What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 July 2020 15:00

ကိုဗစ်ဖြစ်ပွားမှု့နှင့် အမေရိကန်ရဲ့ အမှောင်လွှမ်းမှု့

အမေရိကန်ပြည်ထောင်စုဟာကမ္ဘာ့နိုင်ငံ အသီးသီးမှာ အမြဲ ဦးမော့ခေါင်းထောင်နေတဲ့ အင်အားကြီး နိုင်ငံ တစ်ခုဖြစ်ခဲ့တာပါ အခုလို ကိုဗစ်ဖြစ်တဲ့ အခါမှာ အထိနာခဲ့ရတာလည်း အမေရိကန် ကအများဆုံးလို့ဆိုရပေမယ်။

 

အမေရိကန်မှာ လူပေါင်း ၁၂၅၀၀၀ ကျော်ထက်မနည်း ကိုဗစ်ကြောင့် သေဆုံးခဲ့ရပြီး အမေရိကန် လူမျိုးတွေရဲ့ ၂ . ၅ မီလီယံက ကိုဗစ်ရဲ့ ဒဏ်ကို ခံစားရကာ ရောဂါကူးစက်ခံခဲ့ရတယ်သိရပါတယ်။ထိုအချင်းအရာ ဟာ အမေရိကန်တွေရဲ့ နေ့စဉ်ဘဝကိုအဆိုးရွားဆုံး အထိခိုက်ဆုံး ဖြစ်ပြီး ကိုဗစ်အား ရာစုနှစ်တစ်ခုလုံးမှာ အဆိုးရွားဆုံးကပ်ရောဂါတစ်ခုအဖြစ် အမေရိကန်များ မှတ်တမ်းတင်ခဲ့ကြတယ်သိရပါတယ်။

 

ပိတ်ပင်တားမြစ်တဲ့ အရာတွေကို ပြန်လည် လည်ပတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ ကိုဗစ်က ပြန်အစပျိုးလာချင်တယ်သိရပါတယ်။ယခုလိုအချိန်မှာ အလူးအလဲ အခံရဆုံးကတော့ အမေရိကန်ရဲ့ လူငယ်ပိုင်းလေးတွေပေါ့ သူတို့အနေနဲ့ ရှောင်လွဲမရပဲ မချိမဆန့် ဒဏ်ခံကြရတယ်။

 

ယခုပြသမဲ့ ဇယားကတော့ Johns Hopkins University မှ အတည်ပြုထားတဲ့ ကိုရိုနာနှင့် ကမ္ဘာ့နိုင်ငံ အသီးသီး အခြေအနေပဲဖြစ်ပါတယ်။အမေရိကန်မှာ ဘယ်လောက် အသေအပျောက်များသလဲဆို သူတို့ဟာ ကမ္ဘာ့ကိုဗစ်ကြောင့် သေလူသေဆုံးမှု့ ဇယားမှာ နံပါတ် ၁ ( ပထမ ) ဖြစ်ပြီး ဒုတိယ သေဆုံးမှု့ အများဆုံးနိုင်ငံ ဘရာဇီး နိုင်ငံ ထက် ၂ ဆ ပိုများနေတယ်သိရပါတယ်။

 

ထိုသို့ ပိုများနေတာလည်း မဆိုထားနှင့် ၎င်းတိုင်းပြည်နှစ်ခုလုံးရဲ့ ခေါင်းဆောင်တွေကအစ ပေါ့ပျက်ပျက် နိုင်ပါတယ်။အမေရိကန် ရဲ့ သမ္မတဖြစ်သူ ဒေါ်နယ် ထရန့် ကိုယ်တိုင်က လူကြားသွား ပါက နှာခေါင်းစည်းတပ်ဖို့ အလေးအထားတာကြောင့်ပါ။ဒါ့ဟာ ပြည်သူတွေရဲ့ အလေးမထားမှုနှင့်လည်းသက်ဆိုင်ပါတယ်။

 

သည့်အတူ ဘရာဇီးနိုင်ငံရဲ့ သမ္မတ သည်လည်း ကိုဗစ်လို ကြောက်မက်ဖွယ်ရောဂါမျိုးကို သာမန် အဖျားလေးဆိုကာ သတ်မှတ်ထားပြီး စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ပိတ်သိမ်းရခြင်းဟာ ကမ္ဘာ့ကပ်ရောဂါထက်ပိုပြီး တိုင်းပြည်အတွက်ဆိုးစေတယ်ဆိုကာ ခံယူထားပုံရပါတယ်။

 

အမေရိကန်ဟာ ကမ္ဘာ့ လူဦးရေ စာရင်းမှာ ၄ ရာခိုင်နှုန်းပဲရှိပြီး ကိုရိုနာ ဗိုင်းရစ်ဖြစ်ပွားရာမှာတော့ ၂၅ ရာခိုင်နှုန်းရှိရတဲ့ အကြောင်းကတော့ ရှင်းပါတယ် ၎င်းတို့ရဲ့ နိုင်ငံ ခေါင်းဆောင်ဖြစ်တဲ့ Trump ဟာ ဖေဖော်ဝါရီလလောက်ထဲကပြင်ဆင်မှု့တွေ ပြုလုပ်လို့ရတာကို အနည်းငယ်ပေါ့ခဲ့လို့ပါ။သည့် ရောဂါစစ်ဆေးတာတွေနောက်ကျတယ် ဒါတွေကြောင့်သာ ဆိုရပေမယ်။

 

Johns Hopkins University ရဲ့ အတည်ပြုချက်အရ ယခုဆိုရင်တော့ အမေရိကန်မှာ တစ်နေ့ကို လူ တစ်ထောင်ကျော်လောက်မေလ လောက်ကတည်းက ကိုဗစ်ကြောင့်သေဆုံးနေတယ်သိရပါတယ်။သေဆုံးသူ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အသက် ၆၅ အထက်တွေများပါတယ်။သေဆုံးသူ ၃ ရာခိုင်နှုန်းက လူငယ်ပိုင်း အသက် ၄၀ အောက်တွေထဲကဖြစ်ပါတယ်။ရောက်ဂါကူးစက်တဲ့ အခါမှာတော့ တက်ဆက်ချ် ပြည်နယ်ကနေ ဖလော်ရီဒါမှာဆို အသက် ၁၈ နှစ်နဲ့ အသက် ၂၉ နှစ်ကြားလူငယ်တွေရောဂါအကူးများတယ်သိရပါတယ်။

 

ပထမ ကမ္ဘာစစ်က ဗိယက်နမ် , ကိုရီးယား , အီရက် နှင့် အာဖဂန်နစ်စတန်တို့မှာ စစ်ပွဲဖြစ်ရင်းအမေရိကန်တွေ သေဆုံးရတာထက် ယခု ကိုဗစ်ဖြစ်လို့သေဆုံးတာက ပိုများနေတာတွေ့ရပါတယ်။ဗီယက်နမ် နဲ့ စစ်ပွဲမှာ အမေရိကန် ၅၈၀၀၀ လောက်သေဆုံးခဲ့ပါတယ်၊ကိုရီးယား နဲ့ စစ်ပွဲမှာ အမေရိကန် ၃၇၀၀၀ လောက်သေဆုံးခဲ့ပါတယ်၊ အီရပ်နဲ့ စစ်ပွဲမှာ အမေရိကန် လေးထောင်ကျော်လောက်သေဆုံးခဲ့ပါတယ်။အာဖဂန်နစ်စတန်နဲ့ စစ်ပွဲမှာကျတော့ လူနှစ်ထောင်ကျော်သေဆုံးခဲ့ဖူးပါတယ်။ဒါဟာကိုဗစ်ကြောင့် သေဆုံးမှု့ နှင့် နှိုင်းယှဉ်ပါက အတော်လေး နည်းပါးပါတယ်။

 

Kaiser မိသားစု ဖောင် ဒေးရှင်းက အမေရိကန်ရဲ့ ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အိုများသေဆုံးမှု့က ၄၂ ရာခိုင်နှုန်းရှိပြီး ပြည်နယ် လေးဆယ့်တစ်ခုမှဘိုးဘွားရိပ်သာတွေမှ လူဦးရေ ၅၂၄၂၈ ဦးသေဆုံးခဲ့တယ်သိရပါတယ်။လူမည်းအမေရိကန်တွေရဲ့ ကိုဗစ်ကြောင့် သေဆုံးမှု့မှာ လူဖြူအမေရိကန်များထက် ၂ ဆပိုများနေတယ်သိရပါတယ်။

 

၄၇ မီလီယံလောက် အမေရိကန်တွေဟာ အလုပ်လက်မဲ့ဖြစ်သွားကြပါတယ်။တချို့အမေရိကန်တွေကတော့ ရုံးတွေပြန်ဖွင့်တဲ့ ဇွန်လမှာ အလုပ်ပြန်လည်ရရှိခဲ့ပေမယ့် တချို့အမေရိကန်တွေကတော့ အလုပ်လက်မဲ့ အနေအထားမှာပဲရှိသေးတယ်သိရပါတယ်။ယခု အမေရိကန်ရဲ့ စီးပွားရေး ကျတဲ့ အနေအထားဟာ ယခင် ၂၀၀၈ ခုနှစ်တုန်းက ကမ္ဘာ့ စီးပွားရေးကျ နလန် မထူတဲ့ အနေအထား ထက်ကိုပင်ဆိုးနေတယ်သိရပါတယ်။

 

Ref : CNN 

Read times
Rate this item
(0 votes)