What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 11 January 2019 16:17

အကုန်အကျလဲ သက်သာမယ်။ ၀ိတ်လဲကျမယ်။

အကုန်အကျလဲ သက်သာမယ်။ ၀ိတ်လဲကျမယ်။ google

အရမ်းဝတဲ့ ခန္ဓာကိုယ် အတွက် ၁၀ ရက်အတွင်းမှာ ၂၂ ပေါင်ကျစေပါသည်။

အနည်းငယ်သာဝတဲ့သူဆိုရင် ၁၀ပေါင်နီးပါကျပါတယ်

တစ်ရက်ကို ၁၅ မိနစ်၊ မနစ် ၂၀ လမ်းလျှောက်ပေးရုံပါပဲ။

ဒီ Diet Plan ကိုလုပ်မယ်ဆိုရင် သကြားနဲ့ ဆားလုံးဝမစားရပါဘူး။ အချိုရည်လည်းလုံးဝမသောက်ရပါဘူး။

အရည်သောက်မယ်ဆိုရင် သံပုရာရည်ပဲသောက်ရပါမယ်။ သံပုရာရည်တောင်မှ ရေထဲမှာ သံပုရာသီးညှစ်ထည့်ပြီး တစ်ရက်ကို တစ်လီတာကနေ နှစ်လီတာလောက်ထိသောက်ပေးရပါမယ်။

သံပုရာရည်သောက်ခြင်းက လူ့ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အငွေ့နဲ့ အဆီတွေကို လျော့စေပါတယ်။

ထို့ကြောင့် သံပုရာရည်များများသောက်ပေးပါ။

အခုပြောပြမဲ့ diet plan ကမနက်အိပ်ယာထထခြင်း ကြက်ဥသုံးလုံးကို ပြုတ်ပြီး ဒီတိုင်းစားရပါမယ်။

နေ့လည်စာကိုလည်း ကြက်ဥသုံးလုံးကို ပြုတ်ပြီးတော့မှ စားရပါမယ်။ ပြီးရင် မိမိကြိုက်နှစ်သက်တဲ့ အသီးအနှံတမျိုးမျိုးကို စားပေးရပါမယ်။

နေ့လည်စားစားပြီး ညစာမစားခင်မှာ ဗိုက်ဆာပါက ဌက်ပျောသီး သို့မဟုတ် တခြားအသီးတမျိုးမျိုးစားနိုင်ပါတယ်။

ညစာကိုတော့ Oatmeal စားပါ။

Oatmeal ကိုမှ ပန်းကန်ထဲထည့်ပြီး နွားနို့်ထည့်ပြီး အနည်းငယ်ချက်ပေးရမယ်။

ထို oatmeal ထဲမှာ ပန်းသီးဖြစ်ဖြစ်၊ ဌက်ပျောသီးပဲဖြစ်ဖြစ်ထည့်လို့ရပါတယ်။

နောက်ဆုံး oatmeal နယ်မှာဝယ်လို့မရဘူးဆိုရင် Oatmeal အစား အသီးအရွက်ကိုပြုတ်ပြီးမှ စားလို့ရပါတယ်။

Diet Plan လုပ်နေတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်သွားခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။

ဒီ Diet Plan ကို အများဆုံး ၁၅ ရက်လောက်သာလုပ်သင့်ပါတယ်။ ရေရှည်ဆိုရင်ကျန်းမာရေးထိခိုက်နိုင်လို့ပါ။

ဒီ plan လုပ်တဲ့တပတ်အတွင်းမှာ သိသိသာဝိတ်ကျလာတာကိုတွေ့နိုင်ပါတယ်။

Source: paragoniaplus

Related Items:ဘွန်စွန်းစိမ်းပြာရေညှိကို မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်

Read times
Rate this item
(1 Vote)