိုးနှံလိုပါက 09 400979813 သို့ဆက်သွယ်၍ ဘိုကင်တင်ထားနိုင်ပါတယ်။

၅။ Grand Hantha International Hospital
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO မှ အသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထိုးနှံခွင့်ပြုထားတဲ့ Sinovac Covid-19 Vaccine (Vero Call) အမျိုးအစား၊ တရုတ်နိုင်ငံ Beijing Manufacturing ပဲဖြစ်ပါတယ်။ အသက် (၁၂) နှစ်အထက်မှ စပြီးထိုးနိုင်မှာဖြစ်ပြီး ကာကွယ်ဆေးအား (၄) ပတ်ခြား၍ နှစ်ကြိမ် ထိုးနှံရပါမယ် ။

နှစ်ကြိမ်စာ အတွက် (၉၀,၀၀၀) ကျပ် နှင့်တစ်ကြိမ်စာအတွက် (၄၅,၀၀၀) ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။ အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် စာရင်းပေးသွင်းရန်အတွက် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။

09-406664001၊ 01-2317617၊ 01-523000၊ 01-523111

၆ ။ Aung Yadana Hospital (အောင်ရတနာဆေးရုံ)
Covid-19 Vaccine ထိုးနှံခြင်းကို အသက် ၁၂နှစ်အထက်မှစ၍ ထိုးနိုင်ပြီး Sinovac Vaccine (Malaysia) - ၁ဦးလျှင် 80,000ကျပ် (နှစ်ကြိမ်စာ)၊ Sinovac Vaccine (Beijing) - ၁ဦးလျှင် 80,000 ကျပ် (နှစ်ကြိမ်စာ)၊ Sinopharm ၁ဦးလျှင် 90,000 ကျပ် (နှစ်ကြိမ်စာ) ဆေး ၂ ကြိမ် ထိုးနှံပြီးပါက QR Code ပါရှိသည့် Certificate ရရှိနိုင်မှာဖြစ်ပါတယ်။ 09-408097722 သို့ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။

၇။ Thukha Gabar Hospital (သုခကမ္ဘာ ဆေးရုံ)
သုခကမ္ဘာဆေးရုံမှာ အသက် (၁၂) နှစ် အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအနေနဲ့ Careme bot booking စနစ်မှအပြင် ဖုန်းနဲ့လည်းစာရင်းသွင်း ထိုးနှံနိုင်ပါပြီ။ ကာကွယ်ဆေးကို ၄ ပတ်ခြားပြီး ၂ ကြိမ် ထိုးနှံရမှာဖြစ်ပြီး Full Dose နှစ်ကြိမ်အတွက် ၈၅၀၀၀ ကျပ်နဲ့ Booster Dose တစ်ကြိမ် အတွက် ၄၅၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် ကြိုတင်စာရင်းပေးသွင်းရန် နေ့စဉ်မနက် ( ၈ ) နာရီမှညနေ ( ၅ ) နာရီ အထိ 09-404040850၊ 09-40404086 သို့ဆက်သွယ်နိုင်ပါပြီ။

၈။ Pun Hlaing Hospitals
Pan Hlaing ဆေးရုံတွင် Beijing Institute မှာ ကိုဗစ်ကာကွယ်ဆေး ထိုးမယ်ဆိုရင်တော့ Full Doses (1st & 2nd Dose) -62000 mmk၊ 3rd Dose (Booster Dose) - 31000 mmk ကျသင့်မှာဖြစ်ပြီး Vaccine Certificate ကိုလည်း ပန်းလှိုင်ဆေးရုံမှ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်စုံစမ်းမေးမြန်းရန် Pun Hlaing Hospitals FB page Messenger (သို့) Hotline: 01 23 99 222 (မနက်၈နာရီ မှ ညနေ၅နာရီအထိ) ဆက်လို့ရပါတယ်။

၉။ OSC Hospital
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ အသိအမှတ် ပြုထားပြီး မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသော ကာကွယ်ဆေးများ ဖြစ်တဲ့ Sinovac Vaccine ကို အသက် (၁၂) နှစ်မှ စတင်ထိုးနိုင်ပြီး Covexin Vaccine ကိုတော့ အသက် (၁၈) နှစ်မှ စတင် ထိုးနှံနိုင်ပါတယ်။ ဈေးနူန်းတွေကတော့ Sinovac Vaccine တစ်ကြိမ်စာ ကို 42,500 ks နှင့် Covexin Vaccine တစ်ကြိမ်စာ ကို 45,000 ks၊ Booster (တတိယအကြိမ်) ထိုးနှံလိုသူများအနေနဲ့ ယခင်ထိုးနှံထားသော Vaccination Certificate ဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါမည်။ အသေးစိတ်သိရှိလိုပါက Ph. 01- 4706622၊ 09-43208326 ကို တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

၁၀။ Chan Myae Myittar Hospital
ချမ်းမြေ့မေတ္တာ ဆေးရုံမှာတော့ Sinopharm Vaccine အတွက် တစ်ယောက်လျှင် နှစ်ကြိမ်စာကို (90,000), တစ်ကြိမ် (45,000) ကျပ် နှင့် Sinovac Vaccine အတွက် နှစ်ကြိမ်စာကို (80,000), တစ်ကြိမ် (40000)ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ 09-420123047၊ 09-696685770၊ 09-768199677၊ 056-21769, 056-22600၊ 056-21055 တို့မှ တဆင့် Booking တင်ထားနိုင်ပါတယ်။ အမှတ်(၅၃) ၊ ကျိုက်ခေါက်ဘုရားလမ်း ၊သောက်တော်တွင်းရပ်ကွက်၊ သန်လျင်မြို့ တွင် သွားရောက် ထိုးနိုင်ပါတယ်။

COVID-19 ကာကွယ်ဆေးထိုးပြီးနောက်
-လက်မောင်းနာခြင်း၊
- ဖျားခြင်း၊ ကိုယ်ပူခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ခေါင်း (သို့) ကြွက်သားများနာကျင်ခြင်း
- ဝမ်းပျက်ခြင်း စတဲ့အပျော့စားလက္ခဏာများကို ခံစားရခြင်းဟာ ပုံမှန်ဖြစ်တာကြောင့် ကြုံတွေ့ရနိုင်သော အပျော့စားလက္ခဏာများဟာ ရက်အနည်းငယ်အတွင်းမှာ အလိုအလျောက် ပျောက်ကွယ်သွားတတ်ပါတယ်။

ဒီလက္ခဏာတွေကို လူတိုင်းမခံစားရနိုင်ပေမယ့် စတင်ခံစားနေရပါက သင့်ခန္ဓာကိုယ်က ကိုဗစ်ရောဂါကို ကာကွယ်မှုစတင်နေပြီလို့ မှတ်ယူနိုင်ပါတယ်။ COVID-19 ရဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ခံစားမှုမှ မိမိကိုယ်ကို ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးနှံခွင့် ရတာနဲ့ ချက်ချင်းသွားရောက် ထိုးနှံသင့်ပါတယ်။

Published in Hospital Guide

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် သင်္ကြန်ပိတ်ရက်များအပြီး ဧပြီလဆန်းမှ စတင်ကာ ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှု ပြန်လည် မြင့်တက်လာပြီး ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့မှ မေလ ၂၃ ရက်နေ့အထိ တစ်လအတွင်း ကူးစက်ခံရသူ (၃,၈၃၉) ဦးထိ ရှိလာကြောင်း သိရသည်။

 

ရောဂါကူးစက်ခံရသူဦးရေ မြင့်တက်လာသကဲ့သို့ ကိုဗစ်ကြောင့် သေဆုံးသူသည်လည်း မေလ (၁၀) ရက်နေ့တွင် (၁) ဦးနှင့် မေလ (၁၃) ရက်နေ့တွင် (၁) ဦး စုစုပေါင်း (၂) ဦး ရှိလာပြီ ဖြစ်သည်။

 

ကိုဗစ်ရောဂါ စတင် ဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ်မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၄၀၇,၈၀၉) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၅,၄၅၂) ဦး ရှိကာ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၉၉၈) ဦး ရှိသည်ဟု ထုတ်ပြန် ကြေညာထားသည်။ 

 

လက်ရှိ ရောဂါကူးစက်မှုများ ပြန်လည် ဖြစ်ပွားနေချိန်တွင် ကိုဗစ်ရောဂါဖြင့် (၂) ဦး ထပ်မံ သေဆုံးသွားသည့်အတွက် ယနေ့အထိ သေဆုံးသူ အရေအတွက်မှာ စုစုပေါင်း (၁၉,၄၉၂) ဦး ရှိပြီ ဖြစ်သည်။

 

နေ့အလိုက် ကူးစက်လူနာစာရင်း

  •  ဧပြီလ ၂၂ - ၂၃ ရက်အထိ (၄၅) ဦး
  • ဧပြီလ ၂၃ - ၂၄ ရက်အထိ (၅၁) ဦး
  • ဧပြီလ ၂၄ - ၂၅ ရက်အထိ (၇၁) ဦး
  • ဧပြီလ ၂၅ - ၂၆ ရက်အထိ (၆၈) ဦး
  • ဧပြီလ ၂၆ - ၂၇ ရက်အထိ (၆၀) ဦး
  • ဧပြီလ ၂၈ - ၂၉ ရက်အထိ (၁၃၀) ဦး
  • ဧပြီလ ၂၉ - ၃၀ ရက်အထိ (၇၁) ဦး
  • ဧပြီလ ၃၀ - မေလ ၁ ရက်အထိ (၁၀၆) ဦး

 

  • မေလ ၁ - ၂ ရက်အထိ (၁၁၉) ဦး
  • မေလ ၂ - ၃ ရက်အထိ (၁၅၅) ဦး
  • မေလ ၃ - ၄ ရက်အထိ (၁၉၅) ဦး
  • မေလ ၄ - ၅ ရက်အထိ (၂၀၈) ဦး
  • မေလ ၅ - ၆ ရက်အထိ (၂၂၂) ဦး
  • မေလ ၆ - ၇ ရက်အထိ (၁၄၉) ဦး
  • မေလ ၇ - ၈ ရက်အထိ (၁၄၆) ဦး
  • မေလ ၈ - ၉ ရက်အထိ (၂၁၁) ဦး
  • မေလ ၉ - ၁၀ ရက်အထိ (၂၅၄) ဦး
  • မေလ ၁၀ - ၁၁ ရက်အထိ (၁၆၈) ဦး

 

  • မေလ ၁၁ - ၁၂ ရက်အထိ (၁၅၇) ဦး
  • မေလ ၁၂ - ၁၃ ရက်အထိ (၁၃၆) ဦး
  • မေလ ၁၃ - ၁၄ ရက်အထိ (၁၄၆) ဦး
  • မေလ ၁၄ - ၁၅ ရက်အထိ (၇၂) ဦး
  • မေလ ၁၅ - ၁၆ ရက်အထိ (၁၆၂) ဦး
  • မေလ ၁၆ - ၁၇ ရက်အထိ (၁၃၉) ဦး
  • မေလ ၁၇ - ၁၈ ရက်အထိ (၁၁၃) ဦး
  • မေလ ၁၈ - ၁၉ ရက်အထိ (၁၂၀) ဦး
  • မေလ ၁၉ - ၂၀ ရက်အထိ (၉၉) ဦး
  • မေလ ၂၀ - ၂၁ ရက်အထိ (၈၀) ဦး
  •  မေလ ၂၁ - ၂၂ ရက်အထိ (၈၂) ဦး
  • မေလ ၂၂ - ၂၃ ရက်အထိ (၁၀၄) ဦး

 

Ye Optical 1

Advertisement

Click Here > Ye' Optical

 

ယခုအချိန်အထိ လေ့လာ ဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှု မြင့်မားခြင်း မရှိပေ။ 

 

ရောဂါကုသမှုတွင်လည်း လက်ရှိ အသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ပြီး ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှု ရှိသည်ဟု ဆိုသည်။ 

 

ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုများကို လျှော့ချနိုင်သဖြင့် ကာကွယ်ဆေး ထိုးနှံထားပါက ကြိုတင် ကာကွယ်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး သတိပေးချက်များ

  • အသက် (၅) နှစ်နှင့်အထက် ပြည်သူများ အားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံ ပေးလျက်ရှိသော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  အကြိမ်ပြည့်ထိုးနှံခြင်းနှင့်  ကာကွယ်ဆေးထိုးနှံပြီး (၆) လ ပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက်မကွက် ခံယူကြရန်
  • အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ ရှိနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊
  • အလုံပိတ်အခန်း၌ လူတစ်ဦးထက်ပို၍ ရှိနေစဉ် လေဝင်/လေထွက် ကောင်းမွန်စေရေးအတွက် ဖြစ်နိုင်ပါက ပြတင်းပေါက်များအား ဖွင့်ထားရန်၊ 
  • လက်ကို ဆပ်ပြာ၊ ရေ (သို့မဟုတ်) အယ်လ်ကိုဟော ( အနည်းဆုံး ၆၀ ရာခိုင်နှုန်း ) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောရန်၊
  • လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရန်၊
  • တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊
  • ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ ချောင်းဆိုး၊ နှာချေခြင်းစသည့် တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းများကို ဆက်လက် လိုက်နာကြပါရန်
Published in Wuhan Virus

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဧပြီလ (၂၂) ရက်နေ့မှ ယခု မေလ (၄) ရက်နေ့အထိ (၁၃) ရက်တာ ကာလတွင် ပြည်တွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၁,၀၇၁) ဦးထိ ရှိလာကြောင်း သိရသည်။

 

ကူးစက်လူနာ စာရင်းကို နေ့အလိုက် အောက်တွင် ဖော်ပြထားသည်။ ယနေ့ မေလ (၈) ရက်နေ့ ရောက်ပြီ ဖြစ်သော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ မေလ (၄) ရက်နေ့အထိသာ ထုတ်ပြန် ကြေညာထားသေးသည်။ ယင်းရက်များပါ ထည့်သွင်း ဖော်ပြပါက ကူးစက်ခံရသူ အရေအတွက်သည် လက်ရှိထက် ပိုများနိုင်သည်။

 

နေ့အလိုက် ကူးစက်လူနာစာရင်း

  • ဧပြီလ ၂၂ - ၂၃ ရက်အထိ (၄၅) ဦး
  • ဧပြီလ ၂၃ - ၂၄ ရက်အထိ (၅၁) ဦး
  • ဧပြီလ ၂၄ - ၂၅ ရက်အထိ (၇၁) ဦး
  • ဧပြီလ ၂၅ - ၂၆ ရက်အထိ (၆၈) ဦး
  • ဧပြီလ ၂၆ - ၂၇ ရက်အထိ (၆၀) ဦး
  • ဧပြီလ ၂၈ - ၂၉ ရက်အထိ (၁၃၀) ဦး
  • ဧပြီလ ၂၉ - ၃၀ ရက်အထိ (၇၁) ဦး
  • ဧပြီလ ၃၀ - မေလ ၁ ရက်အထိ (၁၀၆) ဦး
  • မေလ ၁ - ၂ ရက်အထိ (၁၁၉) ဦး
  • မေလ ၂ - ၃ ရက်အထိ (၁၅၅) ဦး
  • မေလ ၃ - ၄ ရက်အထိ (၁၉၅) ဦး

 

၂၀၂၀ ခုနှစ်မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၄၀၇,၈၀၉) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၅,၄၅၂) ဦး ရှိကာ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၉၉၈) ဦး ရှိသည်ဟု ထုတ်ပြန် ကြေညာထားသည်။ 

GK Genera

Advertisement

Click Here > GK General Trading

 

ယခုအချိန်အထိ လေ့လာဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှု မြင့်မားခြင်း မရှိပေ။ 

 

ထို့ကြောင့် လက်ရှိ ရောဂါကူးစက်မှုများ ပြန်လည် ဖြစ်ပွားချိန်တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသည့်အတွက် ယနေ့အထိ သေဆုံးသူ အရေအတွက်မှာမူ ယခင်အတိုင်း (၁၉,၄၉၀) ဦးပင် ဖြစ်သည်။

 

ရောဂါကုသမှုတွင်လည်း လက်ရှိ အသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ပြီး ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှု ရှိသည်ဟု ဆိုသည်။ 

 

ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုများကို လျှော့ချနိုင်သဖြင့် ကာကွယ်ဆေး ထိုးနှံထားပါက ကြိုတင် ကာကွယ်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

Published in Wuhan Virus

အများအားဖြင့် Covid 19 လက္ခဏာတွေမှာ ဖျားခြင်း၊ချောင်းခြောက်ဆိုးခြင်း၊လည်ပင်းနာ၊ခေါင်းကိုက်ခြင်း၊ အန့ံ့အရသာပျောက်ခြင်း၊မောပန်းခြင်း၊ကိုယ်လက်တွေနာကျင်ခြင်း စတာတွေက တွေ့ရများတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

Published in Wuhan Virus

COVID-19 ရောဂါက မပေါ့ဆသင့်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းတဲ့ ပိုထိရောက်တာကြောင့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားတာဟာ ကိုယ့်အတွက်လည်းကောင်းသလို ကိုယ့်မိသားစုနဲ့ ပတ်ဝန်းကျင်အတွက်လည်း ကောင်းပါတယ်။

တစ်ခုရှိတာက ရာသီအကူးအပြောင်းကြောင့် ဖြစ်တတ်တဲ့ တုတ်ကွေးရောဂါလက္ခဏာတွေကိုလည်း သိထားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အားပျော့လာတဲ့ COVID-19 ရောဂါဟာ တဖြည်းဖြည်း တုတ်ကွေးနဲ့တူလာလို့ပဲ ဖြစ်ပါတယ်။

ရာသီတုပ်ကွေးရောဂါက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အသက်အရွယ်အုပ်စုအားလုံးမှာ ဖြစ်ပွားနိုင်ပါတယ်။ ရာသီတုကွေးရောဂါက ချောင်းဆိုးရာမှ ထွက်လာတဲ့ အမှုန်အစက်တွေကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်ပါတယ်။ ရာသီတုတ်ကွေးရဲ့ အတွေ့များတတ်တဲ့ ‌ရောဂါလက္ခဏာတွေကတော့ ...

အဖျားကြီးခြင်း
ချောင်းခြောက်ဆိုးခြင်း
လည်ချောင်းနာခြင်း
ခေါင်းကိုက်ခြင်း
ကိုယ်လက်ကိုက်ခဲခြင်း
ကြွက်သားတွေနာကျင်ခြင်း စတာတွေဟာ ရာသီတုပ်ကွေးရဲ့ အဖြစ်များတဲ့ လက္ခဏာတွေဖြစ်ပါတယ်။

ဒါပေမယ့် ရာသီတုပ်ကွေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းက ရောဂါဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်တဲ့အပြင် ရောဂါကူးစက်ခံရရင်လည်း ရောဂါပြင်းထန်မှုကို လျော့ချပေးနိုင်ပါတယ်။ ဒီလိုပါပဲ အိုမီခရွန်ကလည်း ကြိုတင်ကာကွယ်လို့ရတဲ့ ကူးစက်ရောဂါတစ်မျိုးပါပဲ။ သူ့ရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ...

အိုမီခရွန်ရဲ့ ပထမအမျိုးအစား/အပျော့စားလက္ခဏာက ဖျားမယ်၊ ချောင်းဆိုးမယ်၊ ကိုယ်လက်မအီမသာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီဟာက ဆရာဝန်နဲ့တိုင်ပင်ပြီး အိမ်မှာပဲ ​ဆေး​သောက်လို့ရနိုင်ပါတယ်။

ဒုတိယအမျိုးအစား/အလယ်အလတ်လက္ခဏာ ကတော့ မျက်စေ့နာမယ်၊ လည်ချောင်းနာမယ်၊ ခေါင်းကိုက်ပါမယ်။ နီးစပ်ရာကျန်းမာ​ရေးဌာန​တွေ၊ ဆရာဝန်တွေကိုပြသဖို့လိုအပ်ပြီး သူတို့ညွန့်ကြားတဲ့​ဆေး​တွေ​ သောက်လို့ရပါသေးတယ်။

တတိယအမျိုးအစား/အပြင်းစားလက္ခဏာက အသက်ရှူရခက်မယ်၊ မောမယ်၊ တစ်ကိုယ်လုံးအသားတွေ အကျောတွေအထိ နာနေမယ်၊ စကားမပြောနိုင်တဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ အိုမီခရွန်ရဲ့ နောက်ဆုံးလက္ခဏာ အပြင်းစားဖြစ်ပြီဆိုရင်တော့ နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးတက်ရောက်ကုသမှု ခံယူရပါမယ်။ သက်ကြီးရွယ်အိုနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေဆိုရင်တော့ ပထမအမျိုးအစားနဲ့ ဒုတိယအမျိုးအစားမှာတင် အောက်စီဂျင်ကျနိုင်ပါတယ်။

COVID မျိုးကွဲသစ် အိုမီခရွန်က အရင်ကိုဗစ်ရောဂါလို လက္ခဏာရပ်တွေ ဖြစ်နိုင်ခြေနည်းပါတယ်။ အိုမီခရွန်ရောဂါခံစားနေရတဲ့ လူနာတွေက အနံ့ပျောက်တာ၊ အရသာပျောက်တာလို လက္ခဏာတွေမပြတဲ့အပြင် ကူးစက်ခံထားရတဲ့ အိုမီခရွန်လူနာတွေကြားမှာ နှာပိတ်တာ၊ ကိုယ်အပူချိန်ပြင်းတာမျိုးတွေလည်း မရှိဘူးလို့ သိရပါတယ်။

COVID မျိုးကွဲသစ် အိုမီခရွန်က သာမန်အအေးမိတာမျိုးလို လက္ခဏာရပ်တွေ ဖြစ်ပေါ်စေပါတယ်။ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ၊ နှာစေးတာ၊ ပင်ပန်းနွမ်းလျတာနဲ့ မကြာခဏနှာချေတာတွေက တုပ်ကွေး (သို့) အအေးမိတဲ့အခါ ခံစားရပါတယ်။ ဒါ့ကြောင့် ရာသီတုပ်ကွေးနဲ့ COVID မျိုးကွဲသစ် အိုမီခရွန်က လက္ခဏာခြင်းဆင်တူနေတာကြောင့် သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။

Published in Wuhan Virus

သောကြာနေ့ နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သေ ာပြည်သူ့ကျန်းမာရေးအေဂျင်စီ၏ အချက်အလက်များအရ ကနေဒါနိုင်ငံသည် မတ်လ ၁၅ ရက်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ၂၄ နာရီအတွင်း COVID-19 သေဆုံးမှုလုံးဝမရှိကြောင်း ကနေဒါနိုင်ငံ၏ အစီရင်ခံစာများအရ သိရပါတယ်။

Published in Wuhan Virus

အမေရိကန်ပြည်ထောင်စုဟာကမ္ဘာ့နိုင်ငံ အသီးသီးမှာ အမြဲ ဦးမော့ခေါင်းထောင်နေတဲ့ အင်အားကြီး နိုင်ငံ တစ်ခုဖြစ်ခဲ့တာပါ အခုလို ကိုဗစ်ဖြစ်တဲ့ အခါမှာ အထိနာခဲ့ရတာလည်း အမေရိကန် ကအများဆုံးလို့ဆိုရပေမယ်။

Published in Wuhan Virus

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဧပြီလ (၂၂) ရက်နေ့မှ ယမန့်နေ့ မေလ (၁) ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၆၀၂) ဦးထိ ရှိလာကြောင်း သိရသည်။

၂၀၂၀ ခုနှစ်မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၃၃၁,၇၀၂) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၄,၅၉၉) ဦး ရှိကာ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၇၅၂) ဦး ရှိသည်ဟု ထုတ်ပြန် ကြေညာထားသည်။

လက်ရှိ ရောဂါကူးစက်မှုများ ပြန်လည် ဖြစ်ပွားချိန်တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသည့်အတွက် ယနေ့အထိ သေဆုံးသူ အရေအတွက်မှာမူ ယခင်အတိုင်း (၁၉,၄၉၀) ဦးပင် ဖြစ်သည်။

နေ့အလိုက် ကူးစက်လူနာစာရင်း

  • ဧပြီလ ၂၂ - ၂၃ ရက်အထိ (၄၅) ဦး
    ဧပြီလ ၂၃ - ၂၄ ရက်အထိ (၅၁) ဦး
    ဧပြီလ ၂၄ - ၂၅ ရက်အထိ (၇၁) ဦး
    ဧပြီလ ၂၅ - ၂၆ ရက်အထိ (၆၈) ဦး
    ဧပြီလ ၂၆ - ၂၇ ရက်အထိ (၆၀) ဦး
    ဧပြီလ ၂၈ - ၂၉ ရက်အထိ (၁၃၀) ဦး
    ဧပြီလ ၂၉ - ၃၀ ရက်အထိ (၇၁) ဦး
    ဧပြီလ ၃၀ - မေလ ၁ ရက်အထိ (၁၀၆) ဦး

DM Trading

Advertisement
Click Here > DM Trading

 

ယခုအချိန်အထိ လေ့လာဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှု မြင့်မားခြင်း မရှိပေ။

ကုသမှုတွင်လည်း လက်ရှိအသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ပြီး ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှု ရှိသည်ဟု ဆိုသည်။

ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ရောဂါကူးစက်မှုကို ကာကွယ်ဆေးထိုးနှံထားပါက ကြိုတင် ကာကွယ်ထားနိုင်မည် ဖြစ်သည်။

Published in Diseases